ကမ်းလှမ်းမှုမျိုး ရှိလာခဲ့ရင် လက်ခံပြီး သူ့နေရာမှာ ဘယ်ကစားသမား အစားထိုးသင့်လဲ ဆိုတာ ပြောပြလိုက်တဲ့ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဂါဘရီရယ် အဘွန်လဟောက လီဗာပူးလ် အသင်းအနေနဲ့ မိုဟာမက် ဆာလာကို ယူရိုသန်း၄၀ ဝန်းကျင်နဲ့ ရောင်းချပြီး၊ ဒီငွေကြေးနဲ့ သူ့နေရာမှာ အစားထိုးဖို့ လိဒ်စ်ယူနိုက်တက် ကစားသမား ရာဖင်ဟာကို ခေါ်ယူ အားဖြည့် သင့်တယ်လို့ ပြောလိုက်ပါတယ်။ ဆာလာရဲ့ လက်ရှိ စာချုပ်ဟာ ၂၀၂၃ခုနှစ် ဇူလိုင်လမှာ ကုန်ဆုံးမှာ ဖြစ်တာကြောင့် စာချုပ်သက်တမ်း တနှစ်ကျော်သာ ကျန်ရှိပါတော့တယ်။

မာဆေးဆိုဒ် ကလပ်အနေနဲ့ သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေခဲ့ရင် လာမယ့်နှစ်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမှာပါ။ တချိန်တည်းမှာပဲ အန်းဖီးလ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေတာက လိဒ်စ်ယူနိုက်တက် တိုက်စစ်မှူး ရာဖင်ဟာ ဖြစ်ပြီး၊ ဒီဘရာဇီးလ်သားဟာ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ခုနှစ် ဘောလုံးရာသီက သူ့ရဲ့ ပွဲဦးထွက် ဘောလုံးရာသီမှာ အံ့အားသင့်စရာ ခြေစွမ်းမျိုး ပြသခဲ့ပါတယ်။ ရာဖင်ဟာရဲ့ လိဒ်စ်ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရုန်းကန်ခဲ့ရပေမယ့် ဒီကစားသမားကတော့ ခြေစွမ်းပြခဲ့ပြီး၊ အသင်းအတွက် ၁၁ဂိုးသွင်းယူကာ ၃ဂိုးဖန်တီး ပေးနိုင်ခဲ့တာ တွေ့ရပါတယ်။

ဒါ့ကြောင့် အဆိုပါ ဘရာဇီးလ်သား တိုက်စစ်မှူးဟာ လီဗာပူးလ် အသင်းမှာ အံဝင်အောင် ကစားနိုင်တဲ့ ကစားသမား မှတ်တမ်းမျိုး ရှိနေတယ်လို့ ယုံကြည်ကြောင်း အဘွန်လဟောက အင်တာဗျူး အစီအစဉ် တခုမှာ အခုလို ပြောခဲ့ပါတယ်။ “ရာဖင်ဟာက လီဗာပူးလ် အသင်းအတွက် ကစားသမားကောင်း တယောက် ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက ညာခြမ်းတိုက်စစ်မှာ ပိုကောင်းအောင် ကစားနိုင်သူ ဖြစ်ပြီး၊ လက်ရှိ လီဗာပူးလ် အသင်းမှာ ဆာလာက အဲဒီနေရာ ကစားနေပါတယ်။”

“အဲဒါကြောင့် သူတို့ အနေနဲ့ ဆာလာကို ရောင်းချသင့်တယ်လို့ စဉ်းစားရမှာ ဖြစ်ပြီး၊ စာချုပ်သက်တမ်း တနှစ်လောက်ပဲ ကျန်တော့တဲ့ ဒီကစားသမားကို ရောင်းချခြင်းကနေ သူတို့ ပေါင်သန်း၃၀၊ ဒါမှမဟုတ် ပေါင်သန်း၄၀လောက် ရနိုင်ပါသေးတယ်။ လက်ရှိအချိန်မှာ ရာဖင်ဟာကို ခေါ်ယူချင်တဲ့ ထိပ်တန်းအသင်း ကျွန်တော် မတွေ့မိသေးပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ သူ့ကို ထိပ်တန်း အဆင့်မှာ ကစားနိုင်သူလို့ သတ်မှတ်ထားပါတယ်။”

“သူက လီဗာပူးလ် အသင်းအတွက် ပြီးပြည့်စုံတဲ့ ခေါ်ယူမှုတခု ဖြစ်လာနိုင်ပေမယ့်၊ လိဒ်စ်ယူနိုက်တက် အသင်းက သူတို့ရဲ့ ကစားသမားကို ရောင်းချင်မလားလို့ စဉ်းစားရဦးမှာပါ။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရာဖင်ဟာသာ မရှိခဲ့ရင် သူတို့ရဲ့ ရပ်တည်မှုက အခုထက်ပိုပြီး နိမ့်ကျသွားနိုင်ပါတယ်။” လီဗာပူးလ် အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေသေးတဲ့ အသက် ၃၀အရွယ် ဆာလာဟာ သူ့ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်ထိ အန်းဖီးလ်မှာပဲ ဆက်ရှိသွားဖို့ ရည်ရွယ်ထားကြောင်း အရှင်းလင်းဆုံး ဖွင့်ဟခဲ့ပါတယ်။

ဒါပေမယ့် ဒီနွေရာသီမှာ သူ့အတွက် ကြီးမားတဲ့ ကမ်းလှမ်းမှုမျိုး ရှိလာဦးမလား စောင့်ကြည့်ရဦးမှာ ဖြစ်ပြီး၊ လီဗာပူးလ် အသင်းရဲ့ နောက်ထပ် တိုက်စစ်မှူး တဦးဖြစ်တဲ့ ဆာဒီယို မာနေးဟာ ဒီနွေရာသီမှာ အန်းဖီးလ်ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လီဗာပူးလ် အသင်းအနေနဲ့ ဆာလာကိုပါ ထွက်ခွာခွင့်ပေးပြီး အသင်းရဲ့ တိုက်စစ်ကို ပြန်လည် တည်ဆောက်ဖို့ ဆန္ဒရှိမယ် မထင်ပါဘူး။ ဒါ့အပြင် နည်းပြ ဂျာဂန်ကလော့ပ် ကိုယ်တိုင်က ဆာလာကို သဘောကျသူ ဖြစ်တာကြောင့် ရောင်းချဖို့ ကန့်ကွက်ထားပါတယ်။ ဒီအီဂျစ်သားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အောင်မြင်ခဲ့တယ်လို့ ဆိုနိုင်ပြီး၊ ပရီးမီးယားလိဂ်မှာ ရွှေဖိနပ်ဆုနဲ့ ဂိုးဖန်တီးမှု အများဆုံးဆုတွေ ရခဲ့တာကြောင့် လီဗာပူးလ် အသင်းသာ သူ့ကို လက်လွှတ်ခံခဲ့မယ်ဆိုရင် မိုက်မဲတဲ့ ဆုံးဖြစ်ချက်တခုလို့ သတ်မှတ်ရမှာပါ။

ZAWGYI: ကမ်းလှမ်းမှုမျိုး ရှိလာခဲ့ရင် လက်ခံပြီး သူ့နေရာမှာ ဘယ်ကစားသမား အစားထိုးသင့်လဲ ဆိုတာ ပြောပြလိုက်တဲ့ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဂါဘရီရယ် အဘွန်လဟောက လီဗာပူးလ် အသင်းအနေနဲ့ မိုဟာမက် ဆာလာကို ယူရိုသန်း၄၀ ဝန်းကျင်နဲ့ ရောင်းချပြီး၊ ဒီငွေကြေးနဲ့ သူ့နေရာမှာ အစားထိုးဖို့ လိဒ်စ်ယူနိုက်တက် ကစားသမား ရာဖင်ဟာကို ခေါ်ယူ အားဖြည့် သင့်တယ်လို့ ပြောလိုက်ပါတယ်။ ဆာလာရဲ့ လက်ရှိ စာချုပ်ဟာ ၂၀၂၃ခုနှစ် ဇူလိုင်လမှာ ကုန်ဆုံးမှာ ဖြစ်တာကြောင့် စာချုပ်သက်တမ်း တနှစ်ကျော်သာ ကျန်ရှိပါတော့တယ်။