စပိန်ကတော့ အဝေးကွင်းမှာ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပေမဲ့ လိုအပ်နေတဲ့ နိုင်ပွဲရှာဖွေခဲ့ပြီး ဒီနှစ် နေးရှင်းလိဂ်မှာ ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ စပိန်ဟာ ၄-၃-၃ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာမိုရာရာတ၊ ဆာရာဘီယာ၊ ဖာရန်တောရက်စ်တို့ကို တွဲပေးခဲ့ကာ ကွင်းလယ်မှာ ဂါဗီ၊ ဘက်စကွတ်စ်၊ လော်ရန်တီတို့ကို အသုံးပြုခဲ့တာပါ။ နောက်တန်းမှာ ပေါတောရက်စ်၊ ဒီယေဂိုလော်ရန်တေး၊ ဂျော်ဒီအယ်လ်ဘာနဲ့ အက်ပီကျူတာတို့ကို ပွဲထွက်စေခဲ့တာ ဖြစ်ပါတယ်။

ဆွစ်ဇာလန်ကလည်း ၄-၃-၃ ကစားကွက်ကို ခင်းကျင်းခဲ့ကာ ရှာကွီရီ၊ ဇူဘာ၊ အယ်အိုလို၊ဂျာကာ၊ ဝမ်ဒါ၊ ရီကာဒိုရိုဒရီဂွတ်ဇ်၊ အကန်ဂျီုတို့ရဲ့ စုဖွဲ့မှုနဲ့ စပိန်ကို ရင်ဆိုင်ခဲ့ပါတယ်။ စပိန်ဟာ သူတို့ရဲ့ပုံစံအတိုင်း ပွဲအစပိုင်းမိနစ်တွေမှာကတည်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ တစ်ဖတ်သတ် လွှမ်းမိုးကစားနိုင်ခဲ့ပါတယ်။ ဆွစ်ဇာလန်အနေနဲ့ စပိန်ကွင်းလယ်ကို ယှဉ်နိုင်ခဲ့ခြင်း မရှိခဲ့ပေမဲ့ အားနည်းတဲ့စပိန်တိုက်စစ်ကို ဟန့်တားဖို့ရာလည်း သိပ်ပြီးအခက်အခဲ မရှိပါဘူး။

စပိန်ဟာ ပွဲချိန်အများစုမှာ လွှမ်းမိုးကစားနိုင်ခဲ့တယ်ဆိုပေမဲ့ ကွင်းလယ်မှာသာ ဘောလုံးအိုင်နေခဲ့ပြီး တိုက်စစ်ပိုင်းက အလုပ်မဖြစ်ခဲ့ပါဘူး။ မိုရာတာ၊ ဖာရန်တောရက်စ်တို့ဟာ ကွင်းလယ်နဲ့ ချိတ်ဆက်မှုပိုင်းမှာအားနည်းနေခဲ့ပြီး တစ်ဦးချင်းဖြတ်ကျော်မှုတွေမှာ ဆွစ်ဇာလန်နောက်တန်းကို တိုးမဖောက်ခဲ့ပါဘူး။ ပွဲအစ ၁၃ မိနစ်မှာကတည်းက စပိန်တို့ ဒီပွဲရဲ့ တစ်လုံးတည်းသော ဦးဆောင်ဂိုးကို သွင်းနိုင်ခဲ့ပြီး မားကို့စ်လော်ရန်တီရဲ့ အနီးကပ်ပေးပို့မှုကို ဆာရာဘီယာက ဆွစ်ဇာလန်နောက်ခံလူ တားဆီးနေတဲ့ကြားကပိတ်သွင်းယူခဲ့တာပါ။

ဒီပွဲမှာ စပိန်ကွင်းလယ်မှာ မားကို့စ်လော်ရန်တီက ခြေစွမ်းပြနိုင်ခဲ့ပြီး ကွင်းလယ်ပိုင်းကို အဓိက ဦးဆောင်မောင်းနှင်နိုင်ခဲ့ပါတယ်။ ဆွစ်ဇာလန်ဘက်မာတော့ အမ်ဘိုလိုရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုတချို့က အားရစရာကောင်းခဲ့ပြီး စပိန်နောက်တန်းကို ခြိမ်းခြောက်နိုင်ခဲ့ပေမဲ့ ဆွစ်ဇာလန်ရဲ့တိုက်စစ်ပိုင်းကလည်း အားနည်းလွန်းခဲ့ပါတယ်။ဒုတိယပိုင်းမှာ စပိန်ဟာ ဘောလုံးကိုင်ကစားရေးကိုသာ ဦးတည်ခဲ့ပုံရပြီး တိုက်စစ်ပိုင်းက ဂိုးတွေရဖို့ ခက်နေခဲ့ရပါတယ်။

စပိန်ကွင်းလယ်က လွှမ်းမိုးထားနိုင်ခဲ့ပေမဲ့ အခွင့်အရေးဖန်တီးနိုင်မှုအပိုင်းမှာ လိုအပ်ချက်ရှိနေခဲ့ပြီး မာကျောလှတဲ့ ဆွစ်ဇာလန်နောက်တန်းကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ အော်မိုဝင်လာပြီးနောက် စပိန်ရဲ့တောင်ပံတိုက်စစ်လှုပ်လာခဲ့ပေမဲ့ Final Third မှာ လိုအပ်ချက်တွေ ရှိနေခဲ့ပါတယ်။ ဆွစ်ဇာလန်ကလည်း စပိန်ကို ဘယ်လိုမှ မတွန်းလှန်နိုင်ခဲ့ဘဲ အခွင့်အရေးကောင်းတချို့ ရခဲ့ပေမဲ့ အဆုံးသတ်ပိုင်း လိုအပ်ချက်တွေ ရှိခဲ့လို့ ဆာရာဘီယာရဲ့တစ်လုံးတည်းသော ဂိုးနဲ့ပဲ စပိန်တို့ အဝေးကွင်းမှာ နိုင်ပွဲရှာဖွေနိုင်ခဲ့ပါတယ်။ ဒါကြောင့် စပိန်ဟာ ၃ ပွဲကစား ၅ မှတ်ရရှိပြီး အုပ်စုထိပ်ဆုံးက ပေါ်တူဂီကို လိုက်လံဖိအားပေးနေဆဲ ဖြစ်ပါတယ်။

ZAWGYI: စပိန်ကတော့ အဝေးကွင်းမှာ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပေမဲ့ လိုအပ်နေတဲ့ နိုင်ပွဲရှာဖွေခဲ့ပြီး ဒီနှစ် နေးရှင်းလိဂ်မှာ ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ စပိန်ဟာ ၄-၃-၃ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာမိုရာရာတ၊ ဆာရာဘီယာ၊ ဖာရန်တောရက်စ်တို့ကို တွဲပေးခဲ့ကာ ကွင်းလယ်မှာ ဂါဗီ၊ ဘက်စကွတ်စ်၊ လော်ရန်တီတို့ကို အသုံးပြုခဲ့တာပါ။ နောက်တန်းမှာ ပေါတောရက်စ်၊ ဒီယေဂိုလော်ရန်တေး၊ ဂျော်ဒီအယ်လ်ဘာနဲ့ အက်ပီကျူတာတို့ကို ပွဲထွက်စေခဲ့တာ ဖြစ်ပါတယ်။