အေစီမီလန်အသင်းအနေနဲ့ ဒီနေ့မှာ မြို့ခံပြိုင်ဘက် အင်တာမီလန်တို့နဲ့ နောက်ဆုံးပွဲအထိ အပြိုင်ဖြစ်နေချိန်မှာ တစ်ချိန်တည်း တစ်ပြိုင်တည်း ကစားခဲ့ရတာဖြစ်ပြီး အဝေးကွင်းမှာ ဂိုးသမား မေညွန်၊ ခံစစ်မှာ သီယို ဟာနန်ဒက်ဇ်၊ တိုမိုရီ၊ ကာလုလု၊ ကနာလာဘရီယာ၊ ကွင်းလယ်မှာ ကက်ဆီယေး၊ တိုနာလီ၊ ခရူးနစ်ချ်၊ ဆာလာမက်ကာစ်၊ ရာဖယ်လ် လီယာအိုတို့ ကစားခဲ့ကြပြီး ဂျီရူးကိုတော့ တိုက်စစ်မှာ အထောင်ထားခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဆာဆူအိုလိုတို့ကတော့ ဂိုးသမား ကွန်ဆီဂလီ၊ ခံစစ်မှာ မာလ်ဒါ၊ အိုင်ဟန်၊ ဖာရာရီ၊ ကိုင်ရီယာကိုပိုလော့စ်တို့ကို ထားခဲ့ပြီး ကွင်းလယ် မှာတော့ ဖရာတက်ဆီ၊ မက်ဇင်မ် လိုပက်ဇ်နဲ့ မက်သီးယပ် ဟန်နရီကေးတို့ကို အသုံးပြုခဲ့သလို တိုက်စစ်မှာတော့ ဘယ်ရာဒီ၊ စကာမက်ကာနဲ့ ရက်စ်ပါဒိုရီတို့ ပွဲထွက်လာခဲ့ကြပါတယ်။ ပွဲချိန် ၁၇ မိနစ်မှာ အေစီမီလန်တို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ကြသလို ဆာဆူအိုလိုနောက်ခံလူ အိုင်ဟန် ဘောလုံးမနိုင်တာကနေ ရာဖယ်လ် လီယာအိုက ဘောလုံးဖြတ်ယူသွားပြီး ဘယ်ခြမ်းတောက်လျှောက် ဆွဲပြေးပြီးမှ အတွင်းကို ပြန်ချိုးပေးတာကို အထောင်တိုက်စစ်မှူး ဂျီရူးက ဧရိယာထဲက ပိတ်သွင်းနိုင်ခဲ့လို့ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

အဲ့ဒီအချိန် ဆန်စီရိုမှာ ဆမ်ဒိုးရီးယားနဲ့ ဘဲဥမကွဲသေးတဲ့ အင်တာမီလန်ကြောင့် အေစီတို့ ပိုမိုအားတက်ခဲ့ကြပြီး ပွဲချိန် ၃၂ မိနစ်မှာတော့ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့သလို ဒီဂိုးကိုလည်း အိုးနင်းခွက်နင်း ကစားနေကြတဲ့ ဆာဆူအိုလိုနောက်ခံလူတွေဆီက လုယူနိုင်ခဲ့တဲ့ ရာဖယ်လ် လီယာအိုပဲ ဘယ်ခြမ်းက ချိုးပေးခဲ့တာကို ဂျီရူးက သွင်းယူသွားခဲ့တာပါ။

ပွဲချိန် ၃၆ မိနစ်မှာတော့ အေစီမီလန်တို့ကို စောစောစီးစီး အနိုင်သေချာစေမယ့် တတိယဂိုးကို ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထုံးစံအတိုင်းပဲ သူတို့ဆီ ဘယ်သူမှ ဘောလုံးမလုဘူးထင်ပြီး ကစားနေတဲ့ ဆာဆူအိုလိုနောက်တန်းဆီက ခရူးနစ်ချ်က လုယူပြီး ချပေးတာကို ရာဖယ်လ် လီယာအိုကပဲ ညာခြမ်းကနေ ဖန်တီးပေးရာမှာ ကွင်းလယ်လူ ကက်ဆီယေးက ဧရိယာထိပ်ကနေ ပြေးကန်သွင်းပြီး သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ပထမပိုင်းကို အေစီမီလန်တို့ သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ တိုနာလီ၊ ဂျီရူး၊ ခရူးနစ်ချ်၊ ဆာလာမက်ကာစ်နဲ့ တိုမိုရီတို့အစား ဘင်နာဆာ၊ အီဘရာဟီမိုဗစ်ချ်၊ ဘရာဟင်မ် ဒီယက်ဇ်၊ ဖလော်ရင်ဇီနဲ့ ရိုမာညိုလီတို့ ဝင်ရောက်ကစားခဲ့ကြပြီး အနိုင်ရလဒ်ကို ထိန်းသိမ်းဖို့ ပြင်ဆင်လာခဲ့ကြပါတယ်။ သုံးမှတ်ရခဲ့ရင် တစ်ဖက်က အင်တာမီလန်တို့ရဲ့ ရလဒ်ကို ကြည့်စရာမလိုတော့ချိန်မှာ အေစီတို့ ပါးပါးနပ်နပ် ကစားခဲ့ကြပြီး ပွဲချိန် ၇၈ မိနစ်မှာ အီဘရာဟီမိုဗစ်ချ်က တန်ပြန်တိုက်စစ်ကနေ ခေါင်းတိုက်ပြီး ဂိုးထပ်သွင်းခဲ့ပေမယ့် ဖြတ်တင်ပေးပို့တဲ့ ရာဖယ်လ် လီယာအို လူအနည်းငယ် ကျွံနေခဲ့လို့ ပယ်ဖျက်ခံခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဆာဆူအိုလိုကွင်းမှာ အေစီမီလန်တို့ သုံးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ၃၈ ပွဲကစား ၈၆ မှတ်နဲ့ အင်တာမီလန်တို့ကို ၂ မှတ်ဖြတ်ပြီး ဗိုလ်စွဲနိုင်ခဲ့သလို ၂၀၁၀-၁၁ ရာသီမှာ နောက်ဆုံးဗိုလ်စွဲခဲ့တဲ့ စီးရီးအေ စကူဒက်တိုဖလားကို ၁၁ နှစ်အကြာမှာ တစ်ကျော့ပြန် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရာသီအပိတ် စီးရီးအေ အကောင်းဆုံးဆုတွေကို ချီးမြှင့်ရာမှာတော့ အေစီမီလန်ဂိုးသမား မိုက် မေညွန်က တစ်ရာသီလုံးမှာ Clean Sheet ၁၇ ပွဲနဲ့ အကောင်းဆုံးဂိုးသမားဆုကို ရရှိသွားခဲ့ပြီး ဒီနေ့ပွဲမှာ သွင်းဂိုးသုံးဂိုးစလုံးကို ဖန်တီးပေးနိုင်ခဲ့တဲ့ တောင်ပံကစားသမား ရာဖယ်လ် လီယာအိုကတော့ တန်ဖိုး အရှိဆုံး ကစားသမား Most Valuable Player MVP ဆုကို ရရှိသွားပါကြောင်း ဖော်ပြလိုက်ရပါတယ်။

ZAWGYI: အေစီမီလန်အသင်းအနေနဲ့ ဒီနေ့မှာ မြို့ခံပြိုင်ဘက် အင်တာမီလန်တို့နဲ့ နောက်ဆုံးပွဲအထိ အပြိုင်ဖြစ်နေချိန်မှာ တစ်ချိန်တည်း တစ်ပြိုင်တည်း ကစားခဲ့ရတာဖြစ်ပြီး အဝေးကွင်းမှာ ဂိုးသမား မေညွန်၊ ခံစစ်မှာ သီယို ဟာနန်ဒက်ဇ်၊ တိုမိုရီ၊ ကာလုလု၊ ကနာလာဘရီယာ၊ ကွင်းလယ်မှာ ကက်ဆီယေး၊ တိုနာလီ၊ ခရူးနစ်ချ်၊ ဆာလာမက်ကာစ်၊ ရာဖယ်လ် လီယာအိုတို့ ကစားခဲ့ကြပြီး ဂျီရူးကိုတော့ တိုက်စစ်မှာ အထောင်ထားခဲ့တာဖြစ်ပါတယ်။