အာဆင်နယ် အသင်းဟာ နောက်ခံလူ ဆလီဘာ ကို ရူးလောက်ဖွယ် ကမ်းလှမ်းလာမှုမျိုး ရှိမှသာ ထုတ်ရောင်းဖို့ အစီအစဉ် ရှိပြီး ၊ ပုံမှန် အတိုင်းဆိုရင်တော့ အသင်းမှာ ဆက်လက် ထိန်းသိမ်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။ ဆလီဘာ ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ကာလမှာ စိန့်အက်တီယန် အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်း ၊ ငါးနှစ် စာချုပ် နဲ့ ရောက်ရှိ လာခဲ့သူဖြစ်ပြီး ပထမဆုံးရာသီမှာပဲ အသင်းဟောင်း စိန့်အက်တီယန် အသင်းထံ တစ်ရာသီ အငှား သွားကစားခဲ့ပါတယ် ။

ဆလီဘာ ဟာ ပြီးခဲ့တဲ့တစ်နှစ် ရာသီကြို ခြေစမ်းပွဲ ဖြစ်တဲ့ Mk ဒွန်းစ် နဲ့ ပွဲမှာပဲ အာဆင်နယ် အသင်းကြီးအတွက် ပွဲထွက် ကစားခဲ့ဖူးပြီး အခုထက်ထိ အသင်းကြီး အတွက် တရားဝင် ပြိုင်ပွဲတွေမှာ ပါဝင် ကစားရခြင်း မရှိသေးပါဘူး ။ အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာလည်း ဆလီဘာ ကို မာဆေးလ် အသင်းထံ အငှားချခဲ့ပါတယ်။ဆလီဘာ ဟာ မာဆေးလ် အသင်းမှာ ပုံစံကောင်းတွေ ပြသ နိုင်ခဲ့ပြီး ပြင်သစ် လီဂူး ၁ ရဲ့ တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆုကို ရရှိရုံသာမက ပြင်သစ် လီဂူး ၁ ရဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်းမှာလည်း ပါဝင် ခဲ့ပါတယ် ။

မာဆေးလ် အသင်းဟာ ဆလီဘာ ကို အပြီးသတ် ခေါ်ယူဖို့ ဆန္ဒ ရှိပေမယ့် အာဆင်နယ် အသင်းဘက်က လုံးဝ လက်မခံပါဘူး ။အာဆင်နယ် အသင်းဟာ ဆလီဘာ ကို ပွဲထွက် ကစားခွင့် ပေးမယ်လို့ အာမခံချက် ပေးထားပြီး စာချုပ်သစ် ချုပ်ဆို နိုင်ဖို့ပါ လုပ်ဆောင်နေတယ်လို့ သိရပါတယ် ။ ဆလီဘာ ဟာ အာဆင်နယ် အသင်း နဲ့ ၂၀၂၄ ခုနှစ်မှာ စာချုပ် သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ် ။

နာမည်ကျော် အပြောင်းအရွှေ့ဂုရု ဖာဘရီဇီယို ရိုမာနို ကတော့ အာဆင်နယ် အသင်းဟာ ဆလီဘာ ကို ခေါ်ယူစဉ်တုန်းက ပေးခဲ့ရတဲ့ ပြောင်းရွေ့ကြေး ပမာဏထက် ပိုမိုများပြားတဲ့ ကမ်းလှမ်းမှုမျိုး ရလာမှသာ လက်လွှတ်သွားဖွယ် ရှိနေတယ်လို့ ဆိုလိုက်ပါတယ် ။ အာဆင်နယ် အသင်းရဲ့ခံစစ်မှာ ဗဟို နောက်ခံလူ အဖြစ် ဆလီဘာ ၊ ဟိုးလ်ဒင်း ၊ ဂါဘရီယဲလ် ၊ ဘန်ဝှိုက် တို့ ရှိနေကြပါတယ် ။ လက်ရှိ အချိန်မှာ အာဆင်နယ် အသင်းဟာ ခံစစ် အင်အား ပိုမို တောင့်တင်းအောင် အေဂျက်စ် နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ကို ချိတ်ဆက်လျက် ရှိပါတယ် ။

ZAWGYI: အာဆင်နယ် အသင်းဟာ နောက်ခံလူ ဆလီဘာ ကို ရူးလောက်ဖွယ် ကမ်းလှမ်းလာမှုမျိုး ရှိမှသာ ထုတ်ရောင်းဖို့ အစီအစဉ် ရှိပြီး ၊ ပုံမှန် အတိုင်းဆိုရင်တော့ အသင်းမှာ ဆက်လက် ထိန်းသိမ်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။ ဆလီဘာ ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ကာလမှာ စိန့်အက်တီယန် အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်း ၊ ငါးနှစ် စာချုပ် နဲ့ ရောက်ရှိ လာခဲ့သူဖြစ်ပြီး ပထမဆုံးရာသီမှာပဲ အသင်းဟောင်း စိန့်အက်တီယန် အသင်းထံ တစ်ရာသီ အငှား သွားကစားခဲ့ပါတယ် ။