မန်ယူနိုက်တက်ရဲ့ လက်ရှိ အနေအထားနဲ့တော့ လာမယ့် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ဖို့ နေနေသာ အဆင့်(၄) ဝင်ခွင့်တောင် အဝေးကြီးမှာပဲ ရှိနေတယ်လို့ ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်း ကစားသမား ဟောင်း စကော့ မင်တိုက ပြောကြားသွားခဲ့ပါတယ်။ မန်ယူနိုက်တက် နည်းပြသစ်တန်ဟတ် အနေနဲ့လည်း မန်ယူနိုက်တက်ရဲ့ ရွှေရောင်နေ့ရက်တွေကို ပြန်လည်ပိုင်ဆိုင်နိုင်ဖို့အတွက် တော်တော်လေးကို ခက်ခဲကြမ်းတမ်းတဲ့ တာဝန်တွေကို ထမ်းဆောင်သွားရဖို့ ရှိနေတယ်လို့ မင်တိုက ပြောကြားသွားခဲ့သေးတာပါ။

မန်ယူနိုက်တက်တို့ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ပေါ့ဘာ၊ လင်ဂတ်၊ မာတာတို့ အပါအဝ်င အသင်းရဲ့ အမာခံ ကစားသမားအချို့ အသင်းကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပေမဲ့ လက်ရှိ အချိန်အထိတော့ ကစားသမား သစ်ခေါ်ယူနိုင်ခြင်း မရှိသေးပါဘူး။ ဒါ့ကြောင့်ပဲ မန်ယူနိုက်တက်ရဲ့ လက်ရှိ အခြေအနေက အဆင့်(၄)အတွင်း ဝင်ရောက်ဖို့အတွက်တောင် ဝေးကွာလွန်းလှတယ်လို့ ဝေဖန် မှတ်ချက် ပေးသွားခဲ့တာ ဖြစ်ပါတယ်။

” ကျွန်တော့်ကတော့ လာမယ့်ရာသီမှာလည်း မန်ယူနိုက်တက်တို့ အဆင့်(၄) ဝင်ခွင့်နေရာအတွက်တောင် တိုက်ပွဲဝင်နိုင်လိမ့်မယ်လို့ မထင်ပါဘူး၊ ဘယ်လို အခိုက်အတန့်မျိုးမှာပဲ ဖြစ်ဖြစ် အဆင့်(၄) ဝင်နိုင်တဲ့ အလားအလာမျိုး မန်ယူနိုက်တက်မှာ မမြင်မိပါဘူး၊ ဒါကို ကျွန်တော် တန်ဟတ်ကိုလည်း ပြောရဲပါတယ်၊ သူကတော့ ကစားသမား သစ်တွေရဖို့နဲ့ နောက်ကွယ်မှာ တိုက်ပွဲဝင်ဖို့ကြိုးစားနေမှာ သေချာပါတယ်၊ ဒါပေမဲ့ ဒီအချိန်မှာတော့ စိတ်မကောင်းပါဘူး၊ ပြီးခဲ့တဲ့ရာသီ အဆုံးမှာ ဘာဖြစ်ခဲ့လဲ ကျွန်တော် သိပါတယ် ” မင်တိုက ပြောကြားသွားခဲ့တာပါ။

မန်ယူနိုက်တက်တို့ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အသင်းရဲ့ ပရီးမီးယားလိဂ် သမိုင်းတလျှောက် အဆိုးရွားဆုံး မှတ်တမ်းတွေနဲ့ ရာသီ သိမ်းခဲ့ရတာ ဖြစ်ပါတယ်။ မန်ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် သမိုင်းတလျှောက် အမှတ်အနည်းဆုံး ဘောလုံးရာသီ တစ်ခု ဖြစ်ခဲ့သလို ပေးဂိုး (၅၇) ဂိုးနဲ့ ပေးဂိုး အများဆုံး ဘောလုံးရာသီ တစ်ခု အဖြစ်လည်း မှတ်တမ်းဝင်ပြီး အဆင့်(၆)နေရာနဲ့ အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဆိုးလ်ရှားနဲ့ အတူ ရလဒ်ပိုင်းတွေ ကျဆင်းလာခဲ့ပြီးတဲ့နောက် ရန်းနက်ခ်ကို ယာယီနည်းပြသစ်အဖြစ် ခန့်အပ်ဖို့ တာဝန်ပေးအပ်ခဲ့ပေမဲ့လည်း အခြေအနေတွေက ပြောင်းလဲတိုးတက်လာခြင်းမရှိခဲ့ပဲ ပိုမိုဆိုးရွားလာခဲ့တာ ဖြစ်ပါတယ်။ အဝတ်လဲခန်းအတွင်းမှာပါ ကစားသမားတွေ စည်းလုံးမှုတွေ ပြိုကွဲခဲ့ပြီး အဖက်ဖက်ကနေ အသင်းရဲ့ အခြေအနေက ယိုယွင်းပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။

ရာသီကုန်ချိန်မှာ တန်ဟတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ပြီး မန်ယူနိုက်တက် ခေတ်ကို ပြန်လည်စတင်ဖို့ ပြင်ဆင်ခဲ့ပေမဲ့ လက်ရှိ အချိန်အထိတော့ မန်ယူနိုက်တက်တာ ဝန်ရှိသူတွေရဲ့ လုပ်ပုံ ကိုင်ပုံတွေက ပရိသတ်တွေ အတွက် စိတ်ပျက်စရာ ဖြစ်နေသေးတာပါ။ အထွက်ကစားသမားတွေ များပြားခဲ့ပေမဲ့ လက်ရှိ အချိန်အထိ ကစားသစ် ခေါ်ယူနိုင်ခဲ့ ခြင်းမရှိသေးတာက မန်ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ ဈေးကွက်အတွင်း ညံ့ဖျင်းတဲ့ အလုပ်လုပ်ပုံတွေက ဖော်ပြလျက် ရှိနေတာပါ။

ဒီဂျောင်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာကလည်း ရက်သတ္တပတ် (၂)ပတ်လောက် အထိ ကြာမြင့်နေပြီ ဖြစ်ပေမဲ့ သဘောတူညီမှုတော့ ရရှိခြင်း မရှိသေးပါဘူး။ တန်ဟတ် အနေနဲ့ မကြာခင်မှာ အသင်းနဲ့ အတူ ရာသီသစ်အတွက် လေ့ကျင့်ခန်းတွေ စတင်တော့မှာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ကစားသစ် တစ်ဦးတယောက် မှ မခေါ်ယူနိုင်သေးပဲ ယောင်ဝါးဝါး ဖြစ်နေတဲ့ အခြေအနေတွေက မင်တိုပြောသလို အဆင့်(၄) ဝင်ဖို့တောင် ဝေးကွာလွန်းလှတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ZAWGYI: မန်ယူနိုက်တက်ရဲ့ လက်ရှိ အနေအထားနဲ့တော့ လာမယ့် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ဖို့ နေနေသာ အဆင့်(၄) ဝင်ခွင့်တောင် အဝေးကြီးမှာပဲ ရှိနေတယ်လို့ ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်း ကစားသမား ဟောင်း စကော့ မင်တိုက ပြောကြားသွားခဲ့ပါတယ်။ မန်ယူနိုက်တက် နည်းပြသစ်တန်ဟတ် အနေနဲ့လည်း မန်ယူနိုက်တက်ရဲ့ ရွှေရောင်နေ့ရက်တွေကို ပြန်လည်ပိုင်ဆိုင်နိုင်ဖို့အတွက် တော်တော်လေးကို ခက်ခဲကြမ်းတမ်းတဲ့ တာဝန်တွေကို ထမ်းဆောင်သွားရဖို့ ရှိနေတယ်လို့ မင်တိုက ပြောကြားသွားခဲ့သေးတာပါ။