အင်တာမီလန်အသင်းအနေနဲ့ ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူး ရိုမဲလူ လူကာကူးရဲ့ ကိုယ်စားလှယ်တွေနဲ့ ဒီနေ့မှာ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပြီး ဘယ်လ်ဂျီယမ်သားကို ဆန်စီရိုဆီ ပြန်လာဖို့အတွက် သွေးဆောင်သွားဖို့ရှိနေကြောင်း သိရပါတယ်။ လူကာကူးအနေနဲ့ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလတုန်းကမှ ချဲလ်ဆီးအသင်းကို ပေါင် ၉၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့် သူ့ရဲ့ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ်လက်ရွေးစင်တိုက်စစ်မှူးအနေနဲ့ ပြီးခဲ့တဲ့နှစ် နှစ်ကုန်ခါနီးတုန်းကလည်း ချဲလ်ဆီးအသင်းရဲ့မန်နေဂျာ သောမက်စ် တူဟယ်လ်နဲ့ ပြဿနာတက်ခဲ့ပြီး အင်တာဗျူးတစ်ခုမှာ ဂျာမန်သားရဲ့ နည်းစနစ်ကို လူသိရှင်ကြားဝေဖန်ခဲ့သလို အင်တာမီလန်အသင်းကို ပြန်ချင်တဲ့အကြောင်း ပြောခဲ့တာပါ။ တူဟယ်လ်အနေနဲ့ ဒီနှစ်နွေရာသီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူဖို့အတွက် ဆုံးဖြတ်ထားပြီး အခုအချိန်မှာတော့ အသင်းပိုင်ရှင်ဟောင်းဖြစ်သွားပြီဖြစ်တဲ့ ရိုမန် အေဘရာမိုဗစ်ချ်အနေနဲ့ အသင်းကို တရားဝင်ရောင်းချခဲ့ပြီးဖြစ်သလို လူကာကူးနဲ့ ချဲလ်ဆီးတို့ရဲ့ အကွဲအပြဲဖြစ်နေပြီလားဆိုတဲ့ မေးခွန်းတွေ ပလူပျံလာခဲ့တာဖြစ်ပါတယ်။

လူကာကူးအနေနဲ့ အသင်းတွင်း သူ့ရဲ့အနေအထားနဲ့ ပတ်သက်ပြီး တူဟယ်လ်နဲ့ တစ်ဦးချင်း ဆွေးနွေးမှုတွေ ပြုလုပ်ဖို့အတွက် မျှော်လင့်ထားသလို အင်တာမီလန်အသင်းဘက်ကလည်း အသင်းရဲ့တိုက်စစ်မှူးဟောင်းကို ပြန်ခေါ်ဖို့ အဆင်သင့်ဖြစ်နေတာပါ။ Sky Sports သတင်းဌာနရဲ့ဖော်ပြချက်အရ အင်တာမီလန်အသင်းအနေနဲ့ လူကာကူးရဲ့ ရှေ့နေတွေနဲ့ အပြောင်းအရွှေ့ကိစ္စကို ဒီနေ့မှာ ဆွေးနွေးသွားတော့မှာဖြစ်ကြောင်း သိရပါတယ်။

စီးရီးအေထိပ်သီးကလပ်အနေနဲ့ လူကာကူးကို ပြန်လည်ခေါ်ယူဖို့အတွက် ချဲလ်ဆီးအသင်းရဲ့ တန်ကြေးသတ်မှတ်မှုကြောင့် ခက်ခဲနိုင်ပြီး လန်ဒန်မြို့ခံအသင်းကတော့ ပြီးခဲ့တဲ့နွေရာသီတုန်းက လူကာကူးအတွက် ကုန်ကျခဲ့တဲ့ ပြောင်းရွှေ့ကြေး ပေါင် ၉၇ သန်းနဲ့ပဲ ပြန်လည်ရောင်းချချင်နေတာပါ။ အင်တာမီလန်အသင်းအနေနဲ့ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ယူဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားတဲ့ ပါအူလို ဒီဘားလားကိုလည်း ခေါ်ယူနိုင်ဖို့အတွက် နီးစပ်နေပြီး တကယ်လို့များ လူကာကူးအတွက် ချဲလ်ဆီးအသင်းရဲ့ တောင်းဆိုတဲ့ ဈေးနှုန်းကို လျော့ကျသွားအောင် ဈေးဆစ်နိုင်မယ်ဆိုရင်တော့ အပြောင်းအရွှေ့ဖြစ်လာနိုင်ကြောင်း သိရပါတယ်။

ZAWGYI: အင်တာမီလန်အသင်းအနေနဲ့ ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူး ရိုမဲလူ လူကာကူးရဲ့ ကိုယ်စားလှယ်တွေနဲ့ ဒီနေ့မှာ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပြီး ဘယ်လ်ဂျီယမ်သားကို ဆန်စီရိုဆီ ပြန်လာဖို့အတွက် သွေးဆောင်သွားဖို့ရှိနေကြောင်း သိရပါတယ်။ လူကာကူးအနေနဲ့ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလတုန်းကမှ ချဲလ်ဆီးအသင်းကို ပေါင် ၉၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့် သူ့ရဲ့ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။