အပြောင်းအရွှေ့ကိစ္စအတွက် မီးစိမ်းပြခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကပစ်မှတ်ကစားသမား ဖရန်ကီ ဒီဂျောင် အနေနဲ့ ဘာစီလိုနာအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့အတွက် အဆင်သင့်ဖြစ်နေကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းရဲ့ အဆိုပါကွင်းလယ်ကစားသမားအနေနဲ့ ယူနိုက်တက်မန်နေဂျာသစ် အဲရစ် တန်ဟာ့ဂ်ရဲ့ ထိပ်တန်းပစ်မှတ်ကစားသမားဖြစ်ပေမယ့် အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမားကတော့ နူးကမ့်မှာ ဆက်ရှိနေဖို့အတွက်သာ သူ့အတွက် ဦးစားပေးဖြစ်ခဲ့တာပါ။

ဘာစီလိုနာအသင်းအနေနဲ့ နယ်သာလန်လက်ရွေးစင်ကွင်းလယ်ကစားသမားကို ရောင်းချဖို့အတွက် ပြင်ဆင်နေခဲ့တာဖြစ်ပေမယ့် အသင်းကလည်း မြင့်မားတဲ့ ဘဏ္ဍာရေးပြဿနာတွေကြားမှာ ကျရောက်နေတာကြောင့်သာ အသင်းရဲ့ တန်ဖိုးအကြီးဆုံးကစားသမားတွေထဲက တစ်ယောက်ကို ရောင်းချဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ တန်ဟာ့ဂ်အနေနဲ့ သူ့ရဲ့ အိုးလ်ထရက်ဖို့ဒ်ကို ပြန်လည်တည်ဆောက်ရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့အတွက် စီစဉ်ထားတဲ့ အိုင်းယက်စ်ကြယ်ပွင့်ဟောင်းကို အစီအစဉ်ဖြစ်မြောက်အောင် မန်ချက်စတာမြေကို လာဖို့ ဆွဲဆောင်နေခဲ့တာဖြစ်ပါတယ်။

နောက်နှစ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်မကန်ရတဲ့ကြားထဲက ယူနိုက်တက်အနေနဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေကို ဆွဲဆောင်မှုရှိနိုင်သေးကြောင်း ပြသနိုင်ခဲ့ပြီး SPORT သတင်းဌာနရဲ့ဖော်ပြချက်အရ ဒီဂျောင်အနေနဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့မယ့်အပြောင်းအရွှေ့ကို ခေါင်းငြိမ့်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ ဒီဂျောင်အနေနဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့အတွက် ကနဦးတုန်းက သံသယများခဲ့ပေမယ့် လက်ရှိမှာတော့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း သီးသန့်ဝန်ခံခဲ့တာဖြစ်ပါတယ်။

အဆိုပါဖော်ပြချက်အရ ဒီဂျောင်ရဲ့ကိုယ်စားလှယ်တွေအနေနဲ့ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ ကမ်းလှမ်းမှုတွေကို မျှော်လင့်ထားခဲ့ပေမယ့်လည်း အဆိုပါအသင်းတွေကတော့ ဘာစီလိုနာအသင်းရဲ့ ဒီဂျောင်အတွက် တောင်းဆိုတဲ့ဈေးနှုန်းကြောင့် နောက်ဆုတ်ခဲ့ကြတာဖြစ်ကြောင်း သိရပါတယ်။ ယူနိုက်တက်အနေနဲ့ လက်ရှိမှာတော့ ဘာစီလိုနာအသင်းနဲ့အပြောင်းအရွှေ့ကိစ္စ ဆောင်ရွက်ဖို့အတွက် ပြောင်းရွှေ့ကြေးညှိနှိုင်းဖို့သာ ကျန်ရှိတော့တာဖြစ်ပြီး ယူရိုသန်း ၆၀+ အပိုဆုကြေး ယူရိုသန်း ၂၀ ၊ စုစုပေါင်းပြောင်းရွှေ့ကြေး ယူရိုသန်း ၈၀ အထိ ကာတာလန်အခြေစိုက်ကလပ်ကို ပေးချေသွားဖို့ရှိနေကြောင်း စပိန်သတင်းဌာနတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ဘဏ္ဍာရေးဖိအားတွေကို လျော့နည်းစေဖို့အတွက် ကစားသမားတွေ ရောင်းထုတ်ဖို့ ဖိအားရှိနေတာဖြစ်ပြီး ပြောင်းရွှေ့ကြေးအများအပြား ရယူခြင်းအပြင် ဒီဂျောင်ရဲ့ တစ်နှစ်လုပ်ခ ယူရိုသန်း ၄၀ ကိုလည်း လက်ကျန်ရှင်းတမ်းကနေ ဖယ်ရှားနိုင်တော့မှာ ဖြစ်ပါတယ်။ နီမန်ယာ မာတစ်ချ်နဲ့ ပေါလ် ပေါ့ဂ်ဘာတို့ကို ထွက်ခွါခွင့်ပေးခဲ့ရပြီးနောက်မှာတော့ တန်ဟာ့ဂ်အနေနဲ့ ဒီနှစ်နွေရာသီမှာ ကွင်းလယ်ကစားသမား ၂ ဦးအထိ အသင်းကို ခေါ်ယူအားဖြည့်သွားလိုနေတာဖြစ်ကြောင်း သိရပါတယ်။

ဒီဂျောင်ကို ခေါ်ယူပြီးရင်တောင်မှ ယူနိုက်တက်အနေနဲ့ ချဲလ်ဆီးအသင်းရဲ့ ကြယ်ပွင့်ကွင်းလယ်ကစားသမား အန်ဂိုလို ကွန်တေကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတာဖြစ်ပြီး ချဲလ်ဆီးအသင်းကလည်း ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားအတွက် ကမ်းလှမ်းမှုတွေကို နားစွင့်နေကြောင်း သိရပါတယ်။ ဒါ့အပြင် ယူနိုက်တက်အနေနဲ့ ဒတ်ချ်ကလပ် ပီအက်စ်ဗွီအသင်းရဲ့ ကွင်းလယ်ကစားသမား အီဘရာဟီမာ ဆန်ဂါရီကို ခေါ်ယူဖို့အတွက်လည်း စိတ်ဝင်စားနေပြီး သူ့ရဲ့စာချုပ်ပါလျော်ကြေးကတော့ ပေါင်သန်း ၃၀ ဝန်းကျင်သာ ရှိတာကြောင့် တကယ်လို့များ ကွန်တေကို ခေါ်ယူလို့မရခဲ့ရင် ဆန်ဂါရီဘက် မြှားဦးလှည့်သွားနိုင်တာဖြစ်ပါတယ်။

ZAWGYI: အပြောင်းအရွှေ့ကိစ္စအတွက် မီးစိမ်းပြခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကပစ်မှတ်ကစားသမား ဖရန်ကီ ဒီဂျောင် အနေနဲ့ ဘာစီလိုနာအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့အတွက် အဆင်သင့်ဖြစ်နေကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းရဲ့ အဆိုပါကွင်းလယ်ကစားသမားအနေနဲ့ ယူနိုက်တက်မန်နေဂျာသစ် အဲရစ် တန်ဟာ့ဂ်ရဲ့ ထိပ်တန်းပစ်မှတ်ကစားသမားဖြစ်ပေမယ့် အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမားကတော့ နူးကမ့်မှာ ဆက်ရှိနေဖို့အတွက်သာ သူ့အတွက် ဦးစားပေးဖြစ်ခဲ့တာပါ။