“မက်ဒရစ်ထက် ကျနော်တို့ကပိုကောင်းတယ်။” ရာသီကြိုချစ်ကြည်ရေးခြေစမ်းပွဲမှာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီတို့ကို ၆ ဂိုးပြတ်နဲ့နိုင်ပြီးနောက် ဘာကာကစားသမားသစ် ရာဖင်းညာက လာလီဂါခါးသီးပြိုင်ဘက် ရီးယဲမက်ဒရစ်တို့ကို တည့်စိန်ခေါ်လိုက်ပါတယ်။ သူ့ရဲ့ပထမဆုံးရာသီကြိုပွဲမှာ ဘရာဇီးသားက တဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂ကြိမ်ရခဲ့ပါတယ်။ ဖို့ဒ်လော်ဒါဒေးလ်၊ ဒရိုက်ပင့်ခ်ကွင်းက အင်တာမိုင်ယာမီတို့နဲ့ ရာသီကြိုခြေစမ်းပွဲမှာ ၆-၀ ဂိုးပြတ်နိုင်ပွဲကို ဘာဆီလိုနာတို့ရရှိခဲ့ပါတယ်။

ပထမပိုင်း၊ ဒုတိယပိုင်း တပိုင်းစီမှာ သုံးဂိုးစီသွင်းခဲ့ပြီး မတူညီတဲ့ကစားသမား ၆ ယောက်ကသွင်းခဲ့တာပါ။ အိမ်ရှင်အသင်းကတော့ အဘက်ဘက်မှာ အဆင့်ကွာခြားပြီး အညံ့ခံခဲ့ရတာဖြစ်ပါတယ်။ ချယ်လ်ဆီးနဲ့လွန်ဆွဲပြီးခေါ်ထားတဲ့ လူသစ်ရာဖင်းညာကတော့ တဂိုးသွင်း၊ နှစ်ဂိုးဖန်တီးပြီး သူ့ကိုပေးရတဲ့ ယူရို ၅၉ သန်းလုံး တပြားမကျန်တန်နိုင်ပါတယ်ဆိုတာကို ပြသခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာတော့ လာလီဂါက အယ်ကလပ်စီကိုပြိုင်ဘက် ရီးယဲတို့နဲ့ဆုံရမှာဖြစ်ပြီး ဒီပွဲကြိုအဖြစ် ဘရာဇီးသားက တိုက်ပွဲခေါ်သံပေးပို့လိုက်ပါတယ်။

အခြားလူသစ်ခေါ်ယူမှုဖြစ်တဲ့ ဖောင့်န့်စ်ကက်ဆီယယ်လည်း အထိုင်ကျနေတဲ့ပုံပေါ်ပြီး ပထမပိုင်း ၄၅ မိနစ်မှာ အခြားကစားသမားများထက် ပိုကောင်းတဲ့သူတဦးဖြစ်ခဲ့ပါတယ်။ အကြီးစားခေါ်ယူမှုဖြစ်တဲ့ လီဝမ်ဒေါစကီးကတော့ ပွဲမှာပါဝင်ခြင်းမရှိခဲ့ပေမဲ့ အသင်းဖော်သစ်များနဲ့ လေ့ကျင့်ရေးဆင်းခဲ့ပါတယ်။ ပထမပိုင်းမှာ အူဘာမီယန်း၊ ရာဖင်းညာ၊ အန်ဆုဖာတီတို့ တဂိုးစီသွင်းခဲ့ပြီး ဒုတိယပိုင်းမှာ ဇာဗီက တသင်းလုံးလဲခဲ့ပါတယ်။ ဒါပေမဲ့ ဂိုးသွင်းတော့မရပ်ခဲ့ပါဘူး။ ဂါဗီ၊ ဒီပေးနဲ့ ဒမ်ဘီလီတို့ တဂိုးစီထပ်သွင်းခဲ့ကြပါတယ်။

အယ်လ်ကလပ်စီကိုမတိုင်ခင် မက်ဒရစ်ကိုသတိပေးလိုက်တဲ့ ရာဖင်းညာ။ ။ အခုတော့ အာရုံစိုက်မှုက ဒီပိတ်ရက် လတ်စ်ဗီးဂတ်စ်မှာကန်ရမယ့် အယ်လ်ကလပ်စီကိုဆီရွှေ့ခဲ့ပြီဖြစ်ပြီး သူ့ရဲ့ဂိုးသွင်းပုံစံကောင်းကို ရာဖင်းညာက “ဆက်လက်သယ်ဆောင်လာချင်နေပါတယ်။ ကစားသမားတယောက်ကတော့ ဘယ်သူနဲ့မဆို ဂိုးသွင်းဖို့ အမြဲကြိုးစားတာပါပဲ၊ ဒါပေမဲ့ ဒါက ဒါဘီတခုမှာဆိုရင်တော့ ပိုလို့တောင်ပဲပေါ့။”

” အရေးအကြီးဆုံးအရာကတော့ နိုင်ပွဲပါ၊ ဒါပေမဲ့ ကျနော့်အတွက်ကတော့ ရီးယဲမက်ဒရစ်တို့ထက် ကျနော်တို့ကပိုကောင်းပါတယ်။ ကိုယ့်ရဲ့ပထမဆုံးဂိုးကိုသွင်းခဲ့ရလို့ ကျနော်အရမ်းပျော်ပါတယ်။ ပွဲကောင်းတပွဲဖြစ်ခဲ့ပါတယ်။ ပွဲကောင်းတပွဲရဖို့ ကျနော်ကြိုးစားခဲ့ပါတယ်။ ကျနော်အရမ်းပျော်ပြီး ဒါကိုရှေ့ဆက်နိုင်ဖို့မျှော်လင့်ပါတယ်။ လို့ ပွဲအပြီးမှာ သူကပြောခဲ့တာဖြစ်ပါတယ်။

အင်္ဂါနေ့မှာ သူ့ကိုတရားဝင်ကြေညာခဲ့ပြီးနောက် အခုတော့ အားလုံးရဲ့မျက်လုံးတွေက ရောဘတ်လီဝမ်ဒေါစကီးဆီရောက်ရှိနေကြပါပြီ။ ပွဲမစခင် သွေးပူလေ့ကျင့်ခန်းမှာ သူပါဝင်ခဲ့ပေမဲ့ ပွဲမှာ သူ့ကိုထည့်သုံးဖို့ကိုတော့ ဇာဗီက စိတ်ထိန်းထားဆဲပါ။ ဒါ့ကြောင့်မို့ အခုကန်ရမယ့်အယ်လ်ကလပ်စီကိုမှာ သူ့ရဲ့ပွဲဦးထွက်ကို လီဝမျဒေါစကီးရရှိနိုငျတဲ့အဓိပ်ပါယျဖွဈပါတယျ။ ဒါကတော့ ဘိုင်ယန်ကစားသမားဟောင်းအတွက် ကြီးမားတဲ့အခါအခွင့်ဖြစ်လာနိုင်ပါတယ်။

ZAWGYI: မက်ဒရစ်ထက် ကျနော်တို့ကပိုကောင်းတယ်။ ရာသီကြိုချစ်ကြည်ရေးခြေစမ်းပွဲမှာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီတို့ကို ၆ ဂိုးပြတ်နဲ့နိုင်ပြီးနောက် ဘာကာကစားသမားသစ် ရာဖင်းညာက လာလီဂါခါးသီးပြိုင်ဘက် ရီးယဲမက်ဒရစ်တို့ကို တည့်စိန်ခေါ်လိုက်ပါတယ်။ သူ့ရဲ့ပထမဆုံးရာသီကြိုပွဲမှာ ဘရာဇီးသားက တဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂ကြိမ်ရခဲ့ပါတယ်။ ဖို့ဒ်လော်ဒါဒေးလ်၊ ဒရိုက်ပင့်ခ်ကွင်းက အင်တာမိုင်ယာမီတို့နဲ့ ရာသီကြိုခြေစမ်းပွဲမှာ ၆-၀ ဂိုးပြတ်နိုင်ပွဲကို ဘာဆီလိုနာတို့ရရှိခဲ့ပါတယ်။

ပထမပိုင်း၊ ဒုတိယပိုင်း တပိုင်းစီမှာ သုံးဂိုးစီသွင်းခဲ့ပြီး မတူညီတဲ့ကစားသမား ၆ ယောက်ကသွင်းခဲ့တာပါ။ အိမ်ရှင်အသင်းကတော့ အဘက်ဘက်မှာ အဆင့်ကွာခြားပြီး အညံ့ခံခဲ့ရတာဖြစ်ပါတယ်။ ချယ်လ်ဆီးနဲ့လွန်ဆွဲပြီးခေါ်ထားတဲ့ လူသစ်ရာဖင်းညာကတော့ တဂိုးသွင်း၊ နှစ်ဂိုးဖန်တီးပြီး သူ့ကိုပေးရတဲ့ ယူရို ၅၉ သန်းလုံး တပြားမကျန်တန်နိုင်ပါတယ်ဆိုတာကို ပြသခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာတော့ လာလီဂါက အယ်ကလပ်စီကိုပြိုင်ဘက် ရီးယဲတို့နဲ့ဆုံရမှာဖြစ်ပြီး ဒီပွဲကြိုအဖြစ် ဘရာဇီးသားက တိုက်ပွဲခေါ်သံပေးပို့လိုက်ပါတယ်။

အခြားလူသစ်ခေါ်ယူမှုဖြစ်တဲ့ ဖောင့်န့်စ်ကက်ဆီယယ်လည်း အထိုင်ကျနေတဲ့ပုံပေါ်ပြီး ပထမပိုင်း ၄၅ မိနစ်မှာ အခြားကစားသမားများထက် ပိုကောင်းတဲ့သူတဦးဖြစ်ခဲ့ပါတယ်။ အကြီးစားခေါ်ယူမှုဖြစ်တဲ့ လီဝမ်ဒေါစကီးကတော့ ပွဲမှာပါဝင်ခြင်းမရှိခဲ့ပေမဲ့ အသင်းဖော်သစ်များနဲ့ လေ့ကျင့်ရေးဆင်းခဲ့ပါတယ်။ ပထမပိုင်းမှာ အူဘာမီယန်း၊ ရာဖင်းညာ၊ အန်ဆုဖာတီတို့ တဂိုးစီသွင်းခဲ့ပြီး ဒုတိယပိုင်းမှာ ဇာဗီက တသင်းလုံးလဲခဲ့ပါတယ်။ ဒါပေမဲ့ ဂိုးသွင်းတော့မရပ်ခဲ့ပါဘူး။ ဂါဗီ၊ ဒီပေးနဲ့ ဒမ်ဘီလီတို့ တဂိုးစီထပ်သွင်းခဲ့ကြပါတယ်။

အယ်လ်ကလပ်စီကိုမတိုင်ခင် မက်ဒရစ်ကိုသတိပေးလိုက်တဲ့ ရာဖင်းညာ။ ။ အခုတော့ အာရုံစိုက်မှုက ဒီပိတ်ရက် လတ်စ်ဗီးဂတ်စ်မှာကန်ရမယ့် အယ်လ်ကလပ်စီကိုဆီရွှေ့ခဲ့ပြီဖြစ်ပြီး သူ့ရဲ့ဂိုးသွင်းပုံစံကောင်းကို ရာဖင်းညာက ဆက်လက်သယ်ဆောင်လာချင်နေပါတယ်။ ကစားသမားတယောက်ကတော့ ဘယ်သူနဲ့မဆို ဂိုးသွင်းဖို့ အမြဲကြိုးစားတာပါပဲ၊ ဒါပေမဲ့ ဒါက ဒါဘီတခုမှာဆိုရင်တော့ ပိုလို့တောင်ပဲပေါ့။”