နယ်သာလန် ထိပ်သီးကလပ် အေဂျက်ကတော့ မကြာမီမှာ ဒေါ့မွန်ဆီ ပြောင်းရွှေ့တော့မယ့် တိုက်စစ်မှူး ဟော်လာရဲ့ နေရာနဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့တော့မယ်လို့ သတင်းကြီးနေတဲ့ တောင်ပံတိုက်စစ် ကစားသမား အန်တိုနီတို့ရဲ့ နေရာတွေ အတွက် အစားထိုးမှု တရပ် အဖြစ် စပါးရဲ့ တောင်ပံတိုက်စစ် ကစားသမား ဘာ့ချ်ဝင့်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အသက် ၂၄နှစ် အရွယ် နယ်သာလန် လက်ရွေးစင် တိုက်စစ်ကစားသမား ဘာ့ချ်ဝင့်က တောင်ပံတိုက်စစ် နေရာမှာ အဓိကထား ကစားတတ်သူ တဦး ဖြစ်ပေမယ့် လိုအပ်ရင် လိုအပ်သလို တိုက်စစ်မှူး တဦး အဖြစ်ပါ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမားကောင်း တဦးပဲ ဖြစ်ပါတယ်။

ဘာ့ချ်ဝင့်က ၂၀၂၀ ခုနှစ်မှာ နယ်သာလန် နာမည်ကြီးကလပ် ပီအက်စ်ဗွီကနေ စပါးထံ ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့သလို ကာလရှည် စာချုပ်တရပ်လည်း ချုပ်ဆိုထားပေမယ့် အသင်းသစ် ၊ နယ်မြေသစ်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး စပါးအတွက် ၂ရာသီ ကစားပေးခဲ့ရာ သွင်းဂိုး ၈ဂိုးသာ သွင်းယူပေးထားနိုင်သလို ဂိုးဖန်တီးမှုကလည်း ၁၀ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ စပါးက ဘာ့ချ်ဝင့်ကို ယခု နွေဈေးကွက် အတွင်းမှာ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး တဖက်မှာတော့ အေဂျက်က အသင်းရဲ့ အဓိက တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ဟော်လာနဲ့ အန်တိုနီတို့ နှစ်ဦးစလုံးကို တပြိုင်နက်ထဲ ဆုံးရှုံးရဖို့ နီးစပ်နေတာကြောင့် ဘာ့ချ်ဝင့်ကို ခေါ်ယူဖို့ အသည်းအသန် ကြိုးစားနေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Mins သတင်းဌာနရဲ့ ဖော်ပြချက်အရ အေဂျက်က ဘာ့ချ်ဝင့်ကို ခေါ်ယူနိုင်ဖို့ စပါးနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရာမှာ ပြောင်းရွှေ့ကြေး ပေါင် ၂၀သန်း ဝန်းကျင်နဲ့ ဈေးတည့်သွားခဲ့ပြီး မကြာခင်မှာပဲ ဘာ့ချ်ဝင့်ရဲ့ အပြောင်းအရွှေ့ကို အဆုံးသတ်တော့မယ်လို့ သိရပါတယ်။ ဘာ့ချ်ဝင့်ကတော့ ပြီးခဲ့တဲ့ ဇွန်လထဲက အေဂျက်ထံ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားတာကြောင့် စပါးနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့ပြီးနောက် အေဂျက်က ဘာ့ချ်ဝင့်ကို ဆေးစစ်မှုတွေ ပြုလုပ်ဖို့ စီစဉ်နေပါပြီ။

တစ်ဖက်မှာလည်း မကြာသေးခင်ကမှ ကွင်းလယ်ပိုင်းအတွက် ပေါ်တိုအသင်းရဲ့ ပေါ်တူဂီကွင်းလယ်လူ ဖေဘီယိုဗီယာရာကို ခေါ်ယူအားဖြည့်ထားနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ တိုက်စစ်နေရာအတွက်ကိုလည်း လိဒ်စ်ယူနိုက်တက်အသင်းရဲက ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား ရာဖင်ညာကို အရခေါ်ယူချင်နေပြီး ကနဦးကမ်းလှမ်းချက် ပယ်ချခံထားရပေမယ့် နောက်တစ်ကြိမ် ထပ်မံကမ်းလှမ်းသွားဦးမယ်လို့ သိရှိရပါတယ်။

အူဘာမီယန်း လာကာဇက်တို့လို အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားတွေ မရှိတော့တဲ့နောက်ပိုင်း အားနည်းသွားဖွယ် ရှိနေတဲ့ အသင်းတိုက်စစ်ပိုင်းအတွက် ရာဖင်ညာလို အရည်အသွေးမြင့် ဘရာဇီးလ် ကစားသမားကောင်းမျိုးကို အလိုရှိနေတာဖြစ်သလို အထောင်တိုက်စစ်နေရာအတွက်လည်း ရာဖင်ညာရဲ့ လက်ရွေးစင် အသင်းဖော် ဂါဘရီရယ်ဂျေဇူးကိုပါ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်အသင်းရဲ့ နည်းပြအာတီတာနဲ့ နည်းစနစ်ဒါရိုက်တာအီဒူးတို့က ဘရာဇီးလ် တိုက်စစ်အတွဲအဖက်တွေဖြစ်တဲ့ ရာဖင်ညာနဲ့ ဂျေဇူးတို့ နှစ်ဦးလုံးကို အသင်းဆီ အရခေါ်ဆောင်နိုင်ဖို့ ကြိုးပမ်းလို့နေပါတယ်။

လတ်တလောမှာတော့ အာဆင်နယ်အသင်းဟာ လိဒ်စ်အသင်းရဲ့ တောင်ပံကစားသမား ရာဖင်ညာကို လန်ဒန်မြို့ခံအသင်းတွေဖြစ်တဲ့ ချယ်လ်ဆီး စပါးတို့နဲ့အပြိုင် စိတ်ဝင်စားနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာပဲ ပထမဆုံး တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် ဒီကမ်းလှမ်းချက်ကို လိဒ်စ်ဘက်က ငြင်းဆန်ပယ်ချခဲ့ပါတယ်။ လိဒ်စ်အသင်းက သူတို့ရဲ့ ကြယ်ပွင့်ကစားသမား ရာဖင်ညာအတွက် ပြောင်းရွှေ့ကြေး (၆၅)သန်းနဲ့ ကမ်းလှမ်းလာမှသာ ရောင်းချသွားဖို့ လက်ခံစဉ်းစားဖွယ် ရှိနေပြီး ကစားသမားကိုယ်တိုင်ကလည်း သူရဲ့ ကစားသမားဘဝ နောက်တစ်ဆင့် တတ်လှမ်းနိုင်ဖို့အတွက် ကလပ်အသင်းကြီး တစ်သင်းသင်းကို ပြောင်းရွှေ့ကစားချင်နေပါတယ်။

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ရာဖင်ညာကို အာဆင်နယ်အသင်းက အရခေါ်ဆောင်သွားဖို့ ဆုံးဖြတ်ထားပြီး ပထမဆုံး ကမ်းလှမ်းချက်က ပယ်ချခံထားရပေမယ့်လည်း နောက်ထပ် ကမ်းလှမ်းမှုတွေကို ဆက်လက် လုပ်ဆောင်သွားဖို့ အစီအစဉ် ရှိနေပါတယ်။ ဒါပေမယ့် ရာဖင်ညာကိုယ်တိုင်ကတော့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေထက် လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းဆီကိုသာ ပြောင်းရွှေ့ချင်နေပြီး ဘဏ္ဍာရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာက ကစားသမားရဲ့ ပြောင်းရွှေ့ကြေးအတွက် အဆင်မပြေ ဖြစ်နေတာကြောင့် ခေါ်ယူဖို့ လက်လျှော့လိုက်ရတာ ဖြစ်ပါတယ်။

ZAWGYI: နယ်သာလန် ထိပ်သီးကလပ် အေဂျက်ကတော့ မကြာမီမှာ ဒေါ့မွန်ဆီ ပြောင်းရွှေ့တော့မယ့် တိုက်စစ်မှူး ဟော်လာရဲ့ နေရာနဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့တော့မယ်လို့ သတင်းကြီးနေတဲ့ တောင်ပံတိုက်စစ် ကစားသမား အန်တိုနီတို့ရဲ့ နေရာတွေ အတွက် အစားထိုးမှု တရပ် အဖြစ် စပါးရဲ့ တောင်ပံတိုက်စစ် ကစားသမား ဘာ့ချ်ဝင့်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အသက် ၂၄နှစ် အရွယ် နယ်သာလန် လက်ရွေးစင် တိုက်စစ်ကစားသမား ဘာ့ချ်ဝင့်က တောင်ပံတိုက်စစ် နေရာမှာ အဓိကထား ကစားတတ်သူ တဦး ဖြစ်ပေမယ့် လိုအပ်ရင် လိုအပ်သလို တိုက်စစ်မှူး တဦး အဖြစ်ပါ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမားကောင်း တဦးပဲ ဖြစ်ပါတယ်။