လီဗာပူး ဟီးရိုး မက်မာနာမန် က မန်စီးတီး တိုက်စစ် ကစားသမား ဂါဘရီယဲလ် ဂျေးဇု အနေနဲ့ ချဲလ်ဆီး ၊ စပါး အသင်းတို့ကို ငြင်းပယ်ပြီး အာဆင်နယ် အသင်းကို ပြောင်းရွှေ့လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြား လိုက်ပါတယ် ။ မန်စီးတီး အသင်းဟာ ဒီနွေရာသီမှာ အယ်ဗာရက်ဖ် ၊ ဟာလန်း တို့ကို ခေါ်ယူ ခဲ့တာကြောင့် ဂျေးဇု ဟာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ် ။ ဂျေးဇု ဟာ မန်စီးတီး အသင်း နဲ့ စာချုပ် သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး ပရီးမီးယားလိဂ် ကလပ် အသင်း တစ်သင်းထံ ပြောင်းရွှေ့ကစားချင် နေပါတယ် ။

အာဆင်နယ် အသင်းဟာ အသင်းကနေ ထွက်ခွာသွားတဲ့ စီနီယာ တိုက်စစ်မှူး အူဘာမီယန်း နဲ့ လာကာဇက် နေရာ အစားထိုးဖို့ရာ နည်းပြ အာတေတာ နဲ့ မန်စီးတီး နဲ့ လက်တွဲ ခဲ့ဖူးတဲ့ ဂျေးဇု ကို ပစ်မှတ် ထားနေတာ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ဂျေးဇု ရဲ့ အပြောင်းအရွှေ့အတွက် လက်ရှိ အချိန်မှာ မန်စီးတီး အသင်း နဲ့ ဆွေးနွေး ပြောဆို နေပါတယ် ။ ဒါပေမယ့်လည်း အာဆင်နယ် အသင်းဟာ ဂျေးဇု ကို ခေါ်ယူနိုင်ရေးမှာ ချဲလ်ဆီး ၊ စပါး တို့နဲ့ အပြိုင် ကြိုးပမ်း ရဖွယ် ရှိနေပါတယ် ။

လီဗာပူး အသင်း ဂန္တဝင် မက်မာနာမန် က အာဆင်နယ် အသင်းဟာ ချဲလ်ဆီး နဲ့ စပါး တို့လို ချန်ပီယံလိဂ် ပြိုင်ပွဲ မကစားရပေမယ့် ဂျေးဇု ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြား သွားခဲ့ပါတယ် ။ ” ဂျေးဇု က အာဆင်နယ် အသင်းမှာ ရှိနေတဲ့ တိုက်စစ် ကစားသမားတွေထက် ပိုကောင်းသလား ဆိုရင် အဖြေကတော့ yes ပါပဲ ။ မန်စီးတီး ကတော့ ဂျေးဇု ကို ပျော်ပျော်ကြီး လက်လွှတ်လိုက်မှာပါ ၊ သူတို့က ဟာလန်း ကို ခေါ်ထားပြီးပြီဆိုတော့လေ ၊ သူ့ကြောင့် မန်စီးတီး အသင်းရဲ့တိုက်စစ် က ပိုမို တိုးတက်လာမှာလားဆိုရင် yes ပေါ့ဗျာ ။ ”

” ဂျေးဇု အနေနဲ့ ဟာလန်း ရောက်ရှိလာမှုကြောင့် အသင်းကနေ ထွက်ခွာချင်မှာပါ ၊ သူ အာဆင်နယ် ကိုသာ သွားရင် အဓိက ကစားသမား အဖြစ် ကစားခွင့် ရမှာပါ ၊ အာဆင်နယ် မှာ ပေါ်တူဂီ နဲ့ ဘရာဇီး ကစားသမားတွေ ရှိနေပါတယ် ၊ အာတေတာ ကလည်း ဂျေးဇု နဲ့ အရင်က အတူ တွဲလုပ်ဖူးပါတယ် ၊ သူ အဓိက ကစားသမား ဖြစ်ခွင့်ရမှာပါ ။ လာကာဇက် က ထွက်ခွာသွားပြီး အန်ကီတီးယား ကတော့ စာချုပ်သစ် ချုပ်ဆိုထားပါတယ် ။ ဂျေးဇု သာ အာဆင်နယ် ကို လာရင် အပတ်တိုင်း ကစားခွင့်လည်း ရမယ် ၊ အထောင်တိုက်စစ် နေရာကလည်း သူ့အတွက်ပါပဲ ။ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အပြောင်းအရွှေ့ တစ်ခု ဖြစ်မှာပါ ။ ”

” သူက ချဲလ်ဆီး တော့တင်ဟမ် တို့နဲ့လည်း သတင်းတွေ ထွက်နေပါတယ် ၊ နှစ်သင်းစလုံးက ချန်ပီယံလိဂ် ဝင်ခွင့် ရထားတာကြောင့် သူ့စိတ်ထဲမှာတော့ တွေးနေနိုင်ပါတယ် ။ တော့တင်ဟမ် ကို ပြောင်းရင် ဟယ်ရီကိန်း ၊ ဆွန်ဟောင်မင် တို့နဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်တာကြောင့် ဖြစ်နိုင်ချေ နည်းပါတယ် ။ ချဲလ်ဆီး ကတော့ စတာလင် ရောက်မလား လူကာကူ သွားမလား အပေါ် မူတည်သလို တခြားတိုက်စစ် ကစားသမားတွေလည်း ရှိနေပါတယ် ။ အာဆင်နယ် တစ်သင်းကပဲ ဂျေးဇု လို ကစားသမားမျိုးကို အသည်းအသန် လိုအပ်နေတာပါ ၊ ချန်ပီယံလိဂ် ဝင်ခွင့် မရထားတာပဲ ပြောစရာရှိတာပါ ။ဂျေးဇု က သူနဲ့ ရင်းနှီးတဲ့ နည်းပြ ရှိတဲ့ အသင်း ၊ လက်တွဲလုပ်ရတာ အဆင်ပြေတဲ့ အသင်းကိုပဲ သွားနိုင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ZAWGYI: လီဗာပူး ဟီးရိုး မက်မာနာမန် က မန်စီးတီး တိုက်စစ် ကစားသမား ဂါဘရီယဲလ် ဂျေးဇု အနေနဲ့ ချဲလ်ဆီး ၊ စပါး အသင်းတို့ကို ငြင်းပယ်ပြီး အာဆင်နယ် အသင်းကို ပြောင်းရွှေ့လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြား လိုက်ပါတယ် ။ မန်စီးတီး အသင်းဟာ ဒီနွေရာသီမှာ အယ်ဗာရက်ဖ် ၊ ဟာလန်း တို့ကို ခေါ်ယူ ခဲ့တာကြောင့် ဂျေးဇု ဟာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ် ။ ဂျေးဇု ဟာ မန်စီးတီး အသင်း နဲ့ စာချုပ် သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး ပရီးမီးယားလိဂ် ကလပ် အသင်း တစ်သင်းထံ ပြောင်းရွှေ့ကစားချင် နေပါတယ် ။