စီးတီး အသင်းဟာ ဂါဘရီရယ်ဂျေဆုနဲ့ စတာလင်တို့ကို ထွက်ခွာစေလိုပြီး သူတို့ကလည်း ပုံမှန်ပွဲထွက်ခွင့်ရရှိမဲ့ အသင်းကို ပြောင်းရွှေ့လိုတဲ့ ကစားသမားတွေရဲ့ ဆန္ဒကိုလည်း သိထားပါတယ်။ အဆိုပါ ကစားသမား ၂ ယောက်ဟာ ယခုနွေရာသီမှာ အီတီဟတ်ကနေ ထွက်ခွာလိုပြီး ဂျေဆုကတော့ အာဆင်နယ်ကို ပေါင် ၄၅ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ စတာလင်ကတော့ ချဲလ်ဆီးအသင်းရဲ့ စိတ်ဝင်စားမှုကို ခံနေရပြီး တူချယ်ဟာ တိုက်စစ်မှူးအသစ်ကို ပစ်မှတ်ထားနေတာပါ။

၂ ယောက်လုံးဟာ စီးတီးမှာ အောင်မြင်မှု ရရှိခဲ့ပေမဲ့ ပုံမှန်ပွဲထွက်ခွင့်တော့ မရရှိခဲ့ပါဘူး။ စတာလင်ဟာ အရင်က ပုံမှန် ပွဲထွက်ခွင့် ရရှိခဲ့ပေမဲ့ မကြာသေးမီ ရာသီတွေကမှ ဂွာဒီယိုလာဟာ ကစားသမားတွေကို အလှည့်ကျ အသုံးပြုခဲ့ပါတယ်။ ရလဒ်အနေနဲ့ကတော့ အင်္ဂလန်သားဟာ ပုံမှန်ပွဲထွက်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။ သူဟာ အရေးကြီးတဲ့ ပွဲစဥ်တွေမှာ မပါဝင်ခဲ့ရပဲ လက်ရှိ သူ့ရဲ့ အနာဂတ်အပေါ်မှာ သက်ရောက်မှု ရှိနေပါပြီ။ ဂျေဆုဟာ နံပါတ် ၉ နေရာမှာ သူ့ကိုယ်သူ အကောင်းဆုံးဖြစ်ဖို့ ရုန်းကန်ခဲ့ရပြီး အခုမှာတော့ ဟာလန်းရောက်ရှိလာပါပြီ။

စီးတီးအသင်းရဲ့ ကစားသမား အစုအဖွဲ့မှာ နေရာတိုင်းလိုလိုမှာ အင်အား တောင့်တင်းပါတယ်။ ဒါပေမဲ့ ဂွာဒီယိုလာက ပုံမှန် ပွဲထွက်ခွင့် ရရှိမဲ့ ကစားသမားကို မရွေးချယ်ရတာ အရမ်း မလွယ်ကူကြောင်း ပြောဆိုခဲ့ပါတယ်။ သူက ” ကျွန်တော်တို့ ပွဲစဥ်တိုင်းမှာ နည်းပြရပါတယ်။ ကျွန်တော်တို့ ဘယ်သူတွေက ကစားရပြီး ကျန် ၁၁ ယောက်ကတော့ မစားရဘူးဆိုတာ ပြောရပါတယ်။ ကျွန်တော်တို့ ကစားသမား အချို့ကို သူတို့ကတော့ မကစားရဘူးဆိုတာ ပြောပြရပါတယ်။ ”

“ဒီကစားသမားတွေကလည်း ခင်ဗျားက သူတို့ကို သဘောမကျဘူးလို့ တွေးမိကြမှာပါ။ ဒါဟာ အခက်ခဲဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီလောကကြီးမှာ ကျွန်တော်တို့ လုပ်ဆောင်နေရတာတွေက သဘောကျခံရဖို့ပါပဲ။ သူတို့ရဲ့ မိသားစုတွေနဲ့ ဒီမှာရှိနေတဲ့သူတွေ ၊ အထူးသဖြင့် သူတို့ရဲ့ နိုင်ငံကနေ ထွက်လာပြီး သူတို့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝကို ကစားဖို့ ရောက်လာတာပါ။ ပြီးတော့ ခင်ဗျားတို့ သူတို့ကို မကစားရဘူးလို့ ပြောဆိုရပါတယ်။ ခင်ဗျားတို့ အကောင်းဆုံး လုပ်နိုင်တာက ‘ မင်းတို့ နောက်ပွဲ ကစားရမယ် ‘ လို့ သွယ်ဝိုက်ပြောရတာပါပဲ။ ” လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက သူ မန်ချက်စတာစီးတီးကနေ ဖာရန်တောရက်စ်ကို ထွက်ခွာခွင့် ပြုလိုက်ချိန်က ဝေဖန်မှု အကြောင်းတွေကို ဂွာဒီယိုလာက ပြန်လည် ပြောပြလာခဲ့ပါတယ်။ စပိန် လက်ရွေးစင် ကစားသမားဟာ မန်ချက်စတာမြေမှာ ၁၈လသာ ကုန်ဆုံးခဲ့ရပေမဲ့ ဘာစီလိုနာ အသင်းရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။ ကတ်တလန်သားကြီးက အခြားသော အခွင့်အလမ်းတွေကို ကြိုးစားချင်နေတဲ့ ကစားသမားကို ခွင့်ပြုသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။ သူက ” ဒီနေရာမှာ မပျော်ရွှင်တာကြောင့် တစ်ခြားနေရာမှာ ပျော်ရွှင်ရမယ်လို့ ယုံကြည်ပြီး ခင်ဗျားတို့ ပြောင်းရွှေ့ချင်တယ်ဆိုရင် ခင်ဗျားတို့ လုပ်လိုက်ပါ။ ကစားသမား ဘဝဟာ တိုတောင်းလွန်းပါတယ်။ ”

” တစ်နေ့မှာတော့ ပြီးဆုံးသွားမှာပါပဲ။ တကယ်လို့ သူပြောင်းရွှေ့ချင်တယ်ဆိုရင် လုံးဝ စိတ်ပျက်စရာ မရှိပါဘူး။ ဒါဟာ သူ့ရဲ့ စိတ်ဆန္ဒပါ။ ကျွန်တော် သူ့အတွက် ပျော်ပါတယ်။ ” လို့ ပြောဆိုသွားခဲ့ပါတယ်။ စီးတီးအသင်းဟာ ယခုနွေရာသီမှာ ကစားသမားတွေ ထွက်ခွာသွားတာကြောင့် အစားထိုးမှု ပြုလုပ်ဖို့ ဆုံးဖြတ်ချက်တွေ လုပ်ဆောင်နေရပါတယ်။ အာဂျင်တီးနား လူငယ် ကစားသမား ဂျူလီယန်အဲဗာရက်ဟာ ဟာလန်းနဲ့အတူ ရောက်ရှိလာတဲ့ နောက်ထပ် တိုက်စစ်ရွေးချယ်မှု တစ်ခုပါ။ တောင်ပံတွေမှာတော့ ဖိုဒန် ၊ မာရက်နဲ့ ဂရေးလစ်ရှ်တို့ဟာ ပွဲထွက်ခွင့်အတွက် ပြိုင်ဆိုင်နေရတာပါ။ ဒါပေမဲ့ ဂွာဒီယိုလာက အသင်းကနေ ထွက်ခွာဖို့ ရွေးချယ်ထားတဲ့ ဘာနာဒိုဆေးဗားကို ထိန်းထားဖို့ တွေးနေခဲ့တာပါ။

ZAWGYI: စီးတီး အသင်းဟာ ဂါဘရီရယ်ဂျေဆုနဲ့ စတာလင်တို့ကို ထွက်ခွာစေလိုပြီး သူတို့ကလည်း ပုံမှန်ပွဲထွက်ခွင့်ရရှိမဲ့ အသင်းကို ပြောင်းရွှေ့လိုတဲ့ ကစားသမားတွေရဲ့ ဆန္ဒကိုလည်း သိထားပါတယ်။ အဆိုပါ ကစားသမား ၂ ယောက်ဟာ ယခုနွေရာသီမှာ အီတီဟတ်ကနေ ထွက်ခွာလိုပြီး ဂျေဆုကတော့ အာဆင်နယ်ကို ပေါင် ၄၅ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ စတာလင်ကတော့ ချဲလ်ဆီးအသင်းရဲ့ စိတ်ဝင်စားမှုကို ခံနေရပြီး တူချယ်ဟာ တိုက်စစ်မှူးအသစ်ကို ပစ်မှတ်ထားနေတာပါ။