အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား ရာဟင်း စတာလင် ဟာ မနေ့ကပဲ မန်စီးတီး အသင်းကနေ ချဲလ်ဆီး အသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် ၄၇.၅သန်း ၊ ၅နှစ် စာချုပ်နဲ့ တရားဝင် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။ အပြောင်းအရွှေ့ အပြီးသတ်ပြီးနောက် ၊ စတာလင် ဟာ လက်ရှိမှာ အသင်းရဲ့ အမေရိကန် ခရီးစဉ်သို့ ပူးပေါင်းလျက်ရှိပါတယ် ။ အသက် ၂၇နှစ် အရွယ်ရှိ စတာလင် ဟာ ပြီးခဲ့တဲ့ ၇နှစ် အတွင်း မန်စီးတီး အတွက် ပွဲပေါင်း ၃၃၉ပွဲ ကစားခဲ့ကာ ၊ ၁၃၁ဂိုး အထိ သွင်းယူပေးခဲ့သလို ၊ မေဂျာ ဆုဖလားပေါင်း ၁၁လုံး အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ် ။

ဒါ့အပြင် ၄င်းဟာ ချဲလ်ဆီးကို ပြောင်းလာတာကြောင့် ကစားသမား ဘဝ ပရီးမီးယားလိဂ် ထိပ်တန်း ၃ခုမှာ ကျင်လည်နိုင်တဲ့ မှတ်တမ်းကောင်း တခု ရလိုက်ပြီ ဖြစ်ပါတယ် ။ စတာလင် ဟာ လက်ရှိ ချဲလ်ဆီးရဲ့ တောင်ပံ တိုက်စစ်တွေမှာ ကစားနေတဲ့ ခရစ်တီယန် ပူလီဆစ် ၊ ဟာကင် ဇီယက်ခ်ျ ၊ တီမို ဗာနာနဲ့ ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်းတို့ထက်တော့ အဆုံးသတ် အပိုင်း ၊ အလိမ်အခေါက် အပိုင်း ၊ ဂိုးဖန်တီးမှု အပိုင်း ၊ အတွေ့အကြုံ အပိုင်းတွေမှာ အပြတ်အသတ် သာလွန်နေတယ် ဆိုတာတော့ ငြင်းဆန်မရပါဘူး ။

မန်စီးတီးနဲ့ အတူ ပရီးမီးယားလိဂ် ဖလား ၄ကြိမ် ဆွတ်ခူးထားခြင်းကို ကြည့်ရင် စတာလင် ဟာ ချဲလ်ဆီးရဲ့ title race မျှော်လင့်ချက် အတွက် အရောင်တင်ပေးမယ့် ကစားသမားမျိုး ဖြစ်တယ် ဆိုတာ လက်ခံရမှာ ဖြစ်ပါတယ် ။ သေချာတာကတော့ ၄င်းဟာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် အလိုရှိတဲ့ ဂိုးအရေအတွက်နဲ့ ဖန်တီးမှုတွေ လုပ်ပေးနိုင်စွမ်း ရှိပါတယ် ။ အင်္ဂလန် လက်ရွေးစင် အသင်းမှာ စတာလင်နဲ့ အတူ တွဲကစားနေတဲ့ ချဲလ်ဆီး ကွင်းလယ်လူ မေဆင်မောင့်နဲ့ ညာနောက်ခံလူ ရိစ်ဂျိမ်းစ်တို့က ယင်းမန်စီးတီးကြယ်ပွင့်ဟောင်း ဟာ ၄င်းတို့ အသင်း အတွက် ဘယ်လို ကောင်းကျိုးတွေ ယူဆောင်လာပေးမလဲ ဆိုတာ အခုလိုပဲ ထုတ်ဖော် ပြောဆိုခဲ့ပါတယ် ။

မောင့် က ” ရက်ဇ်ဟာ အတွေ့အကြုံရင့် ထိပ်တန်း ကစားသမား တယောက်ပါ ။ ပြီးခဲ့တဲ့ ၂နှစ် အတွင်း အင်္ဂလန် လက်ရွေးစင် အသင်းမှာ သူနဲ့ အတူ တွဲကစားခွင့် ရတာ ကျွန်တော့ အတွက် အရမ်း ကံကောင်းခဲ့ပါတယ် ။ သူဟာ လက်ရွေးစင် အဆင့်မှာ အသင်းခေါင်းဆောင် အဖြစ် ပွဲအနည်းငယ် တာဝန်ယူခဲ့ဖူးပါတယ် ။ သူဟာ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့တာ အသက် ၁၇နှစ် ၊ ၁၈နှစ် အရွယ်ကတည်းက ဖြစ်ပါတယ် ။ ဒီတော့ ကျွန်တော်ဟာ နောက်ဆုံး ၂နှစ် ၊ ၃နှစ် အတွင်း သူ့ဆီကနေ အများကြီး သင်ယူ လေ့လာခဲ့ရပါတယ် ။ ”

” သူ ကျွန်တော်တို့ဆီ ပြောင်းလာတာ အသင်းရဲ့ အဆင့်အတန်းကို ပိုပြီး မြင့်မားစေရုံပဲ ရှိပါမယ် ။ ကျွန်တော်တို့ရဲ့ အောင်မြင်မှု အပေါ် ဆာလောင်စိတ်ကို ခုထက် ပိုပြီး ပြင်းပြလာအောင် သူ သေချာပေါက် တွန်းပို့ပါလိမ့်မယ် ။ ဒါက ကျွန်တော်တို့ အလိုရှိတဲ့ အရာပါ ။ ဒီလို ကစားသမားမျိုးတွေကို ကျွန်တော်တို့ အမှန်တကယ် လိုအပ်ပါတယ် ။ ဒီတော့ သူ့ကို ချဲလ်ဆီးမှာ မြင်တွေ့ရတာ အရမ်း စိတ်လှုပ်ရှားစရာကောင်းပါတယ် ။ ကျွန်တော်တို့ဟာ ဒီနွေတတွင်းမှာ ခေါင်းဆောင်ကောင်း အနည်းငယ်ကို ဆုံးရှုံးထားရပါတယ် ။ ”

” အခု ရာဟင်း ရောက်ရှိလာခြင်းဟာ ကျွန်တော်တို့ကို ဦးဆောင်ပေးမယ့် ကစားသမား တယောက် တဖန် ပြန်တိုးလာတယ်လို့ ခံစားရစေပါတယ် ။ သူဟာ ဒီအစုအဖွဲ့ အတွက် ရှေ့ကနေ မားမားမတ်မတ် ဦးဆောင်ပေးပါလိမ့်မယ် ။ သူဟာ ကျွန်တော်တို့ကို ပိုကောင်းစေပါလိမ့်မယ် ။ သူဟာ winner တယောက် ဖြစ်ပြီး ၊ အသင်းလိုက် အနေနဲ့ ကျွန်တော်တို့ အတူ အောင်မြင်မှု အချို့ ဆွတ်ခူးလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ရိစ်ဂျိမ်းစ် က ” ရက်ဇ်ဟာ အသံတိတ်လည်း နေနိုင်သလို ၊ အသံကျယ်ကျယ်နဲ့လည်း ဦးဆောင်မှု ပေးနိုင်ပါတယ် ။ သူဟာ ကွင်းတွင်း ထိပ်တန်း ခြေစွမ်းရှိတဲ့ ကစားသမား တယောက် ဖြစ်ပြီး ၊ ကောင်းတဲ့ စိတ်ဓာတ် ခွန်အားတွေကို အသင်း အတွက် ယူဆောင်ပေးပါလိမ့်မယ် ။ ကွင်းတွင်း သူ့ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ကျွန်တော့မှာ စကား အများကြီး ပြောဖို့ မရှိပါဘူး ။ ပြီးခဲ့တဲ့ ၁၀နှစ် အတွင်း သူဟာ ဆုဖလား များစွာ ဆွတ်ခူးခဲ့ဖူးတာကြောင့် ၊ ကျွန်တော်တို့ အတွက်လည်း စပါယ်ရှယ် အခိုက်အတန့် အချို့ သယ်ဆောင်လာပေးဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ZAWGYI: အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား ရာဟင်း စတာလင် ဟာ မနေ့ကပဲ မန်စီးတီး အသင်းကနေ ချဲလ်ဆီး အသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် ၄၇.၅သန်း ၊ ၅နှစ် စာချုပ်နဲ့ တရားဝင် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။ အပြောင်းအရွှေ့ အပြီးသတ်ပြီးနောက် ၊ စတာလင် ဟာ လက်ရှိမှာ အသင်းရဲ့ အမေရိကန် ခရီးစဉ်သို့ ပူးပေါင်းလျက်ရှိပါတယ် ။ အသက် ၂၇နှစ် အရွယ်ရှိ စတာလင် ဟာ ပြီးခဲ့တဲ့ ၇နှစ် အတွင်း မန်စီးတီး အတွက် ပွဲပေါင်း ၃၃၉ပွဲ ကစားခဲ့ကာ ၊ ၁၃၁ဂိုး အထိ သွင်းယူပေးခဲ့သလို ၊ မေဂျာ ဆုဖလားပေါင်း ၁၁လုံး အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ် ။