ချဲလ်ဆီး နည်းပြကြီး သောမတ်တူချယ်က မန်စီးတီး တောင်ပံကစားသမား စတာလင် အတွက် တရားဝင် ကမ်းလှမ်းမှုတွေ မပေးပို့ခင် ၊ ကာယကံရှင် ဘောလုံးသမား ရဲ့ ဆန္ဒကို သိရှိနိုင်ဖို့ အတွက် ကြိုတင် ဆက်သွယ် ပြောဆိုမှုတွေ လုပ်ဆောင်လျှက် ရှိနေပါတယ်။ စတာလင် ဟာ လက်ရှိ အပြောင်းအရွှေ့မှာ တူချယ် လိုချင်တဲ့ ပစ်မှတ်တွေထဲက အဓိက တစ်ယောက် ဖြစ်ပါတယ်။ ဥရောပ ထိပ်သီးကလပ် အသင်းကြီးတွေက စတာလင်ဟာ လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခြင်း မရှိသည့်တိုင်အောင် ၊

လက်ရှိ အပြောင်းအရွှေ့မှာ မန်စီးတီး နဲ့ လမ်းခွဲလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။ ရီးလ်ရဲ မက်ဒရစ် ၊ ဘာစီလိုနာ တို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အကြောင်း အရိပ်ကဲ ပြခဲ့ကြသလို ၊ ကစားသမား ကိုယ်တိုင်ကတော့ ပွဲထွက် ကစားခွင့် အာမခံချက် နဲ့ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ အလားအလာကောင်းတဲ့ အသင်းမျိုးကိုပဲ ဦးစားပေး ရွေးချယ်လာဖွယ် ရှိနေပါတယ်။ ဒါကြောင့်လဲ ချဲလ်ဆီး က ချဉ်းကပ်လာမှု အပေါ် ယုံယုံကြည်ကြည် နဲ့ လက်ခံ စကားပြောနေတယ်လို့ ယူဆရပါတယ်။

သတင်းတွေ အရတော့ ချဲလ်ဆီး ဟာ တရားဝင် ကမ်းလှမ်းမှု ပေးပို့ဖို့ ပြင်ဆင်နေပြီလို့ ဆိုထားပြီး ၊ မန်စီးတီး ဘက်က ပြောင်းရွှေ့ကြေး အဖြစ် ပေါင် 50-60 သန်း အကြား လိုချင်နေပါတယ်။ လက်ရှိ ချဲဆီး ပူးတွဲပိုင်ရှင် တော့ဒ် ဘိုလီ ကလဲ တူချယ် အတွက် ကစားသမားသစ် 6 ယောက် အထိ ဖြည့်တင်းပေးမယ့် အကြောင်း ကတိပေးထားပြီးပါပြီ။ ယူဗင်တပ် ခံစစ်မှုး ဒီလစ်ကို ခေါ်ယူဖို့ ကြိုးစားနေပြီး ၊ တိုက်စစ်မှုး တီမို ဗာနာ က အပြောင်းအရွှေ့ ရဲ့ အစိတ်အပိုင်း တစ်ခု အဖြစ် ပါဝင်သွားဖွယ် ရှိနေပါတယ်။

အီတလီ က သတင်းတွေမှာတော့ ဒီလစ် ဟာ ချဲလ်ဆီး ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတာကြောင့် ယူဗင်တပ် က ကမ်းလှမ်းထားတဲ့ စာချုပ်သစ် ကိစ္စကို ငြင်းပယ်ထားတယ်လို့ ရေးသားနေကြည့်သည့်တိုင်အောင် ၊ အသင်းနဲ့ နီးစပ်သူ တစ်ချို့ကတော့ ကစားသမား နဲ့ ကလပ် အကြား ဘာပြသနာ မှ မရှိဘူးလို့ ပယ်ချထားပါတယ်။ တစ်ချို့သော ဥရောပ ကလပ်တွေကလဲ သူတို့ အသင်းမှာ မလိုတော့တဲ့ ကစားသမားစာရင်းတွေ ကို လက်ရှိ ယာယီ အားကစား ဒါရိုတ်တာ တာဝန်ယူထားတဲ့ ဘိုလီထံ ပေးပို့ထားတယ်လို့ သိရပြီး ၊

လိုအပ်ချက်တွေ နဲ့ ကိုက်ညီတဲ့ ကစားသမား ဆိုရင် အပြောင်းအရွှေ့ ကိစ္စတွေ အချိန်မရွေးပြောနိုင်တဲ့ အကြောင်း လမ်းကြောင်းလာဖွင့်လျှက် ရှိနေပါတယ်။ ချဲလ်ဆီး ဟာ လူကာကူ ကို အင်တာ မီလန် အသင်းဆီ အငှားချဖို့ အတွက် သဘောတူညီမှု ရရှိထားပါပြီ။ သို့သော် အဲဒီနေရာကို အစားထိုးဖို့ တိုက်စစ်မှုးစစ်စစ် ပုံစံမျိုး ခေါ်ယူသွားမှာ မဟုတ်ပါဘူး။ စတာလင် ကို ခေါ်ယူဖို့ ကြိုးစားပြီးတာ နဲ့ အခြား တစ်ဖက်မှာလဲ တူချယ် ရဲ့ တပည့်ဟောင်း ဖြစ်သူ ဒမ်ဘီလီ ကို ခေါ်ယူဖို့လဲ စိတ်ဝင်စားနေပါတယ်။

ဘာစီလိုနာ ဟာ ပြင်သစ် တောင်ပံ ကစားသမား ကို ဆက်ထိန်းဖို့ ကြိုးစားနေသည့်တိုင်အောင် ၊ လက်ရှိ အချိန်ထိ တိုးတက်မှု လက္ခဏာ လုံး၀ မတွေ့ရသေးပါဘူး။ ဒီလ ကုန်တာနဲ့ ဒမ်ဘီလီ နဲ့ ဘာစီလိုနာ တို့အကြား က စာချုပ်သက်တမ်းက ပြည့်မြောက်မှာ ဖြစ်လို့ ၊ ချဲလ်ဆီး အနေနဲ့ အလွတ်ကြေး နဲ့ ခေါ်ယူလို့ ရနေပါတယ်။ ဒါ့အပြင် အဲဗာတန် က ဘရာဇီး တိုက်စစ် ကစားသမား ရစ်ချာလီဆွန် ကိုလဲ စိတ်ဝင်စားနေပြီး ၊ မာဆေး ဆိုဒ် ကလပ်က ချဲဆီး ကစားသမားတွေ ဖြစ်တဲပ ဂယ်လာဟာ ၊ ဘီလီ ဂီလ်မာ တို့ကို ပြန်ပြီး ခေါ်ယူချင်နေပါတယ်။

ZAWGYI: ချဲလ်ဆီး နည်းပြကြီး သောမတ်တူချယ်က မန်စီးတီး တောင်ပံကစားသမား စတာလင် အတွက် တရားဝင် ကမ်းလှမ်းမှုတွေ မပေးပို့ခင် ၊ ကာယကံရှင် ဘောလုံးသမား ရဲ့ ဆန္ဒကို သိရှိနိုင်ဖို့ အတွက် ကြိုတင် ဆက်သွယ် ပြောဆိုမှုတွေ လုပ်ဆောင်လျှက် ရှိနေပါတယ်။ စတာလင် ဟာ လက်ရှိ အပြောင်းအရွှေ့မှာ တူချယ် လိုချင်တဲ့ ပစ်မှတ်တွေထဲက အဓိက တစ်ယောက် ဖြစ်ပါတယ်။ ဥရောပ ထိပ်သီးကလပ် အသင်းကြီးတွေက စတာလင်ဟာ လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခြင်း မရှိသည့်တိုင်အောင် ၊