ချဲလ်ဆီးတို့ဟာ မန်စီးတီး ကြယ်ပွင့်ကစားသမား ရိုင်ယန်စတာလင်းကို ခေါ်ယူဖို့ အတွက် မန်စီးတီးနဲ့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်တယ်လို့ သိရပြီး၊ စတာလင်းဟာ ချဲလ်ဆီးတို့အတွက် လက်ရှိ နွေ ဈေးကွက်ရဲ့ ပထမဆုံး ကစားသမား ခေါ်ယူမှု ဖြစ်လာခဲ့ပြီ။ ချဲလ်ဆီးတို့ဟာ အင်္ဂလန်သားကို ခေါ်ယူဖို့ အတွက် မန်စီးတီးအသင်းထံကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀) ဝန်းကျင် ပေးချေသွားရမှာ ဖြစ်ပြီး (၅)နှစ်စာချုပ်နဲ့ တစ်နှစ်သက်တမ်းတိုးခွင့်ပါရှိတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆို သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

စတာလင်း အနေနဲ့ ချဲလ်ဆီးမှာ တစ်ပတ်လုပ်ခပေါင် (၃)သိန်း လောက်အထိ ရရှိသွားမှာ ဖြစ်တယ်လို့လည်း သတင်းတွေ အရ သိရပါတယ်။ အသက်(၂၇)နှစ် ရှိနေပြီ ဖြစ်တဲ့ စတာလင်းဟာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာ ဖြစ်ပြီး၊ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ခဲ့ကာ အသင်းပြောင်းရွှေ့ဖို့အတွက်သာ ရွေးချယ် သွားခဲ့တာပဲ ဖြစ်ပါတယ်။ တစ်ပတ်ပေါင်(၃)သိန်း ဝန်းကျင်လောက် ရရှိမှာ ဖြစ်တဲ့ အတွက်ကြောင့် ချဲလ်ဆီးမှာ လစာအများဆုံး ရရှိနေတဲ့ ကစားသမားတွေထဲက ထိပ်ဆုံး (၃)ဦး စာရင်းထဲ ပါဝင်လာခဲ့ပြီလည်း ဖြစ်ပါတယ်။

စတာလင်းကို အပြီးသတ်ခေါ်ယူနိုင်ဖို့ အတွက် ဆေးစစ်မှုတွေ ပြုလုပ်ဖို့သာ ကျန်ရှိတော့တာ ဖြစ်ပြီး လီဗာပူးလ်ကစားသမား ဟောင်းအတွက် ချဲလ်ဆီးတို့ဟာ ကနဦးပြောင်းရွှေ့ကြေး ပေါင် (၄၇.၅)သန်းနဲ့ အပိုဆုကြေးအဖြစ် နောက်ထပ် ပေါင်(၂.၅)သန်း ပေးချေသွားရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးနည်းပြ ဖြစ်သူ တူချယ်ကိုင်တိုင်က စတာလင်းကို တော်တော်လေး သဘောကျလျက်ရှိနေတာပဲ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းနဲ့ ဆေးစစ်မှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာတော့ စတာလင်းဟာ အသင်းဖော်တွေနဲ့ ရာသီကြို ခရီးစဉ်ကိုလိုက်ပါဖို့ အမေရိကန်ကို လိုက်သွားရမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ (၂၀၁၅)ခုနှစ်တုန်းက မန်စီးတီး အသင်းထံကို လီဗာပူးလ်ကနေ ပြောင်းရွှေ့ကြေး ပေါင် (၄၄)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီးတော့ မန်စီးတီးနဲ့ (၇)နှစ်ကြာ ဖြတ်သန်းခဲ့ပြီးတဲ့နောက် ချဲလ်ဆီးအသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအတွက် (၃၃၉)ပွဲ အထိ ပါဝင်ကစားပေးခဲ့ပြီး၊ သွင်းဂိုးပေါင်း (၁၃၁)ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား (၄)ကြိမ်၊ ကာရာဘောင်ဖလား (၄)ကြိမ်နဲ့ အက်အေဖ်ဖလား (၁)ကြိမ် ရရှိ အောင်မြင်ခဲ့ပါတယ်။

ချဲလ်ဆီးတို့ စတာလင်းကိုခေါ်ယူခဲ့ရာမှာ အသင်းဟောင်း လီဗာပူးလ်ကလည်း ကြားဖြတ်ခေါ်ယူဖို့ ကြိုးစားခဲ့သေးတာ ဖြစ်ပြီး၊ နောက်ဆုံးမှာ ချဲလ်ဆီးကသာ လက်ဦးမှု ရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ စတာလင်းပြီးနောက် နောက်ထပ် မန်စီးတီး ကစားသမားတစ်ဦးဖြစ်တဲ့ နောက်ခံလူ နေသန်အကီကိုခေါ်ယူဖို့ ချဲလ်ဆီးတို့ ပြင်ဆင်လျက် ရှိနေတယ်လို့ သိရပါတယ်။ အကီဟာ ချဲလ်ဆီး ကစားသမား ဟောင်းဖြစ်ပြီး (၂၀၁၇)ခုနှစ်တုန်းက ဘုန်းမောက်ထံ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီ တုန်းက မန်စီးတီးထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး၊ မန်စီးတီး အတွက် ပြိုင်ပွဲစုံ ပွဲ (၄၀) ပါဝင်ကစားခွင့်ရခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်တွေထဲမှာ အကီကိုခေါ်ယူဖို့နဲ့ ပတ်သက်ပြီး မန်စီးတီးနဲ့ စကားပြောဆိုမှုတွေ ရှိခဲ့တယ်လို့ သတင်းတေက ဖော်ပြခဲ့ပြီး မန်စီးတီးတို့ဟာ နယ်သာလန်နောက်ခံလူ အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း (၄၀) ဝန်းကျင်လောက် အလိုရှိနေတယ်လို့ သိရပါတယ်။

ZAWGYI: ချဲလ်ဆီးတို့ဟာ မန်စီးတီး ကြယ်ပွင့်ကစားသမား ရိုင်ယန်စတာလင်းကို ခေါ်ယူဖို့ အတွက် မန်စီးတီးနဲ့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်တယ်လို့ သိရပြီး၊ စတာလင်းဟာ ချဲလ်ဆီးတို့အတွက် လက်ရှိ နွေ ဈေးကွက်ရဲ့ ပထမဆုံး ကစားသမား ခေါ်ယူမှု ဖြစ်လာခဲ့ပြီ။ ချဲလ်ဆီးတို့ဟာ အင်္ဂလန်သားကို ခေါ်ယူဖို့ အတွက် မန်စီးတီးအသင်းထံကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀) ဝန်းကျင် ပေးချေသွားရမှာ ဖြစ်ပြီး (၅)နှစ်စာချုပ်နဲ့ တစ်နှစ်သက်တမ်းတိုးခွင့်ပါရှိတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆို သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။