ချဲလ်ဆီး အသင်းဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း မန်စီးတီး အသင်းကနေ အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား ရာဟင်း စတာလင် ၊ နာပိုလီ အသင်းကနေ ဆီနီဂေါ လက်ရွေးစင် ဝါရင့် ခံစစ်မှူး ကာလီဒူ ကူလီဘာလီတို့ကို ပေါင်သန်း ၈၀ ဝန်းကျင် သုံးစွဲကာ ခေါ်ယူထားပါတယ် ။ ကူလီဘာလီ ဟာ ခံစစ်အား လိုအပ်နေတဲ့ ချဲလ်ဆီး အတွက် မဖြစ်မနေ ခေါ်ယူမှုမျိုး ဖြစ်ပေမယ့် ၊ တိုက်စစ် ကစားသမား အများအပြား ရှိနေတဲ့ကြားက စတာလင်ကို ခေါ်ယူခဲ့ခြင်းကတော့ အသင်းရဲ့ တိုက်စစ် အရည်အသွေး တိုးတက်စေဖို့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ် ။

စတာလင် ရောက်ရှိလာတာကြောင့် ချဲလ်ဆီးရဲ့ နဂို တောင်ပံ ကစားသမား ၅ဦးမှ ၂ဦးလောက် ဟာ အနာဂတ် အတွက် မရေရာမှု များစွာနဲ့ ရင်ဆိုင်လာရပြီ ဖြစ်ပါတယ် ။ ဟာကင် ဇီယက်ခ်ျ ၊ တီမို ဗာနာနဲ့ ခရစ်တီယန် ပူလီဆစ်တို့ဟာ ထိုစာရင်းထဲမှာ အပါအဝင် ဖြစ်ကြပါတယ် ။ တဖက်မှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ ညာတောင်ပံ တိုက်စစ်ကို ထပ်မံ အားဖြည့်ချင်နေသေးတယ်ဆိုတာ ဘာစီလိုနာ ရောက်သွားတဲ့ ရာဖင်ဟာ ၊ ဘာစီလိုနာက မထွက်ဖြစ်တော့တဲ့ အူစမန် ဒမ်ဘီလီ ၊ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ် ချုပ်နိုင်ခဲ့တဲ့ ဆာ့ဂ်ျ ဂနာဘရီတို့ကို ပစ်မှတ်ထားခဲ့တာကို ကြည့်ပြီး သိနိုင်မှာ ဖြစ်ပါတယ် ။

ချဲလ်ဆီး ကစားသမားဟောင်း တဦး ဖြစ်တဲ့ ဂျေဆင် ကန်ဒီကတော့ ညာတောင်ပံ တိုက်စစ် အတွက် ဘယ်အသင်းကမှ ပစ်မှတ်မထားနေတဲ့ ဝက်စ်ဟမ်း စတား ဂျရော့ဒ် ဘိုဝမ်ကို ချဲလ်ဆီးတို့ ခေါ်ယူဖို့ ကြိုးစားသင့်ကြောင်း တိုက်တွန်းရင်း ၊ ၄င်းဟာ ဗာနာထက် ပိုကောင်းကြောင်းပါ မှတ်ချက်ပေးခဲ့ပါတယ် ။ Talksport နဲ့ တွေ့ဆုံခဲ့ရာမှာ ကန်ဒီ က ” ဘိုဝမ် ဟာ ဝက်စ်ဟမ်းမှာ အထူး ခြေစွမ်း ပြထားပါတယ် ။ ဒါ့အပြင် သူဟာ ခင်ဗျားကို မတူညီတဲ့ နည်းစနစ် အသုံးပြုလို့ ရစေနိုင်တဲ့ ကစားသမား ဖြစ်ပြီး ၊ အံ့သြဖွယ် ဘယ်ခြေကိုလည်း ပိုင်ဆိုင်ထားပါတယ် ။ သူ့ရဲ့ အဆုံးသတ်စွမ်းရည် က အထူး ကောင်းမွန်ပါတယ် ။ ”

” ပြိုင်ဖက် ကစားသမားတွေ့နဲ့လည်း သူဟာ ခွန်အားချင်း ပြိုင်ဆိုင်နိုင်ပါတယ် ။ လက်ရှိ အပြောင်းအရွှေ့ စျေးကွက် အတွင်း သူနဲ့ ပတ်သက်တဲ့ ကောလဟလတွေ နည်းနည်းမှ ထွက်မနေတာကို ကျွန်တော် အံ့သြမိပါတယ် ။ ကျွန်တော့ အမြင်မှာ သူဟာ တီမို ဗာနာထက် ပိုကောင်းပြီး ၊ ဗာနာနဲ့လည်း ကစားပေါက် တူပါတယ် ။ ကျွန်တော်သာ ဆိုရင်တော့ ဘိုဝမ်ကို သေချာပေါက် ခေါ်မှာပါ ။ ဝက်စ်ဟမ်းဖက်က သူ့အတွက် ပေါင်သန်း ၅၀ ၊ ၆၀ထက် နည်းတဲ့ ကမ်းလှမ်းမှုတွေကို လက်ခံလောက်မှာ မဟုတ်ပါဘူး ။ ဒါဟာ သူ လက်ရှိ ရောက်ရှိနေတဲ့ နေရာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ စတာလင် ရောက်လာပြီးနောက် အနာဂတ် ယိမ်းယိုင်စ ပြုနေတဲ့ ဗာနာကလည်း Daily Mail နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ကမ္ဘာ့ဖလား ဆင်နွှဲခွင့် ရဖို့ ကလပ်မှာ ပွဲကစားခွင့်တွေ လိုအပ်ကြောင်း အခုလိုပဲ ထုတ်ဖော် ပြောဆိုခဲ့ပါတယ် ။ ဗာနာ က ” ပထမဆုံး အနေနဲ့ အရေးကြီးဆုံး အရာ က ကျွန်တော် ကိုယ်တိုင် ပျော်ရွှင်နေဖို့ပါပဲ ။ ကစားခွင့် ရတဲ့အခါတိုင်း ၊ ဂိုးသွင်းနိုင်တဲ့ အခါတိုင်း ကျွန်တော် ပျော်ပါတယ် ။ ဒါက အမှန်တရားပါပဲ ။ ဒါကို အရင်ဆုံး ဦးစားပေးပြီးမှ နောက်အရာတွေ ကျွန်တော် စဉ်းစားတာပါ ။ ”

” ကျွန်တော် ကစားခွင့် ပိုရချင်သလို ၊ ကမ္ဘာ့ဖလားမှာ နေရာတနေရာ ရဖို့ ပုံမှန် ပွဲကစားခွင့် ရသင့်တယ်လို့လည်း ထင်ပါတယ် ။ နွေရာသီမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလား ဖြစ်ဖြစ် ၊ ဆောင်းရာသီမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလား ဖြစ်ဖြစ် ကလပ်အဆင့်မှာ ရာသီဝက် ( သို့မဟုတ် ) တရာသီ ကစားခွင့် ရထားတယ် ဆိုရင် ကမ္ဘာ့ဖလား ဆင်နွှဲခွင့် ရှိသင့်တယ်လို့ ယူဆပါတယ် ။ ဒါဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီနဲ့ ဘာမှ မကွာခြားပါဘူး ။ ”

” မနှစ်က ရိုမီလူ ကျွန်တော်တို့ဆီ ပြောင်းလာတုန်းက တိုက်စစ် ပွဲကစားခွင့် တနေရာ အတွက် အကြိတ်အနယ် ပြိုင်ဆိုင်ခဲ့ရပြီးပါပြီ ။ အခုလည်း ဒီအတိုင်းပါပဲ ။ ချဲလ်ဆီးလို အသင်းကြီးမှာ ခင်ဗျား အတွက် ပြိုင်ဆိုင်မှုတွေက အမြဲတမ်း ရှိနေမှာပါ ။ ရာသီကြို ပြင်ဆင်မှု ကာလတွေမှာတော့ ခင်ဗျားမှာ ပွဲထွက် ၁၁ယောက်မှာ ပါဝင်ခွင့် ရဖို့ ထိုက်တန်ကြောင်းတော့ ပြသခွင့် ရှိပါတယ် ။ ဒီအတွက် အခု ကျွန်တော် ကြိုးစားနေတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ZAWGYI: ချဲလ်ဆီး အသင်းဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း မန်စီးတီး အသင်းကနေ အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား ရာဟင်း စတာလင် ၊ နာပိုလီ အသင်းကနေ ဆီနီဂေါ လက်ရွေးစင် ဝါရင့် ခံစစ်မှူး ကာလီဒူ ကူလီဘာလီတို့ကို ပေါင်သန်း ၈၀ ဝန်းကျင် သုံးစွဲကာ ခေါ်ယူထားပါတယ် ။ ကူလီဘာလီ ဟာ ခံစစ်အား လိုအပ်နေတဲ့ ချဲလ်ဆီး အတွက် မဖြစ်မနေ ခေါ်ယူမှုမျိုး ဖြစ်ပေမယ့် ၊ တိုက်စစ် ကစားသမား အများအပြား ရှိနေတဲ့ကြားက စတာလင်ကို ခေါ်ယူခဲ့ခြင်းကတော့ အသင်းရဲ့ တိုက်စစ် အရည်အသွေး တိုးတက်စေဖို့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ် ။