ရေမွန်ဆန်းချက်ဇ်ပစ်ဟွမ်းကွင်းကြီးမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ ရိန်းဂျားစ်တို့ကိုအနိုင်ယူပြီးနောက် သူတို့ရဲ့သမိုင်းမှာ ဒုတိယမြောက်ယူရိုပါလိဂ်ဖလားကြီးကို အင်းထရက်ချ်ဖရန့်ဖာ့တ်တို့ အနိုင်ရရှိခဲ့ပြီဖြစ်ပါတယ်။ ပထမပိုင်းဂိုးမဲ့သရေနဲ့ပြီးခဲ့တဲ့နောက် ဒုတိယပိုင်းမှာ ဖရန့်ဖာ့တ်နောက်တန်းအမှားကိုအခွင့်ကောင်းယူပြီး ဂျိုးအာရီဘိုက ရိန်းဂျားစ်တို့အတွက် အဖွင့်ဂိုးသွင်းခဲ့ပေမဲ့ ဖရန့်ဖာ့တ်တို့က ချေပဂိုးပြန်သွင်းပြီး အချိန်ပို၊ ပင်နယ်တီအထိရောက်အောင် သယ်သွားခဲ့တာပါ။

အာရီဘိုဂိုးနဲ့ ၁၂ မိနစ်လောက်အကွာမှာ ဖိလစ်ကော့စတစ်ရဲ့ဖြတ်တင်ပေးပို့မှုကို ရာဖယ်လ်ဘိုရီကဂိုးအဖြစ်ပြောင်းလဲပြီး ဖရန့်ဖာ့တ်တို့ ဂိုးလယ်ဗယ်ပြန်ရခဲ့ပါတယ်။ ပွဲချိန်မိနစ်ကိုးဆယ်အတွင်းမှာရော အချိန်ပိုနှစ်ပိုင်းနာရီဝက်မှာပါ ဘယ်အသင်းမှ အနိုင်ဂိုးမရှာနိုင်ခဲ့ဘဲ ပင်နယ်တီအဆုံးအဖြတ်ကိုရောက်ရှိသွားခဲ့ပါတယ်။ ပင်နယ်တီမှာတော့ ရိန်းဂျားစ်ဘက်က တာဗားနီးယားစ်၊ ဒေးဗစ်၊ စကော့အာဖီးလ်တို့ ဆက်တိုက်ဝင်ပြီး လေးလုံးမြောက်တာဝန်ယူရတဲ့ အာရွန်ရမ်ဆေးကလွဲချော်ခဲ့ပါတယ်။

ဖရန့်ဖာတ်ဘက်က လန့်ဇ်၊ ရူးစတစ်၊ ကာမာဒါ၊ ကော့စတစ်တို့ အစဉ်လိုက်ဂိုးဝင်ခဲ့ကြပါတယ်။ ရိန်းဂျားစ်ရဲ့ငါးလုံးမြောက်တာဝန်ယူတဲ့ ကေမာရုဖ်ဂိုးလည်းဝင်သွားတဲ့အခါ ဖရန့်ဖာ့တ်တို့ဘက်က ငါးလုံးမြောက်သွင်းသူ ဂိုးဝင်မဝင်က အဆုံးအဖြတ်ဖြစ်သွားခဲ့ပါတယ်။ ဒီဂိုးကို ချေပဂိုးသွင်းတဲ့ ဘိုးရီကပဲသွင်းပြီး ဒီညအတွက် ဒုတိယအကြိမ်သူရဲကောင်းဖြစ်ခွင့်ထပ်ရသွားစေခဲ့ပါတယ်။ ဂိုးဘယ်ခြမ်းအပေါ်ထောင့်ထဲကို သူ့ဂိုးဝင်သွားတဲ့အခါ ဖရန့်ဖာတ်တို့ကို ယူရိုပါလိဂ်ဖလားကြီးရရှိစေရုံသာမက လာမယ့်ရာသီချန်ပီယံလိဂ်မှာ အုပ်စုတနေရာတိုက်ရိုက်ဝင်ခွင့်လည်း ရရှိသွားစေခဲ့ပါတော့တယ်။

ရိန်းဂျားစ်တို့ခမျာတော့ တလျှောက်လုံးအားကုန်ကြိုးစားခဲ့သမျှ သဲထဲရေသွန်ဖြစ်ခဲ့ရပြီး အချိန်ပိုနှောင်းပိုင်းမှာ အနိုင်ဂိုးရနိုင်ခဲ့တဲ့ရိုင်ယန်းကန့်ရဲ့အခွင့်အရေးနဲ့ ရမ်ဆေးလွဲတဲ့ပင်နယ်တီတို့အတွက် နာကျင်နေကြရတော့မှာပါ။ ဖိုင်နယ်ကျင်းပရာ ဆီဗီးလ်ကို ပရိသတ်တသိန်းဝန်းကျင်အထိ လိုက်ပါအားပေးကြတဲ့ ရိန်းဂျားစ်ပရိသတ်များအတွက် ကြေကွဲစရာပါပဲ။ ကွင်းထဲမှာ မျက်ရည်မဆည်နိုင်ဖြစ်နေကြတဲ့ ရိန်းဂျားစ်ဖန်များကိုလည်း စိတ်မကောင်းစရာတွေ့ကြရပါတယ်။

“ကြီးမားလွန်းတဲ့စိတ်ပျက်ရခြင်းပါပဲ။ အခုချက်ချင်း ပြန်လည်သုံးသပ်ဖို့က ခက်ခဲနေပါတယ်။ ကောင်လေးတွေက အကြီးအကျယ်ကိုထူးချွန်ပြောင်မြောက်ခဲ့ကြတာပါ၊ ဒါပေမဲ့ ဒီနေ့ညတော့ နာကျင်ရပါတယ်။ ကံမကောင်းစွာနဲ့ပဲ ကျနော်တို့က ပင်နယ်တီရဲ့မှားယွင်းတဲ့ဘက်မှာ ရောက်ရှိခဲ့ကြပါတယ်။ ဖိုင်နယ်တခုကိုခင်ဗျားရောက်ပြီး ဖလားနဲ့အတူပြန်မလာနိုင်တဲ့အခါတိုင်း နာကျင်ရပါတယ်။”

“ဒါပေမဲ့ ဒီကောင်လေးတွေ၊ ဝန်ထမ်းတွေနဲ့ ဖန်တွေအတွက် ကျနော်ဒီ့ထက်ပိုပြီး ဂုဏ်ယူနိုင်စရာမရှိတော့ပါဘူး။ ကွင်းထဲမှာ အရာအားလုံးကို ကျနော်တို့ချန်ထားရစ်ခဲ့ကြပါတယ်။ လက်ခံဖို့နာကျင်ရတဲ့အရာတခုဖြစ်တော့မှာပါ။ ဒီအဆင့်ကိုနောက်တခါပြန်ရောက်ဖို့ ဘယ်လောက်တောင်ခက်ခဲမလဲဆိုတာ ကျနော်တို့သိကြပါတယ်။” လို့ ရိန်းဂျားစ်ကွင်းလယ်ကစားသမား စတီဗင်ဒေးဗစ်က ပွဲအပြီးမှာ နာကျင်စွာပြောပြခဲ့ပါတယ်။

ZAWGYI: ရေမွန်ဆန်းချက်ဇ်ပစ်ဟွမ်းကွင်းကြီးမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ ရိန်းဂျားစ်တို့ကိုအနိုင်ယူပြီးနောက် သူတို့ရဲ့သမိုင်းမှာ ဒုတိယမြောက်ယူရိုပါလိဂ်ဖလားကြီးကို အင်းထရက်ချ်ဖရန့်ဖာ့တ်တို့ အနိုင်ရရှိခဲ့ပြီဖြစ်ပါတယ်။ ပထမပိုင်းဂိုးမဲ့သရေနဲ့ပြီးခဲ့တဲ့နောက် ဒုတိယပိုင်းမှာ ဖရန့်ဖာ့တ်နောက်တန်းအမှားကိုအခွင့်ကောင်းယူပြီး ဂျိုးအာရီဘိုက ရိန်းဂျားစ်တို့အတွက် အဖွင့်ဂိုးသွင်းခဲ့ပေမဲ့ ဖရန့်ဖာ့တ်တို့က ချေပဂိုးပြန်သွင်းပြီး အချိန်ပို၊ ပင်နယ်တီအထိရောက်အောင် သယ်သွားခဲ့တာပါ။