ဖရန့်လမ်းပတ်ဟာ အသင်းဟောင်းနဲ့ တွေ့ဆုံတဲ့ပွဲမှာ အဲဗာတန် အသင်းကို အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အဲ​ဗာတန် အသင်းဟာ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ကနေ ရှောင်ရှားနိုင်မဲ့ သူတို့ရဲ့ အခွင့်အရေးကို တနင်္ဂနွေနေ့မှာ ချဲလ်ဆီး အသင်းကို အနိုင်ရရှိခဲ့ပြီး မြှင့်တင်နိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး ရစ်ချာလီဆန်ဟာ ဒုတိယပိုင်းစတင်ပြီး ၂ မိနစ် အကြာမှာပဲ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ တူချယ်ရဲ့ ချဲလ်ဆီး အသင်းကတော့ အဆုံးထိ ဖိအားပေး ကစားခဲ့ပေမဲ့ သူတို့ရဲ့ လမ်းကြောင်းမှာ ပိတ်ဆို့မှုတွေ ရှိနေခဲ့ပါတယ်။ ပစ်ဖို့ဟာ နောက်ကျမိနစ်တွေမှာ ဧည့်သည်အသင်း ချေပဂိုး ရရှိသွားနိုင်တဲ့ ကြိုးပမ်းမှုတွေအတွက် အရမ်းကောင်းမွန်တဲ့ ကာကွယ်မှု ၃ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ အဲဗာတန် အသင်းကတော့ ၂ မှတ်အသာနဲ့ တန်းဆင်းဇုန် အထက်မှာ ရပ်တည်နိုင်ခဲ့ပြီး ဘန်လေရဲ့ နိုင်ပွဲကို တုန့်ပြန်နိုင်ခဲ့ပါတယ်။ ကဲ ဂွတ်ဒီဆင်ပါ့ခ်က ပြောစရာ အချက် ၆ ချက်ကို ကြည့်လိုက်ရအောင်ဗျာ။

(၁) နွေးထွေးစွာ ကြိုဆိုခံခဲ့ရတဲ့ အဲဗာတန်။ ။ စနေနေ့ညမှာ အဲဗာတန် ပရိတ်သတ်တွေက ချဲလ်ဆီး အသင်းရဲ့ ဟိုတယ် အပြင်ဘက်မှာ မီးပန်းတွေ ပစ်ဖောက်ခဲ့ကြပါတယ်။ ဂျော်ဂျင်ဟိုနဲ့ သူ့ရဲ့ အသင်းဖော်တွေကတော့ ညအိပ်ရာမှာ နှောင့်ယှက်ခြင်း ခံခဲ့ရပါတယ်။ စကိုင်းစပေါ့မှာ ” အတော်လေးကို နားညီးခဲ့တာပါ။ ကျွန်တော် နိုးလာတဲ့အချိန် ဒါ ဘာအသံလဲပေါ့? ဒါပေမဲ့ ဒါတွေ ဖြစ်လာနိုင်တယ်ဆိုတာ ကျွန်တော်တို့ သတိထားမိခဲ့ပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။ ပွဲစဥ် ကစားမဲ့ နေ့မှာတော့ ပရိတ်သတ်တွေက အဲဗာတန် အသင်းရဲ့ ဘတ်စ်ကားကို မိုးပြာရောင် မီးခိုးတွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။ အသင်းခေါင်းဆောင် ကိုးမန်းက ” ဒီလို ပရိတ်သတ်တွေကို မြင်ရတာဟာ အသင်းအတွက် ကြီးမားတဲ့ ခွန်အားတစ်ခုပါ။ အဲဗာတန် အသင်းသားတွေနဲ့ ပတ်သတ်ပြီး မေးခွန်းတွေ ရှိမယ်လို့မထင်ပါဘူး။ အသင်းအတွက် သူတို့ထားရှိတဲ့ အချစ်တွေကို နားလည်ပါတယ်။ သူတို့ကလည်း သူတို့ရဲ့ အတတ်နိုင်ဆုံး နည်းလမ်းနဲ့ ပြသချင်ခဲ့တာပါ။ ” လို့ ပြောဆိုခဲ့ပါတယ်။

(၂) အားပြိုင်မှုများ။ ။ အဲဗာတန် အသင်းကတော့ ခုခံခဲ့ရပြီး ပထမတစ်ပိုင်းလုံး ချဲလ်ဆီး အသင်းရဲ့ ကြိုးပမ်းမှုကို တားဆီးခဲ့ပါတယ်။ ဘောလုံးရဲ့ အနှစ်သာရ ပေးစွမ်းနိုင်ရမဲ့အစား အဲဗာတန် အသင်းကတော့ ချဲလ်ဆီးအသင်းရဲ့ အရိပ်အောက်မှာ ယှဥ်ပြိုင်ခဲ့ရပါတယ်။ တူချယ်ကတော့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကြောင့် စိတ်ပျက်ခဲ့ရပါတယ်။ ဂျော်ဂျင်ဟိုနဲ့ ရူဒီဂါတို့က ဂေါ်ဒွန်ကို ပစ်ဒဏ်ဘော ​ကျူးလွန်ခဲ့ပြီး ၁၇ မိနစ်မှာတော့ ကစားပုံကြမ်းတမ်းခဲ့တဲ့ ရူဒီဂါကို အဝါကဒ်ပြသခဲ့ပါတယ်။ ပထမပိုင်း မပြီးဆုံးခင် ပြောစရာ အချက်ရှိခဲ့ပါတယ်။ အဲတာကတော့ မောင့်ဟာ ရယ်ရီမီနာကို တွန်းခဲ့တဲ့အတွက် အဝါကဒ်ပြသခံခဲ့ရတာပါ။ ၂ဖက်လုံးအတွက် ပစ်ဒဏ်ဘောတွေ မကြာခဏ ရရှိခဲ့တာကြောင့် အသင်းခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုးမန်းနဲ့ အက်ဇ်ပီလီကျူတာ တို့ကတော့ တစ်ယောက်နဲ့တစ်ယောက် သဘောထားကွဲလွဲနေတာကို တွေ့မြင်ရမှာပါ။ သူတို့ ၂ ယောက်လုံးဟာ သူတို့ရဲ့ အပြုအမူကြောင့် အဝါကဒ်ကိုယ်စီ ပြသခံခဲ့ရပါတယ်။

(၃) ထိရောက်ခဲ့တဲ့ လမ်းပတ်ရဲ့ဗျူဟာ။ ။ လမ်းပတ်ရဲ့ အဲ​ဗာတန်အသင်းဟာ ချဲလ်ဆီးနဲ့ပွဲမှာ တိုက်စစ်ကောင်းကောင်း ဆင်နိုင်ခဲ့ပြီး ကမ္ဘာ့ ချန်ပီယံ အသင်းနဲ့ ရင်ဆိုင်ရချိန် လိုအပ်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ချဲလ်ဆီး အသင်းကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။ အဲဗာတန် အသင်းဟာ ပထမပိုင်းမှာ ခုခံကစားခဲ့ရပြီး ဧည့်သည်အသင်းကတော့ ဘောလုံးပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမဲ့ တစ်ကြိမ်တောင် ဂိုးပေါက် ကန်သွင်းနိုင်ခြင်း မရှိခဲ့ပါဘူး။ ဧည့်သည် ပရိတ်သတ်တွေကတော့ စိတ်ပျက်ခဲ့ရပါတယ်။

ဒါပေမဲ့ အိမ်ကွင်းပရိတ်သတ်တွေကတော့ ပြီးခဲ့တဲ့ ၄ ပတ်လောက်က သူတို့ ယူနိုက်တက်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့အတိုင်း အဲဗာတန်က စွမ်းဆောင်နိုင်ခဲ့တာကြောင့် ကျေနပ်ခဲ့ရပါတယ်။ သူတို့ဟာ လီဗာပူး အသင်းကို ၂ဂိုး ပြတ် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ်ကလိုပဲ ချဥ်းကပ်ခဲ့ပါတယ်။ သူတို့ဟာ ချဲလ်ဆီး အသင်းထက်တောင် ဂိုးရရှိနိုင်ချေ ပိုမိုများပြားခဲ့ပါတယ်။ အခုချိန်အထိတော့ အဲဗာတန် အသင်းအတွက် အခြေအနေကောင်းနေဆဲပါ။

(၄) အနိုင်ဂိုးရှင် ရစ်ချာလီဆန်။ ။ ပထမပိုင်း တစ်မှတ်စီ ခွဲယူနိုင်ခဲ့တဲ့ အနေအထားဟာ အဲဗာတန် အသင်းအတွက် ကောင်းတယ်လို့ ဆိုရမှာပါ။ လမ်းပတ်ရဲ့ အသင်းကတော့ ဒုတိယပိုင်း ပွဲစတင်ပြီး ၂ မိနစ်မှာပဲ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ချဲလ်ဆီး အသင်းက ခံစစ်မှာ ပေးပို့မှုတွေ ပြုလုပ်နေချိန် ဘရာဇီးသားနဲ့ သူ့အသင်းဖော်တို့ဟာ ဖိအားပေးခဲ့ပြီး ပင်နယ်တီ ဧရိယာထိပ်မှာ အက်ဇ်ပီလီကျူတာဆီက ဘောလုံးကို ရယူနိုင်ခဲ့ပါတယ်။ အဲဒီကနေပဲ ရစ်ချာလီဆန်ဟာ မန်ဒီကို ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ရစ်ချာလီဆန်ကတော့ သွင်းဂိုးတွေ ပျောက်ဆုံးခဲ့ရပြီးနောက် ဒီပွဲစဥ်မှာတော့ ပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။ လမ်းပတ်နဲ့ သူ့အသင်းကတော့ တိုက်စစ်မှာ ကွင်းတစ်ဝက်လောက်အထိ ကစားနိုင်ခဲ့ပါတယ်။

(၅) အကောင်းဆုံး လက်စွမ်းနဲ့ ပစ်ဖို့ဒ်။ ။ ချဲလ်ဆီး အသင်းက ချေပဂိုး ရှာဖွေနေခဲ့ပြီး မောင့် ၊ အက်ဇ်ပီလီကျူတာနဲ့ ရူဒီဂါ တို့ကနေတစ်ဆင့် ရရှိဖို့ နီးစပ်ခဲ့ပါတယ်။ ဒါပေမဲ့ ပစ်ဖို့ကတော့ ထိပ်သီးအဆင့် ကာကွယ်မှု ၃ ခု ပြုလုပ်နိုင်ခဲ့ပါတယ်။ မောင့်ရဲ့ ကန်သွင်းချက်ကို ပစ်ဖို့က ကာကွယ်နိုင်ခဲ့ပြီး ဂိုးသမားဟာ နောက်ထပ် တားဆီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် အက်ဇ်ပီလီကျူတာရဲ့ ကြိုးပမ်းမှုကိုတော့ သူ့ရဲ့ အံ့အားသင့်စရာ တုန့်ပြန်မှုကြောင့် ဂိုးစည်းပေါ်ကနေ ကာကွယ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ထောင့်ကန်ဘောဟာ ရူဒီဂါရဲ့ ရှေ့ကို ကျရောက်လာခဲ့ပြီး ပစ်ဖို့က မကာကွယ်မီ သူ့ရဲ့ ကြိုးပမ်းမှုကလည်း ဂိုးရရှိဖို့ အရမ်းနီးစပ်ခဲ့ပါတယ်။ သူ့ကိုယ်သူ ဘောလုံးအပေါ် အာရုံစိုက်ထားနိုင်ခဲ့ပြီး အင်္ဂလန်ရဲ့ နံပါတ်တစ် ဂိုးသမားကတော့ သူ့ရဲ့ အရေးပါတဲ့ ပွဲစဥ် စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး ချဲလ်ဆီး အသင်းကို အကောင်းဆုံး တုန့်ပြန်နိုင်ခဲ့ပါတယ်။

(၆) တန်းဆင်းဇုန်အတွက် တုံ့​ပြန်မှု။ ။ ချဲလ်ဆီး အသင်းကတော့ ထိပ်သီး ၄ သင်းနေရာမှာ သေချာပြီးသား ဖြစ်ပေမဲ့ ဒီပွဲ ရလဒ်က အဲဗာတန်အသင်းအတွက် အရမ်းအရေးကြီးခဲ့ပါတယ်။ လက်ရှိ လမ်းပတ်ရဲ့ အသင်းဟာ တစ်ပွဲလျော့ အနေအထားနဲ့ ဘန်လေရဲ့နောက် ၂ မှတ်အကွာမှာ ရပ်တည်နေပါတယ်။ အဲဗာတန် အသင်းရဲ့ ကျန်ရှိနေသေးတဲ့ ပွဲစဥ် ၄ ပွဲဟာ အားရစရာမရှိပေမဲ့ ဒီနေ့ပြသခဲ့တဲ့ စွမ်းဆောင်ရည်ဟာ သူတို့အတွက် ကောင်းမွန်တဲ့ အလားအလာတော့ ရှိနေပါသေးတယ်။ အနိုင်ရလိုစိတ်နဲ့ သတ္တိတို့ဟာ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြသနေပြီး ယူနိုက်တက်ကို အနိုင်ရရှိခဲ့တဲ့ ပုံစံအတိုင်း ချဲလ်ဆီးအသင်းကိုလည်း တုန့်ပြန်နိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ကျန်ရစ်နေဖို့ ပြိုင်ဆိုင်မှုတွေ ရှိနေသေးပေမဲ့ ဒီနိုင်ပွဲနဲ့အတူ အဲဗာတန် အသင်းကတော့ သူတို့ကိုယ်သူတို့ ကြီးမားတဲ့ ခွန်အားပေးစွမ်းနိုင်ခဲ့ပါတယ်။

ZAWGYI: ဖရန့်လမ်းပတ်ဟာ အသင်းဟောင်းနဲ့ တွေ့ဆုံတဲ့ပွဲမှာ အဲဗာတန် အသင်းကို အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အဲ​ဗာတန် အသင်းဟာ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ကနေ ရှောင်ရှားနိုင်မဲ့ သူတို့ရဲ့ အခွင့်အရေးကို တနင်္ဂနွေနေ့မှာ ချဲလ်ဆီး အသင်းကို အနိုင်ရရှိခဲ့ပြီး မြှင့်တင်နိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး ရစ်ချာလီဆန်ဟာ ဒုတိယပိုင်းစတင်ပြီး ၂ မိနစ် အကြာမှာပဲ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ တူချယ်ရဲ့ ချဲလ်ဆီး အသင်းကတော့ အဆုံးထိ ဖိအားပေး ကစားခဲ့ပေမဲ့ သူတို့ရဲ့ လမ်းကြောင်းမှာ ပိတ်ဆို့မှုတွေ ရှိနေခဲ့ပါတယ်။ ပစ်ဖို့ဟာ နောက်ကျမိနစ်တွေမှာ ဧည့်သည်အသင်း ချေပဂိုး ရရှိသွားနိုင်တဲ့ ကြိုးပမ်းမှုတွေအတွက် အရမ်းကောင်းမွန်တဲ့ ကာကွယ်မှု ၃ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ အဲဗာတန် အသင်းကတော့ ၂ မှတ်အသာနဲ့ တန်းဆင်းဇုန် အထက်မှာ ရပ်တည်နိုင်ခဲ့ပြီး ဘန်လေရဲ့ နိုင်ပွဲကို တုန့်ပြန်နိုင်ခဲ့ပါတယ်။ ကဲ ဂွတ်ဒီဆင်ပါ့ခ်က ပြောစရာ အချက် ၆ ချက်ကို ကြည့်လိုက်ရအောင်ဗျာ။