နာမည်ကြီး သတင်းထောက် တစ်ဦးဖြစ်တဲ့ ပီယားမော်ဂန်ဟာ မန်ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုကို အာဆင်နယ် အသင်းဆီလာဖို့ တိုက်တွန်းပြောဆိုမှုတွေ ပြုလုပ်လျက် ရှိနေပါတယ်။ စီရော်နယ်ဒို အနေနဲ့ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ မန်ယူနိုက်တက်ကနေ ထွက်ခွာဖို့ အလိုရှိနေတဲ့ အကြောင်း အသင်းတာဝန်ရှိသူတွေထံ ပြောကြားခဲ့တဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် မော်ဂန်က အခုလိုမျိုး ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းစာ တစ်ခုရဲ့ အဆိုအရ ပြီးခဲ့တဲ့ စနေနေ့က စီရော်နယ်ဒိုဟာ လက်ရှိ နွေဈေးကွက်အတွင်း သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရှိလာခဲ့မယ်ဆိုရင် အသင်းကနေ ထွက်ခွာခွင့် ပြုဖို့ မန်ယူနိုက်တက် တာဝန်ရှိသူတွေထံ တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဘလွန်းဒီအော်(၅)ဆု ပိုင်ရှင် ဖြစ်တဲ့ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက မန်ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၃၈)ပွဲ ကစားပေးထားခဲ့ပြီး သွင်းဂိုး (၂၄)ဂိုး အထိ သွင်းယူပေးထားနိုင်ခဲ့တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီက မန်ယူနိုက်တက်အတွက်တော့ တော်တော်လေးကို စိတ်ပျက်စရာ ကောင်းတဲ့ ဘောလုံးရာသီတစ်ခု ဖြစ်ခဲ့တာ ပါ။ အသင်းရဲ့ ပရီးမီးယားလိဂ် သမိုင်းတလျှောက်မှာ အမှတ် အနည်းဆုံး ဘောလုံးရာသီ ဖြစ်ခဲ့သလို ဂိုးကွားခြားချက်ကလည်း သုည သာ ဖြစ်ခဲ့တာပါ။ အသက်(၃၇)နှစ် ရှိနေပြီ ဖြစ်တဲ့ စီရော်နယ်ဒိုဟာ သူ့ရဲ့ ကစားသမားဘ၀ နောက်ဆုံးနှစ်တွေမှာ ချန်ပီယံလိဂ် ပြိုင်ပွဲကို ကစားခွင့်ရလိုနေပြီး၊ စံချိန် မှတ်တမ်းကောင်းတွေ ဆက်လတ် စိုက်ထူလိုနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိ ချန်ပီယံလိဂ် သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ရှိနေတာ ဖြစ်ပြီး စီရော်နယ်ဒိုဘက်က စံချိန်သစ်တွေ ဆက်လတ် တင်ရှိနေချင်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပီယားမော်ဂန်ကတော့ စီရော်နယ်ဒိုတစ်ယောက် မန်ယူနိုက်တက်လိုပဲ လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ် မကစားရတဲ့ အာဆင်နယ်ဆီ ပြောင်းရွှေ့လာဖို့အတွက် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

အသက်(၅၇)နှစ် ရှိနေပြီ ဖြစ်တဲ့ သတင်းထောက် မော်ဂန်ဟာ အာဆင်နယ်ရဲ့ အကြီးစား ပရိသတ် တစ်ဦးဖြစ်ပြီး အခွင့်အရေး ရတိုင်း စီရော်နယ်ဒိုကို အာဆင်နယ်ဆီလာခဲ့ဖို့သာ တိုက်တွန်းပြောဆိုနေခဲ့တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း စီရော်နယ်ဒိုက မန်ယူနိုက်တက်ကနေ ထွက်ခွာဖို့ အလိုရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး မကြာမီမှာပဲ မော်ဂန်ဟာ သူ့ရဲ့ တွစ်တာ အကောင့်ကနေတဆင့် အာဆင်နယ်ကို လာဖို့ အချိန်ကျပြီ ဆိုပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။

မော်ဂန် အနေနဲ့ အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှာ စီရော်နယ်ဒိုနဲ့ ဂျီးဆပ်စ်တို့ နှစ်ဦးကိုသာ တွဲထားလိုက်မယ်ဆိုရင် ပြိုင်ဘက် အသင်းတွေ အတွက် အာဆင်နယ်တိုက်စစ်ဟာ ကြောက်စရာ တိုက်စစ် ဖြစ်လာမယ်လို့လည်း ပြောကြားခဲ့ ပါသေးတယ်။ အာဆင်နယ်တို့ဟာ မကြာသေးခင်ကမှ မန်စီးတီး အသင်းထံကနေ ဂျီးဆပ်စ်ကို ပြောင်းရွှေ့ကြေး ပေါင် (၄၅)သန်းနဲ့ ခေါ်ယူဖို့သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပြီး ဂျီးဆပ်စ် အနေနဲ့ အာဆင်နယ်မှာ ကျောနံပါတ် (၉)ကို ဝတ်ဆင် ကစားသွားဖွယ် ရှိနေတာပါ။

စီရော်နယ်ဒို အနေနဲ့ မန်ယူနိုက်တက် ကနေ ထွက်ခွာဖို့ အလိုရှိနေတယ်ဆိုတဲ့ သတင်းတွေကြား ပြီးခဲ့တဲ့ လပိုင်းတုန်းက စီရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်ဟာ ချဲလ်ဆီး အသင်းပိုင်ရှင် သစ် ဘိုလေးနဲ့ အတူ တွေ့ဆုံမှုတွေ ရှိထားခဲ့ပါတယ်။ ဆိုတော့ လက်ရှိ ဈေးကွက်ထဲမှာ စီရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းတွေကလည်း စိတ်ဝင်စားစရာ ကောင်းလာနေပြီး၊ ဘာတွေ ဖြစ်သွားမလဲဆိုတာ ဈေးကွက်ပိတ်ချိန် အထိ စောင့်ကြည့်သွားရတော့မှာပဲ ဖြစ်ပါတယ်။

ZAWGYI: နာမည်ကြီး သတင်းထောက် တစ်ဦးဖြစ်တဲ့ ပီယားမော်ဂန်ဟာ မန်ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုကို အာဆင်နယ် အသင်းဆီလာဖို့ တိုက်တွန်းပြောဆိုမှုတွေ ပြုလုပ်လျက် ရှိနေပါတယ်။ စီရော်နယ်ဒို အနေနဲ့ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ မန်ယူနိုက်တက်ကနေ ထွက်ခွာဖို့ အလိုရှိနေတဲ့ အကြောင်း အသင်းတာဝန်ရှိသူတွေထံ ပြောကြားခဲ့တဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် မော်ဂန်က အခုလိုမျိုး ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။