အာဆင်နယ်အသင်းရဲ့မန်နေဂျာ မီခဲလ် အာတီတာအနေနဲ့ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလအတွက် မန်ချက်စတာစီးတီးအသင်းရဲ့ ကစားသမားတွေကို မျက်စိကျနေပုံပေါ်ပြီး အိုလက်ခ်ဇန်းဒါး ဇင်ချန်ကို,ကို ခေါ်ယူဖို့အတွက် ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ စပိန်သားအနေနဲ့ အသင်းရဲ့ဦးစားပေးပစ်မှတ်ကစားသမားအဖြစ် ထိပ်တန်းအဆင့်ရှိ တိုက်စစ်မှူးတစ်ဦးကို ချိန်ရွယ်ထားတာဖြစ်ပြီး မန်စီးတီး တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေဆူးစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ဂျေဆူးစ်ကတော့ မန်စီးတီးအသင်းကို အာလင်း ဟော်လန်း ရောက်ရှိလာပြီးနောက် ပွဲကစားခွင့်ပိုနည်းသွားနိုင်တာကြောင့် အသင်းကနေ ထွက်ခွါလိုနေတာဖြစ်ပြီး မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းကလည်း ၁ နှစ်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းအနေနဲ့ တိုးတက်ဖို့လိုအပ်နေတဲ့ အခြားနေရာတွေလည်း ရှိနေသေးပြီး အာတီတာကတော့ အရန်သင့်အသုံးပြုနိုင်မယ့် ဘယ်နောက်ခံလူတစ်ဦးအပြင် ကွင်းလယ်ကစားသမားတစ်ဦးကိုလည်း ခေါ်ယူလိုနေတာဖြစ်ပါတယ်။

Daily Mail သတင်းဌာနရဲ့အဆိုအရ အာတီတာအနေနဲ့ ဇင်ချန်ကို,ကို ခေါ်ယူခြင်းနဲ့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်ဖို့အတွက် ကြံရွယ်နေပြီး အဆိုပါယူကရိန်းသားကတော့ ကွင်းလယ်စွယ်စုံရ ကစားသမားလည်း ဖြစ်သလို ဘယ်နောက်ခံလူနဲ့ လိုအပ်ရင် ဘယ်တောင်ပံတိုက်စစ်ကစားသမားအဖြစ်ရော False 9 နေရာမှာပါ ကစားနိုင်တာပါ။ ယူကရိန်းလက်ရွေးစင်ကစားသမားအနေနဲ့ မူလကစားခဲ့တဲ့နေရာက လက်ရှိနိုင်ငံလက်ရွေးစင်အသင်းမှာ ကစားနေဆဲဖြစ်တဲ့ ကွင်းလယ်ကစားသမားဖြစ်ပေမယ့် မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း မန်နေဂျာ ပက်ပ် ဂွါဒီယိုလာရဲ့ ပြောင်းလဲကစားစေမှုနဲ့အတူ ဘယ်နောက်ခံလူအဖြစ် အသုံးတော်ခံနေရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာတီတာကတော့ ဇင်ချန်ကိုရဲ့ အကောင်းဆုံးနေရာက ကွင်းလယ်ကစားသမားနေရာဖြစ်ကြောင်း ယုံကြည်နေတာဖြစ်ပါတယ်။ အာတီတာအနေနဲ့ ယူကရိန်းသားကို ဘယ်နောက်ခံလူနေရာထက် ကွင်းလယ်ကစားသမားအဖြစ် အဓိကထားအသုံးပြုမယ်ဆိုတဲ့ မက်လုံးနဲ့အတူ ချန်ပီယံလိဂ်ကစားခွင့်ရထားတဲ့ လက်ရှိပရီးမီးယားလိဂ်လက်ရှိချန်ပီယံကနေ ယူရိုပါလိဂ်သာ ကစားခွင့်ရထားတဲ့ အသင်းဆီ ခေါ်ယူချင်နေတာဖြစ်ပါတယ်။

ဂျေဆူးစ်လိုမျိုးပဲ၊ ဇင်ချန်ကိုအနေနဲ့ အာတီတာတစ်ယောက် မန်စီးတီးအသင်းမှာ ဂွါဒီယိုလာရဲ့ လက်ထောက်မန်နေဂျာအဖြစ် အလုပ်လုပ်ခဲ့စဉ်ကတည်းက ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိခဲ့ကြသူတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ကစားသမားအနေနဲ့ လက်ရှိဘောလုံးရာသီအတွင်း ပြိုင်ပွဲစုံ ၂၈ ပွဲကစားခွင့်ရခဲ့ပေမယ့် အဓိကအားဖြင့် ဘယ်နောက်ခံလူအဖြစ်သာ ကစားနေခဲ့ရတာဖြစ်သလို အာတီတာလိုချင်တဲ့ ကစားသမားတွေထဲက တစ်ဦးလိုမျိုးဖြစ်နေတာပါ။

အာတီတာအနေနဲ့ အသင်းရဲ့ဘယ်နောက်ခံလူနေရာနဲ့ ပတ်သက်ပြီး ငွေကြေးအများကြီးသုံးစွဲသွားဖို့အတွက် ဆန္ဒမရှိဘဲ အသင်းရဲ့ပွဲထွက်ကစားသမားအဖြစ် ပါဝင်နေတဲ့ ဘယ်နောက်ခံလူ ကီရန် တီယာနီရဲ့ ဒဏ်ရာပြဿနာမကြာခဏ ကြုံတွေ့နေရခြင်းကြောင့်သာ ပိုပိုလိုလို ခေါ်သွားလိုတာဖြစ်ပါတယ်။ တီယာနီရဲ့ အရန်အတွက်လည်း ဘယ်နောက်ခံလူနေရာမှာ နူနို တာဗာရက်စ်လည်း ရှိနေတာကြောင့် ဇင်ချန်ကိုအနေနဲ့ ဂန်းနားတို့ဆီ ရောက်လာခဲ့ရင်တောင် ဘယ်နောက်ခံလူအဖြစ် ကစားရမယ့် ပွဲအရေအတွက်ကတော့ နည်းသွားနိုင်တာလည်း ဖြစ်ပါတယ်။

ဂျေဆူးစ်အပေါ်ထားတဲ့ သဘောထားလိုပဲ ဇင်ချန်ကိုသာ အသင်းပြောင်းဖို့အတွက် တောင်းဆိုလာခဲ့ရင် ဂွါဒီယိုလာအနေနဲ့ ပိတ်ပင်တားဆီးသွားမှာမဟုတ်ဘဲ လက်ခံနိုင်လောက်တဲ့ ကမ်းလှမ်းမှုသာ ရရှိခဲ့ရင် လက်လွှတ်သွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းတစ်သင်းတည်းကပဲ ဘယ်နောက်ခံလူအဖြစ်ရော ကွင်းလယ်စွယ်စုံရကစားသမားအနေနဲ့ပါ ကစားနိုင်တဲ့ ယူကရိန်းလက်ရွေးစင်ကစားသမားကို စိတ်ဝင်စားနေတာမဟုတ်ဘဲ ဂျေဆူးစ်ကို အပြိုင်ခေါ်ယူလိုနေတဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းကလည်း ဇင်ချန်ကို,ကို စိတ်ဝင်စားနေကြောင်း သိရပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ဇင်ချန်ကိုထွက်ခွါသွားခဲ့ရင်ဆိုတဲ့ အခြေအနေအတွက် ကြိုတင်စီစဉ်ထားပြီးဖြစ်ပြီး ယူကရိန်းသားသာ ထွက်ခွါသွားခဲ့ရင် ဘရိုက်တန်အသင်းရဲ့ဘယ်နောက်ခံလူ မာ့ခ် ကူကူးရယ်လာကို ခေါ်ယူဖို့အတွက် ကြံရွယ်နေသလို စပိန်သားကို ခေါ်ဖို့အတွက် ပြောင်းရွှေ့ကြေးတစ်စိတ်တစ်ပိုင်းကို ယူကရိန်းသားက ရှာဖွေပေးနိုင်မယ်လို့လည်း ယူဆနေတာဖြစ်ပါတယ်။

ZAWGYI: အာဆင်နယ်အသင်းရဲ့မန်နေဂျာ မီခဲလ် အာတီတာအနေနဲ့ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလအတွက် မန်ချက်စတာစီးတီးအသင်းရဲ့ ကစားသမားတွေကို မျက်စိကျနေပုံပေါ်ပြီး အိုလက်ခ်ဇန်းဒါး ဇင်ချန်ကို,ကို ခေါ်ယူဖို့အတွက် ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ စပိန်သားအနေနဲ့ အသင်းရဲ့ဦးစားပေးပစ်မှတ်ကစားသမားအဖြစ် ထိပ်တန်းအဆင့်ရှိ တိုက်စစ်မှူးတစ်ဦးကို ချိန်ရွယ်ထားတာဖြစ်ပြီး မန်စီးတီး တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေဆူးစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။