❗ မန်ချက်စတာယူနိုက်တက်နဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာ၊ ၂၉ နှစ်ရဲ့ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုအသစ်တွေ ဂျူဗင်တပ်တို့ပြုလုပ်မယ်လို့ သိရပါတယ်။ ❗ရာသီကုန်ရင် အက်သ်လေတီကိုမက်ဒရစ်ကနေထွက်ခွာတော့မယ်လို့ တရားဝင်ကြေညာထားပြီးဖြစ်တဲ့ ဥရုဂွေးတိုက်စစ်မှူးလူးဝစ်ဆွာရတ်ဇ်၊ ၃၅ နှစ်ကိုလက်မှတ်ထိုးဖို့ အက်စ်တန်ဗီလာတို့ကြိုးစားနေပါတယ်၊ ဒါပေမဲ့ သူတို့ချည်းပဲတော့မဟုတ်ပါဘူး၊ ဆီဗီးလားနဲ့ အင်တာမီလန်တို့လည်းပါပါတယ်။

❗ ခရစ်စတီယာနိုရော်နယ်လ်ဒို၊ ၃၇ နှစ်ကို လာမယ့်ရာသီသစ် အိုးထရက်ဖို့ဒ်မှာပဲ ဆက်လက်ထိန်းသိမ်းထားချင်ကြောင်း နောက်ဝင်လာမယ့်မန်ယူမန်နေဂျာ အဲရစ်တန်ဟဂ်က အရိပ်အမြွက်ပြောခဲ့ပါတယ်။ ❗ သူ့အနာဂါတ်အပေါ် ဆုံးဖြတ်ချက်တခု ပြုလုပ်ထားပြီးသားနီးပါးဖြစ်ပြီး ကြေညာချက်တခုကို အလွန်မကြာမီမှာပဲ ပွုလုပျတော့မှာဖွဈတယျလို့ ပြင်သစ်တိုက်စစ်မှူး ကိုင်လီယန်အမ်ဘက်ပီကပြောခဲ့ပါတယ်။

❗ မန်ချက်စတာယူနိုက်တက်နဲ့အင်္ဂလန်ဂိုးသမား ဒင်းဟန်ဒါဆန်၊ ၂၅ နှစ်အပေါ်စိတ်ဝင်စားမှုကို နယူးကာဆယ်တို့က အရှိန်မြှင့်တင်လာနေပါတယ်။ ရင်းစ်တိုက်စစ်မှူး ဟူဂိုအက်ကီတီကေ၊ ၁၉ နှစ်ကို နယူးကာဆယ်တို့ကစိတ်ဝင်စားနေပါတယ်၊ ဒါပေမဲ့ အာလင်းဟာလန်းအတွက် အစားထိုးအဖြစ် ပြင်သစ်သားကိုခေါ်ဖို့ ဒေါ့မွန်တို့ကလည်း ချိန်ဆနေပါတယ်။ ❗ ဝုဗျနဲ့ေ့ပါျတူဂီကှငျးလယျကစားသမား ရုဘန်နက်ဗက်စ် (ဟုဗန်နဲဗက်စ်)၊ ၂၅ နှစ်ကိုခေါ်ဖို့ ဘာဆီလိုနာတို့လှုပ်ရှားနေပါတယ်။

❗ ဒေါ့မွန်ကွင်းလယ်ကစားသမား ဂျုဒ်ဘယ်လင်းဟမ်ရဲ့ညီဖြစ်တဲ့ ဘာမင်ဂမ်စီးတီးကွင်းလယ်ကစားသမား ဂျုတ်ဘ်ဘယ်လင်းဟမ်၊ ၁၆ နှစ်ကိုခေါ်ဖို့ လီဗာပူးတို့ကဦးဆောင်နေပါတယ်။ စင်တာဘက် ဘရာဇီးသားဂေဘရီယယ်၊ ၂၄ နှစ်ကိုရောင်းဖို့ အာဆင်နယ်တို့စဉ်းစားနေပြီး ဂျူဗင်တပ်စ်တို့က စိတ်ဝင်စားနေပါတယ်။ ❗ အာဆင်နယ်၊ မန်ယူအပါအဝင် အင်္ဂလိပ်ကလပ်အသင်းများဆီကကမ်းလှမ်းမှုကိုနားထောင်ဖို့ ပါအူလိုဒီဘားလားရဲ့အေးဂျင့်က လန်ဒန်မှာရောက်နေတယ်လို့သိရပါတယ်။

❗ ဝေးလ်စ်တိုက်စစ်မှူးဂါရတ်ဘေးဟာ ရီးယဲမက်ဒရစ်ကနေထွက်ခွာမှာဖြစ်ပြီး ပရီးမီးယားလိဂ်ကိုပြန်လာဖို့ ဖြစ်နိုင်ချေအများဆုံးပဲလို့ သူ့ရဲ့အေးဂျင့်ကမှတ်ချက်ပေးပါတယ်။ ဒါပေမဲ့ သူ့နိုင်ငံအသင်းအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲပြီးမှ အောင်မအောင်ပေါ်မူတည်ပြီး ဒီကိစ္စတွေက်စဉ်းစားမှာလို့ဆိုပါတယ်။ ❗လိဒ်တိုက်စစ်မှူးရာဖင်ဟာအတွက် ယူရို ၅၅ သန်းတန်တဲ့ ကမ်းလှမ်းမှုတခုကို ဘာဆီလိုနာတို့လုပ်ခဲ့ပြီး ဆွေးနွေးမှုများစတင်အရှိန်မြှင့်တင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ကစားသမားနဲ့ဘာဆီလိုနာကြားမှာ နှုတ်ကတိသဘောတူညီမှုရရှိပြီးသားဖြစ်ပြီး ၅ နှစ် စာချုပ်လက်မှတ်ထိုးမှာလို့လည်း ဆိုပါတယ်။

❗ စာချုပ်သစ်တခုလက်မှတ်ထိုးတော့မှာမဟုတ်ဘူးဆိုတဲ့ တိုက်စစ်မှူးလီဝမ်ဒေါစကီးရဲ့မှတ်ချက်ဟာ ပိုက်ဆံကိစ္စသက်သက်ဖြစ်ပြီး ဒီနွေရာသီမှာ ပိုလန်တိုက်စစ်မှူး၊ ၃၃ နှစ်က ဘိုင်ယန်မြူးနစ်မှာပဲဆက်နေဖြစ်ဖို့ သူယုံကြည်ကြောင်း ဘိုင်ယန်ဂုဏ်ထူးဆောင်နာယက အူလီဟိုးနက်စ်ကပြောပါတယ်။