ချဲလ်ဆီးမှာ နေရာမရဖြစ်နေတဲ့ တိုက်စစ်မှူး တီမို ဝါနာကို အသင်းဟောင်း လိုက်ပ်ဇစ်က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဂျာမန်သားဟာ နည်းပြ တူချယ်လက်အောက် စွမ်းဆောင်ရည် ဆိုးရွားနေခြင်းကြောင့် ကြီးမားစွာ ဝေဖန်ခံနေရပြီး ဂျူဗင်တပ်စ်ထံ ဒီလစ်ချ်နဲ့ အလဲအထပ်လုပ်ဖို့ ကမ်းလှမ်းခြင်းခံခဲ့ရပါတယ်။ ဝါနာဟာ လိုက်ပ်ဇစ်ကနေ ပေါင်၅၃သန်းနဲ့ ရောက်ရှိလာပြီးနောက် ၈၉ပွဲ ကစားရာမှာ ၂၃ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

စတန်းဖို့ဒ်ဘရစ်ချ်ကို ရောက်လာပြီး ၂ရာသီဆက် ဝါနာဟာ ပုံမှန်နေရာရဖို့ ရုန်းကန်ခဲ့ရပြီး ယခုအချိန်မှာတော့ ကွင်းတွင်းစွမ်းဆောင်ရည်က တူချယ်ကို စိတ်ပျက်စရာ ဖြစ်လာစေခဲ့ပါတယ်။ မကြာသေးမီက အင်တာဗျူးတစ်ခုမှာတော့ ဝါနာက ယခုနှစ် ကမ္ဘာ့ဖလားမတိုင်ခင် ပွဲထွက်ခွင့်ရမယ့် ဘယ်နေရာမှာမဆို ကစားချင်တယ်လို့ ပြောထားခဲ့ပါတယ်။ တူချယ်ကတော့ ဝါနာရဲ့ ယခုလို ပြောဆိုမှုအပေါ် အံ့အားသင့်မိပါတယ်ဆိုပြီး တုံ့ပြန်ထားခဲ့ပါတယ်။

ဒေါ့မွန်ကလည်း စိတ်ဝင်စားနေပေမဲ့ ချဲလ်ဆီးကတော့ အပြောင်းအရွှေ့တစ်ရာသီအတွင်း အဓိက တိုက်စစ်မှူး၂ဦးစလုံးကို ရောင်းချလိုခြင်းတော့ မရှိပါဘူး။ ဖြစ်နိုင်တာကတော့ ချဲလ်ဆီးအနေနဲ့ ဝါနာကို ရာသီကုန်ထိ ဆက်ထားပြီး စာချုပ်သက်တမ်း ၁နှစ်ကျန်တဲ့ ၂၀၂၃ခုနှစ်မှ အနာဂတ်အပေါ် ဆုံးဖြတ်သွားဖို့ ရှိနေပါတယ်။ တစ်ဖက်မှာလည်း အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး ကလပ်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းက သူတို့အသင်းရဲ့ ကာလရှည်ပစ်မှတ် ဒီဂျောင်ကို ခေါ်ယူဖို့ ကြိုးပမ်းရာတွင် အောင်မြင်မှု မရရှိခဲ့ပါက အီတလီ ကလပ် လာဇီယို အသင်းရဲ့ ကွင်းလယ် ကစားသမား မီလန်ကိုဗစ်ဆာဗစ်ကို ပြောင်းလဲ ခေါ်ဆောင်သွားနိုင်ခြေရှိတယ်လို့ Calcio Mercato သတင်းဌာနက ဖော်ပြလာပါတယ်။

လာဇီယို အသင်းနဲ့ ၇ရာသီ အထိ ပါဝင် ကစားထားခဲ့တဲ့ မီလန်ကိုဗစ်ဆာဗစ်က သွင်းဂိုး ၄၈ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သူဖြစ်ပြီး လာဇီယို အသင်းကတော့ သူတို့ရဲ့ ကွင်းလယ်လူ အတွက် ယူရို သန်း ၇၀ (ပေါင် ၅၉.၅သန်း) အထိ တောင်းဆိုနေတာလည်း ဖြစ်ပါတယ်။ အာဆင်နယ် အသင်းကလည်း ဆာဗစ်ကို ခေါ်ယူဖို့ ဒီနွေအစောပိုင်းက စိတ်ဝင်စားဟန် ပြခဲ့ပေမဲ့ အီတလီ ကလပ်ဘက်က တောင်းဆိုလိုက်တဲ့ ပြောင်းရွှေ့ကြေးကြောင့် နှုတ်ဆိတ် သွားခဲ့ရတာလည်း ဖြစ်ပါတယ်။

မီလန်ကိုဗစ်ဆာဗစ်က ရောမမြို့ကနေ ထွက်ခွာချင်တဲ့ အရိပ်အယောင်မျိုး ပြသထားခဲ့တာ မရှိပေမဲ့ လာဇီယိုအသင်းနဲ့ စာချူပ်သက်တမ်း ၂နှစ်တာ ကျန်ရှိတော့တာကြောင့် ယခု အပြောင်းအရွေ့ ကာလမှာပဲ အသင်းပြောင်း ကစားဖို့ ဆုံးဖြတ်ကောင်း ဆုံးဖြတ်လာနိုင်ပါတယ်။ ပြီခဲ့တဲ့ ရာသီကတော့ ဆာဗစ်က လာဇီယို အသင်းအတွက် ၁၁ဂိုးအထိ သွင်းယူပေးထားကာ အသင်းဖော်တွေ အတွက် ဂိုးဖန်တီးမှု ၁၁ကြိမ်အထိ ပြုလုပ် ပေးထားခဲ့တာလည်း ဖြစ်ပါ တယ်။

မန်ချက်စတာယူနိုက်တက် အသင်းက ဒီဂျောင်ကို ခေါ်ယူဖို့ကြိုးစားရာမှာ ဘာစီလိုနာ အသင်း တောင်းဆိုတဲ့ ပေါင် ၇၁.၅သန်းနဲ့ သဘောတူညီမှု ရယူနိုင်ပြီး ဖြစ်ပေမဲ့ ကစားသမား ကိုယ်တိုင် ယူနိုက်တက်ရဲ့ အို့ထရက်ဖို့ဒ် ကွင်းဆီသို့ ပြောင်းရွှေ့ဖို့ ဆန္ဒနည်းပါး နေတာကြောင့် အပြောင်းအရွှေ့က တုံ့ဆိုင်းနေခဲ့ ရတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြ အဲရစ်တန်ဟတ်ကတော့ ဖရန်ကီဒီဂျောင်ကို ခေါ်ယူနိုင်ဖို့က အဓိက ဦးစားပေးဖြစ်နေပြီး ပရီးမီးယားလိဂ် စတင်ဖို့က ၂ပတ်ခန့်သာ လိုတော့တာကြောင့် တခြား ကွင်းလယ် ကစားသမား တစ်ဦးကို လည်း ပြောင်းလဲခေါ်ယူနိုင်ဖို့ လုပ်ဆောင်လာရပြီ ဖြစ်ပါတယ်။

ZAWGYI: ချဲလ်ဆီးမှာ နေရာမရဖြစ်နေတဲ့ တိုက်စစ်မှူး တီမို ဝါနာကို အသင်းဟောင်း လိုက်ပ်ဇစ်က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဂျာမန်သားဟာ နည်းပြ တူချယ်လက်အောက် စွမ်းဆောင်ရည် ဆိုးရွားနေခြင်းကြောင့် ကြီးမားစွာ ဝေဖန်ခံနေရပြီး ဂျူဗင်တပ်စ်ထံ ဒီလစ်ချ်နဲ့ အလဲအထပ်လုပ်ဖို့ ကမ်းလှမ်းခြင်းခံခဲ့ရပါတယ်။ ဝါနာဟာ လိုက်ပ်ဇစ်ကနေ ပေါင်၅၃သန်းနဲ့ ရောက်ရှိလာပြီးနောက် ၈၉ပွဲ ကစားရာမှာ ၂၃ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။