လတ်တလောထွက်ပေါ်လာတဲ့ သတင်းတွေအရ အာဆင်နယ်အသင်းအနေနဲ့ အီတလီစီးရီးအေမှာ အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနေတဲ့ ဘိုလော့ဂ်ညာအသင်းရဲ့ ခံစစ်အစွန်လူ‌ အာရွန် ဟစ်ကီးကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားမှု ပြသနေကြောင်း သိရပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ နွေရာသီအပြောင်းအရွှေ့ကာလတုန်းက စကော့တလန်ကလပ် ဟာ့ထ်စ်အသင်းကနေ ဘိုလော့ညာအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ဟစ်ကီးအနေနဲ့ သူ့ရဲ့ ပထမဆုံး စီးရီးအေဘောလုံးရာသီမှာ ၁၁ ပွဲအထိ ပါဝင်ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ညာသန်ဖြစ်ပြီး ဘယ်နောက်ခံလူအဖြစ်ရော ညာနောက်ခံလူအဖြစ်ပါ ကစားနိုင်တဲ့ ဟစ်ကီးအနေနဲ့ ဘိုလော့ညာအသင်းမှာ ခြေစွမ်းကောင်းတွေကို ပြသထားနိုင်ခဲ့သလို အောင်မြင်တဲ့ ကစားသမားဘဝတစ်ခုကို တည်ဆောက်နိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဟစ်ကီးအနေနဲ့ လက်ရှိဘောလုံးရာသီအတွင်းမှာတော့ စီးရီးအေပွဲစဉ် ၃၃ ပွဲအထိ ပါဝင်ကစားပေးထားနိုင်ခဲ့ပြီး သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့သလို အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်လာခဲ့တာပါ။

အာဆင်နယ်အသင်းရဲ့မန်နေဂျာ မီခဲလ် အာတီတာအနေနဲ့ အသင်းရဲ့ခံစစ်ကို အင်အားဖြည့်တင်းနိုင်ဖို့အတွက် တစ်နေရာတည်းမဟုတ်ဘဲ နေရာပြောင်းလဲကစားနိုင်တဲ့ ဘယ်နောက်ခံလူမျိုးကို အလိုရှိနေတာဖြစ်ပြီး အသင်းရဲ့ဘယ်နောက်ခံလူ ကီရန် တီယာနီကလည်း ဒဏ်ရာပြဿနာကြောင့် အနားယူနေရတာဖြစ်ပါတယ်။ ဒါ့အပြင် အသင်းရဲ့အခြားအစွန်နောက်ခံလူတစ်ဦးဖြစ်တဲ့ ဆက်ဒရစ် ဆွာရက်စ်အနေနဲ့လည်း အမ်းမရိတ်စ်မှာ ပျော်ရွှင်နေပုံပေါ်ပြီး အသင်းပြောင်းမယ့် အစီအစဉ်မရှိကြောင်းလည်း စကားဟထားတာကြောင့် အသင်းမှာ ဆက်ရှိဦးမယ့်ပုံပေါ်သလို ဘယ်နောက်ခံလူ နူနို တာဗာရက်စ်အနေနဲ့ မတည်ငြိမ်တဲ့ ခြေစွမ်းကြောင့် နေရာပျောက်ဖွယ်ရှိနေတာပါ။

၂၀၂၄ ခုနှစ်နွေရာသီအထိ အသင်းနဲ့ စာချုပ်သက်တမ်းရှိနေတဲ့ ဟစ်ကီးအတွက် ဘိုလော့ဂ်ညာအသင်းကတော့ ယူရိုသန်း ၂၀ ဝန်းကျင် တောင်းဆိုသွားဖို့အတွက် ဆန္ဒရှိနေပြီး အာဆင်နယ်အသင်းဘက်က အဆိုပါပမာဏကို ပေးချေလိုခြင်းရှိ/မရှိကိုသာ စောင့်ကြည့်သွားရမှာပါ။ ဟစ်ကီးအနေနဲ့ ယခုနှစ်ဘောလုံးရာသီမှသာ မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တာမဟုတ်ခဲ့ဘဲ ၂၀၂၀ ပြည့်နှစ်၊ နွေရာသီတုန်းက အဲလ်ဖွန်ဆို ဒေးဗီးစ်တစ်ယောက်တည်းနဲ့ ဘယ်နောက်ခံလူနေရာကို စိတ်မချနိုင်သေးတဲ့ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဟစ်ကီးကို ခေါ်ယူဖို့အတွက် ကြိုးစားခဲ့သေးတာဖြစ်ပါတယ်။

အတော်လေးနီးစပ်တဲ့အနေအထားကို ရောက်ခဲ့ပေမယ့်လည်း ဟစ်ကီးအနေနဲ့ ဘိုလော့ဂ်ညာအသင်းကိုသာ ပြောင်းရွှေ့သွားခဲ့ပြီး ပြောင်းရွှေ့ကြေးကလည်း ပေါင် ၁.၅ သန်း ဝန်းကျင်သာရှိတာကြောင့် သူ့ရဲ့အပြောင်းအရွှေ့ကတော့ ဘိုင်ယန်မြူးနစ်အသင်းအတွက် ရင်ခံစရာဖြစ်ခဲ့မှာပါပဲ။ ဟစ်ကီးအနေနဲ့ သူ့မိသားစုရဲ့ ခံစားချက်ကြောင့် ဘိုင်ယန်မြူးနစ်အသင်းထက်စာရင် အီတလီကလပ်ကို ရွေးချယ်သွားခဲ့တာဖြစ်ကြောင်း နောက်ပိုင်းမှာ ပြန်လည်ဖြေရှင်းလာခဲ့ပြီး Golden Boy ဆုအတွက်တောင် ဆန်ကာတင်စာရင်းထဲ ဝင်လာခဲ့တဲ့အထိ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့တာပါ။

ဟစ်ကီးရဲ့ အသက်အရွယ်၊ Wing Back အပြင် ခံစစ်အစွန်လူနေရာတွေကိုပါ ဘယ်ညာကစားနိုင်ခြင်းနဲ့ ကွင်းလယ်ဗဟိုမှာပါ နည်းပြက ထားရင် ထားသလို ကစားနိုင်တဲ့အစွမ်းတွေကြောင့် အာတီတာရဲ့ စိတ်ကြိုက်ကစားသမားဖြစ်လာနိုင်ပြီး ပြီးခဲ့တဲ့နွေရာသီတုန်းက ဘိုလော့ဂ်ညာအသင်းကနေ တာကီဟဲရို တိုမီယာဆုကို ခေါ်ယူနိုင်ခဲ့သလို ဒီနှစ်နွေမှာ ဟစ်ကီးကို ခေါ်ယူနိုင်မှာလားဆိုတာ စောင့်ကြည့်ချင်စရာပါ။

ZAWGYI: လတ်တလောထွက်ပေါ်လာတဲ့ သတင်းတွေအရ အာဆင်နယ်အသင်းအနေနဲ့ အီတလီစီးရီးအေမှာ အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနေတဲ့ ဘိုလော့ဂ်ညာအသင်းရဲ့ ခံစစ်အစွန်လူ‌ အာရွန် ဟစ်ကီးကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားမှု ပြသနေကြောင်း သိရပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ နွေရာသီအပြောင်းအရွှေ့ကာလတုန်းက စကော့တလန်ကလပ် ဟာ့ထ်စ်အသင်းကနေ ဘိုလော့ညာအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ဟစ်ကီးအနေနဲ့ သူ့ရဲ့ ပထမဆုံး စီးရီးအေဘောလုံးရာသီမှာ ၁၁ ပွဲအထိ ပါဝင်ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။