မန်စီးတီးအသင်းရဲ့တိုက်စစ်မှူးသစ် ဖြစ်လာတဲ့ ဟာလန်းဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ပြိုင်ဘက်ခံစစ်မှူးတိုင်း ကြောက်ရတဲ့ တိုက်စစ်ကစားသမားတစ်ယောက်ဖြစ်လာဖို့အတွက် စီရော်နယ်ဒိုရဲ့ နေထိုင်စားသောက်မှု ပုံစံတွေကို အတုယူ ပြုမူ နေထိုင်ခဲ့ကြောင်း ဟာလန်းရဲ့ ဖခင်ဖြစ်သူက ရှင်းပြ ပြောဆိုသွားခဲ့ပါတယ်။ လာမယ့်ဘောလုံးရာသီမှာ မန်စီးတီး အသင်းရဲ့ တိုက်စစ်မှူးအသစ်ဖြစ်လာတော့မယ့် ဟာလန်းဟာ အသက်၂၀ ကျော် လူငယ်တိုက်စစ်မှူးတွေထဲမှာ ဂိုးသွင်းအကြမ်းဆုံး တိုက်စစ်မှူးတစ်ယောက်အဖြစ် သက်မှတ်ခြင်းကို ခံထားရတဲ့ လူငယ်ကစားသမားတစ်ယောက်လည်းပဲ ဖြစ်ပါတယ်။

အရပ်အမောင်းမြင့်မားပြီး ဘယ်ပြိုင်ဘက်ကိုမှ ကြောက်ရွံမှု မရှိတဲ့ ကစားဟန်တွေက အသက်အရွယ်နဲ့တောင် မလိုက်ဘူးလို့ ဆိုကြပြန်ပါတယ်။ ဒါ့အပြင် ဟာလန်းရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကလည်း အသက် ၂၀ ကျော် ကစားသမားတစ်ယောက်အတွက် အလွန်ပဲ ကျန်းမာ ကြံ့ခိုင်လွန်းတဲ့ ပုံစံမျိုးလို့ဆိုရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဒေါ့မွန်အသင်းအတွက် ဘွန်ဒက်လီဂါမှာ ပွဲပေါင်း ၃၀ ပါဝင်ကစားပေးထားခဲ့ပြီးတော့ သွင်းဂိုး ၂၉ ဂိုးအထိ သွင်းယူကာ ဒေါ့မွန်အသင်းရဲ့ ထိပ်တန်း တိုက်စစ်မှူးတယောက်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။တောက်ပတဲ့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားခဲ့တာကြောင့် မန်စီးတီးတို့ဟာ လျင်လျင်မြန်မြန်ပဲ ဟာလန်းကို ခေါ်ယူခဲ့ပါတယ်။

ဟာလန်းရဲ့ ဖခင်ဖြစ်သူကတော့ ဟာလန်းအနေနဲ့ အခုလို ၂၁ နှစ်အရွယ်မှာတင် ထိပ်တန်းတိုက်စစ်မှူးတယောက်အဖြစ်ရပ်တည်နေနိုင်တာဟာ မန်ယူနိုက်တက် တိုက်စစ်မှူး စီရော်နယ်ဒိုရဲ့ ကွင်းပြင်ပ အပြုအမူတွေကို အတုယူ လိုက်နာ နေထိုင်ခဲ့တာကြောင့် ဖြစ်တယ်ဆိုတဲ့အကြောင်းကို လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက ထုတ်ဖော်ပြောကြားသွားခဲ့ ဖူးပါတယ်။ ” ဟာလန်းက သူ့အသက် ၁၆ နှစ်အရွယ်မှာကတည်းက မိုဒီကို ပြောင်းရွှေ့ဖို့အတွက် အိမ်ကနေ ထွက်ခွာသွားခဲပြီး စွန့်လွှတ်မှု များစွာကို ပြုလုပ်ခဲ့တဲ့သူပါ၊ သူက ကျွန်တော့်ထက်ပိုပြီးတော့အများကြီး ပရော်ဖက်ရှင်နယ် ဆန်တဲ့သူ ​ပါ ”

“အီဗရာက သူ့ကို စီရော်နယ်ဒိုရဲ့ စားသောက်မှုနဲ့ ပတ်သက်တဲ့ ပုံပြင်တစ်ပုဒ်ကို ပြောပြခဲ့ဖူးပါတယ်၊ အဲ့ဒီနောက်မှာတော့ ဟာလန်းက စီရော်နယ်ဒို လုပ်တဲ့အရာမှန်သမျှ လိုက်လုပ်ဖို့ ကြိုးစားပါတော့တယ်၊ စီရော်နယ်ဒိုက အသက် ၃၄ နှစ်ရှိနေပြီလေ၊ ဒါပေမဲ့ သူက ပွဲကြီးတွေမှာ ထိပ်တန်း အဆင့်မှာ ရှိနေတုန်းပဲ၊ ဒါကသူမှန်ကန်နဲ့အရာတွေကို ပြုလုပ်ခဲ့တာကြောင့် ဖြစ်တယ်ဆိုတာ သက်သေပြနေတာပဲလေ၊ ဟာလန်းမှာ အရည်အချင်းတွေ အများကြီး ရှိထားပြီးသားပါ၊ ခက်ဗျားလည်း အရမ်းကို အရည်းအချင်း ရှိတဲ့ ကစားသမားလေးတွေကို မြင်ဖူးခဲ့မှာပါ၊ ဒါပေမဲ့ သူတို့တွေ အားလုံးမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ မရှိခဲ့ပါဘူး ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဟာလန်းဟာ ဆဲလ်ဘတ်အသင်းထံကနေ ၂၀၂၀ခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ ဒေါ့မွန်အသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒေါ့မွန်အတွက် မန်စီးတီးသို့မပြောင်းရွှေ့ခင်အထိ ပွဲပေါင်း ၈၉ ပွဲကစားပေးခဲ့ပြီး သွင်းဂိုး ၈၆ ဂိုးအထိ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဂိုးဖန်တီးမှုကလည်း ၂၅ ကြိမ်အထိရှိနေခဲ့တာ ဖြစ်ပါတယ်။ အခုလိုမျိုး ခြေစွမ်းပြ ဂိုးတွေ သွင်းနိုင်ခဲ့ပေမဲ့လည်း ဒေါ့မွန်အနေနဲ့ ဘိုင်ယန်ကို ကျော်လွန်ပြီး ဘွန်ဒက်လီဂါ အမှတ်ပေးဖလားကို ရယူနိုင်ဖို့ နီးစပ်မှုတော့ မရှိခဲ့ပါဘူး။

မန်စီးတီးဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၅ ရာသီအတွင်းမှာ ချန်ပီယံ အဖြစ် ၄ကြိမ် တိုင်တိုင်ဆွတ်ခူး ရရှိထားခဲ့တာ ဖြစ်ပြီး ဒေါ့မွန်မှာထက်စာရင် လာမယ့်ရာသီမှာ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်အမှတ်ပေးဖလားကို ကစားသမားဘဝ ပထမဆုံးအကြိမ် ရရှိသွားဖို့ ဟာလန်းအတွက်ပိုပြီးတော့ နီးစပ်လာတယ်လို့ဆိုရမှာပါ။ လက်ရှိမန်စီးတီးရဲ့ လူစာရင်းဟာ တော်တော်လေး တောင့်တင်းတဲ့ အနေအထားမှာ ရှိနေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက အဓိက တိုက်စစ်မှူး မရှိတာတောင် မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံး အသင်းအဖြစ် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂိုးသွင်းနှုန်းကြမ်းတဲ့ ဟာလန်းကို ဂိုးဖန်တီးမှု ကောင်းလွန်းလှတဲ့ မန်စီးတီး ကွင်းလယ်အတွဲနဲ့ အတူ ယှဥ်တွဲပြီး မြင်ရတော့မှာ ဖြစ်တဲ့အတွက်ကြောင့် လာမယ့်ရာသီ မန်စီးတီး တိုက်စစ်ဟာ ပြိုင်ဘက်အသင်းတွေ အတွက် တော်တော်လေး လန့်စရာ ဖြစ်လာမှာ မလွဲဘူးလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

ZAWGYI: မန်စီးတီးအသင်းရဲ့တိုက်စစ်မှူးသစ် ဖြစ်လာတဲ့ ဟာလန်းဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ပြိုင်ဘက်ခံစစ်မှူးတိုင်း ကြောက်ရတဲ့ တိုက်စစ်ကစားသမားတစ်ယောက်ဖြစ်လာဖို့အတွက် စီရော်နယ်ဒိုရဲ့ နေထိုင်စားသောက်မှု ပုံစံတွေကို အတုယူ ပြုမူ နေထိုင်ခဲ့ကြောင်း ဟာလန်းရဲ့ ဖခင်ဖြစ်သူက ရှင်းပြ ပြောဆိုသွားခဲ့ပါတယ်။ လာမယ့်ဘောလုံးရာသီမှာ မန်စီးတီး အသင်းရဲ့ တိုက်စစ်မှူးအသစ်ဖြစ်လာတော့မယ့် ဟာလန်းဟာ အသက်၂၀ ကျော် လူငယ်တိုက်စစ်မှူးတွေထဲမှာ ဂိုးသွင်းအကြမ်းဆုံး တိုက်စစ်မှူးတစ်ယောက်အဖြစ် သက်မှတ်ခြင်းကို ခံထားရတဲ့ လူငယ်ကစားသမားတစ်ယောက်လည်းပဲ ဖြစ်ပါတယ်။