ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင် ကစားသမားတဦး ဖြစ်ခဲ့တဲ့ အလန်ရှီးရားယားက ယခုနှစ် ဘောလုံးရာသီမှာ အမှတ်ပေး ချန်ပီယံဖြစ်မယ့် အသင်းကို ရွေးချယ်ပေးလိုက်ပြီး၊ ချန်ပီယံ တိုက်ပွဲမှာ မန်စီးတီး အသင်းက လီဗာပူးလ် အသင်းကို ကျော်ဖြတ်ကာ ဒီဆုဖလားကို သုံးနှစ်ဆက်တိုက် ရယူနိုင်လိမ့်မယ်လို့ ပြောလိုက်ပါတယ်။ ပရီးမီးယားလိဂ် သမိုင်းမှာ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် စံချိန်တင်ထားတဲ့ ရှီးယားရားဟာ ဒီပြိုင်ပွဲမှာ စုစုပေါင်း ၄၄၂ပွဲကစားကာ ၂၆၀ဂိုးသွင်းယူ ထားနိုင်ခဲ့သူဖြစ်ပြီး၊ မန်စီးတီး တိုက်စစ်မှူးသစ် ဟာလန်းက ဒီရာသီမှာ သူတို့ကို ချန်ပီယံဆု ဆွတ်ခူးနိုင်ဖို့ အလေးသာစေလိမ့်မယ်လို့ ပြောထားပါတယ်။

မန်စီးတီး အသင်းဟာ နောက်ဆုံး ဘောလုံးရာသီ ၅ခုအတွင်း အင်္ဂလန်ရဲ့ အဆင့်အမြင့်ဆုံး ပြိုင်ပွဲဖြစ်တဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို လွှမ်းမိုးထားနိုင်ပြီး၊ ပပ်ဂွာဒီယိုလာရဲ့ အသင်းဟာ ၅နှစ်အတွင်း အမှတ်ပေး ချန်ပီယံဆုကို ၄ကြိမ်အထိ ရယူနိုင်ခဲ့တဲ့အသင်း ဖြစ်ပါတယ်။ သူတို့ဟာ နောက်ဆုံး ဘောလုံးရာသီ ၅ခုအတွင်း ၂၀၁၉-၂၀၂၀ခုနှစ် ဘောလုံးရာသီမှာသာ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့တာ ဖြစ်ပြီး၊ အဆိုပါ ဘောလုံးရာသီမှာ လီဗာပူးလ် အသင်းက သူတို့အတွက် နှစ်ပေါင်း၃၀ကြာ ဝေးကွာနေခဲ့တဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူသွားနိုင်ခဲ့ပါတယ်။

ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံ တိုက်ပွဲအတွက် နောက်ဆုံးပွဲစဉ်အထိ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြရပြီး၊ အဆုံးသတ်မှာတော့ မန်စီးတီး အသင်းက ဂျာဂန်ကလော့ပ်ရဲ့ အသင်းကို တမှတ်အသာနဲ့ ကျော်ဖြတ်ကာ ချန်ပီယံဆုကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ရှီးယားရားက ဒီနှစ် ဘောလုံးရာသီမှာလည်း ပရီးမီးယားလိဂ် ချန်ပီယံ ဆုအတွက် မန်စီးတီး အသင်းနဲ့ လီဗာပူးလ် အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ရလိမ့်မယ်လို့ ခန့်မှန်းလိုက်ပြီး၊ ရာသီအကုန်မှာ မန်စီးတီး အသင်းက အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို သိမ်းပိုက်သွားလိမ့်မယ်လို့ အခုလို ပြောလိုက်ပါတယ်။

“ဒီရာသီမှာ မန်စီးတီး အသင်းနဲ့ လီဗာပူးလ် အသင်းတို့ပဲ ပရီးမီးယားလိဂ် ချန်ပီယံ ဆုအတွက် အကြိတ်အနယ် တိုက်ပွဲဝင်ရလိမ့်မယ် ဆိုတာ ရာသီမစခင်က သူတို့ ကစားခဲ့ကြတဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်ကိုကြည့်ရင် သိနိုင်ပါတယ်။ နောက်ဆုံး ဘောလုံးရာသီမှာလည်း သူတို့နှစ်သင်းကြား တမှတ်သာ ကွာဟခဲ့တယ်လေ။ အဲဒါကြောင့် ဒီရာသီမှာလည်း မယုံနိုင်လောက်အောင် အပြင်းအထန် ယှဉ်ပြိုင်ကြရလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အခု အနေအထားအရ သူတို့ နှစ်သင်းထဲက ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလား ရယူနိုင်မယ့် အသင်းကို ရွေးချယ်ရမယ်ဆိုရင် အာလင်းဟာလန်း ရှိနေတဲ့ မန်စီးတီး အသင်းပဲ ဖြစ်ပါလိမ့်မယ်။”

“မန်စီးတီး အသင်းဟာ ပြီးခဲ့တဲ့နှစ်မှာ ဟာလန်း မပါပဲနဲ့တောင် အမှတ်ပေးဖလား ရယူနိုင်ခဲ့တာ ဖြစ်ပြီး၊ အထောင်တိုက်စစ် ကစားသမား မသုံးပဲနဲ့ ချန်ပီယံ ဖြစ်ခဲ့တာပါ။ အခု သူတို့မှာ ဟာလန်းလို တိုက်စစ်မှူး စစ်စစ် ရှိနေပြီး၊ သူက ဒီရာသီမှာ အနည်းဆုံး ဂိုး ၃၀ လောက် သွင်းယူ ပေးနိုင်ပါလိမ့်မယ်။” အာဆင်နယ်နဲ့ တော့တင်ဟမ် ဟော့စပါး အသင်းတို့ဟာ ယခုနှစ် နွေရာသီမှာ သူတို့ရဲ့ အသင်းတွေကို အထင်ကြီးလောက်စရာ ကစားသမား ခေါ်ယူမှုတွေနဲ့ အင်အား ဖြည့်ထားပေမယ့်၊ ဒီနှစ်သင်းဟာ မန်စီးတီးနဲ့ လီဗာပူးလ် အသင်းတို့ကို မယှဉ်နိုင်သေးဘူးလို့ ယုံကြည်ကြောင်း ရှီးယားရားက အခုလို ထပ်ပြောထားပါတယ်။

“မန်စီးတီးနဲ့ လီဗာပူးလ် အသင်းရဲ့ အောက်ကအသင်းတွေကို ကြည့်လိုက်တော့ တော့တင်ဟမ် ဟော့စပါး အသင်းနဲ့ အာဆင်နယ် အသင်းတို့ဟာ အရင်ကထက် အများကြီး တိုးတက်လာခဲ့တာ မှန်ပေမယ့်၊ ချန်ပီယံဆုကို စိန်ခေါ် နိုင်ဖို့လောက်အထိ လုံလောက်တဲ့ အရာတွေ ရှိမနေသေးပါဘူး။ ထိပ်သီးနှစ်သင်းနဲ့ သူတို့အောက်က နှစ်သင်းကြားမှာ ကွာဟချက်တခု ရှိနေပါတယ်။ အဲဒါက မန်စီးတီးနဲ့ လီဗာပူးလ် အသင်းတို့ဟာ အရည်အသွေး ရှိနေရုံသာမကပဲ၊ ”

” သူတို့ရဲ့ ယုံကြည်ချက်တွေနဲ့ အောင်မြင်မှု ရယူနိုင်ဖို့ တွန်းအားပေးနိုင်တဲ့ နည်းပြတွေ ရှိနေတာပဲ ဖြစ်ပါတယ်။” လီဗာပူးလ် အသင်းဟာ သူတို့ရဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် အဖြစ် လာမယ့် စနေနေ့မှာ (ဩဂုတ်လ ၆ရက်နေ့) ဖူလ်ဟမ် အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး၊ မန်စီးတီး အသင်းကတော့ လာမယ့် တနင်္ဂနွေနေ့မှာ (ဩဂုတ်လ ၇ရက်နေ့) ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် အဖြစ် ဝက်စ်ဟမ်း အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

ZAWGYI: ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင် ကစားသမားတဦး ဖြစ်ခဲ့တဲ့ အလန်ရှီးရားယားက ယခုနှစ် ဘောလုံးရာသီမှာ အမှတ်ပေး ချန်ပီယံဖြစ်မယ့် အသင်းကို ရွေးချယ်ပေးလိုက်ပြီး၊ ချန်ပီယံ တိုက်ပွဲမှာ မန်စီးတီး အသင်းက လီဗာပူးလ် အသင်းကို ကျော်ဖြတ်ကာ ဒီဆုဖလားကို သုံးနှစ်ဆက်တိုက် ရယူနိုင်လိမ့်မယ်လို့ ပြောလိုက်ပါတယ်။ ပရီးမီးယားလိဂ် သမိုင်းမှာ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် စံချိန်တင်ထားတဲ့ ရှီးယားရားဟာ ဒီပြိုင်ပွဲမှာ စုစုပေါင်း ၄၄၂ပွဲကစားကာ ၂၆၀ဂိုးသွင်းယူ ထားနိုင်ခဲ့သူဖြစ်ပြီး၊ မန်စီးတီး တိုက်စစ်မှူးသစ် ဟာလန်းက ဒီရာသီမှာ သူတို့ကို ချန်ပီယံဆု ဆွတ်ခူးနိုင်ဖို့ အလေးသာစေလိမ့်မယ်လို့ ပြောထားပါတယ်။