အာဆင်နယ်တို့ရဲ့ တိုက်စစ်မှူးသစ် ဂါဘရီရယ်ဂျီးဆပ်စ်ဟာ အာဆင်နယ်အတွက် ပထမဆုံးသော သွင်းဂိုးကို ပွဲဦးထွက်မှာတင် သွင်းယူပေးသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ မနေ့ညက ကစားသွားခဲ့ကြတဲ့ ဂျာမနီ ဒုတိယတန်းကလပ်က နန်းဘတ် အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ နန်းဘတ်အသင်းရဲ့ အိမ်ကွင်းမှာ အာဆင်နယ်တို့ဟာ (၃-၅)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ အာဆင်နယ်တို့ဟာ ပထမပိုင်းမှာ နန်းဘတ်ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပေမဲ့ ဒုတိယပိုင်း ရောက်ချိန်မှာ နောက်က လိုက်ကစားခဲ့ပြီး (၅)ဂိုး သွင်းယူကာ အနိုင်ရလဒ်တစ်ခုကို ပုံဖော် သွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အာဆင်နယ်တို့အတွက်တော့ ရာသီကြို အဖွင့် ပွဲစဉ်မှာ ရလဒ်ကောင်းတစ်ခုကို ပုံဖော်သွားနိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်သလို အသစ်ခေါ်ယူထားခဲ့တဲ့ တိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ်စ်ကလည်း သွင်းဂိုး နှစ်ဂိုး သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ဂျီးဆပ်စ်ဟာ အာဆင်နယ်ရဲ့ ပွဲထွက်စာရင်းမှာ ပါဝင်ခဲ့ ခြင်းမရှိခဲ့ပေမဲ့ ဒုတိယပိုင်းရောက်မှ လူစားဝင်ရောက် ကစားခဲ့ရတာ ဖြစ်ပါတယ်။ဂျီးဆပ်စ် အနေနဲ့ ဒုတိယပိုင်းဝင်ရောက်လာပြီး ပွဲကစားချိန် (၄၇)မိနစ်နဲ့ (၇၅)မိနစ်တွေမှာ အာဆင်နယ် အတွက် ဂိုးတွေ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် အတွက် ပထမဆုံးသေည သွင်းဂိုးကို ရရှိဖို့ ဂျီးဆပ်စ်တစ်ယောက် စက္ကန့် (၉၀)သာ အချိန်ယူခဲ့ရတာ ဖြစ်ပြီး အသင်းပရိသတ်တွေ အတွက်လည်း ဂျီးဆပ်စ်ရဲ့ ပွဲဦးထွက် ခြေစွမ်းက စိတ်ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။

အာဆင်နယ် တို့ဟာ ဂျာမနီကလပ် အသင်းကို ဘောလုံးပိုင်ဆိုင်မှု (၇၀)ရာခိုင်နှုန်းလောက် အထိ အသာစီးရယူပြီး ကစားနိုင်ခဲ့ကာ ပွဲကစားချိန်အတွင်း ဂိုးပေါက် ကန်သွင်းမှု (၆)ကြိမ်အထိ ရှိခဲ့တာ ဖြစ်ပါတယ်။ နန်းဘတ်ရဲ့ သွင်းဂိုးတွေကို ပထမပိုင်း (၂၄)မိနစ်မှာ ဂျီးစ်၊ ပွဲကစားချိန် (၂၉)မိနစ်မှာ ဒတ်ချ်နဲ့ ပွဲကစားချိန် (၇၃) မိနစ်မှာ ရှလီမာတို့ကို သွင်းယူပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။

အာဆင်နယ် အတွက် သွင်းဂိုးတွေကိုတော့ ပွဲကစားချိန် (၄၇)မိနစ်နဲ့ (၇၅)မိနစ်တွေမှာ ဂျီးဆပ်စ်၊ ပွဲကစားချိန် (၅၄)မိနစ်မှာ အီလန်နီ၊ ပွဲကစားချိန် (၅၈)မိနစ်မှာ နန်းဘတ်ကစားသမား ရှချင်ဒလာနဲ့(၆၃)မိနစ်မှဟန်းဝါကာတို့ရဲ့ Own goal တွေနဲ့ အာဆင်နယ်တို့အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ဒုတိယ ပိုင်းမှ ဝင်ရောက်လာခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ ဂျီးဆပ်စ်ကို အာဆင်နယ် အသင်းပရိသတ်တွေကတော့ ဆိုရှယ် မီဒီယာထက်မှာ ပလူပျံနေအောင် ချီးမွမ်းခန်း ဖွင့်ခဲ့ကြတာ ဖြစ်ပါတယ်။

မန်စီးတီး အသင်းထံကနေ ပေါင်(၄၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးတဲ့နောက် အာဆင်နယ်မှာ ကျောနံပါတ်(၉)ကို ဝတ်ဆင်ထားခဲ့တဲ့ ဂျီးဆပ်စ်ဟာ ရာသီသစ်မှာ အာဆင်နယ်ရဲ့ တိုက်စစ်ကို အဓိက ဦးဆောင်မယ့် သူအဖြစ် ရှိနေတာပါ။ ခြေစွမ်းပွဲပင် ဖြစ်လင့်ကစား ဂျီးဆပ်စ်သွင်းယူခဲ့တဲ့ သွင်းဂိုးတွေက တော်တော်လေး ကောင်းမွန်ခဲ့တာကြောင့် ဂျီးဆပ်စ်ရဲ့ အဆုံးသတ် စွမ်းရည်ကို ကိုတော့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ဂျီးဆပ်စ်အနေနဲ့ ရာသီသစ်မှာ အာဆင်နယ်နဲ့ အတူ ခြေစွမ်းပြ ကစားသွားနိုင်မလား၊ အာဆင်နယ်အတွက် သွင်းဂိုး ဘယ်လောက် အထိ သွင်းယူပေးသွားနိုင်မလဲ ဆိုတာကတော့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

ZAWGYI: အာဆင်နယ်တို့ရဲ့ တိုက်စစ်မှူးသစ် ဂါဘရီရယ်ဂျီးဆပ်စ်ဟာ အာဆင်နယ်အတွက် ပထမဆုံးသော သွင်းဂိုးကို ပွဲဦးထွက်မှာတင် သွင်းယူပေးသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ မနေ့ညက ကစားသွားခဲ့ကြတဲ့ ဂျာမနီ ဒုတိယတန်းကလပ်က နန်းဘတ် အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ နန်းဘတ်အသင်းရဲ့ အိမ်ကွင်းမှာ အာဆင်နယ်တို့ဟာ (၃-၅)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ကြတာပဲ ဖြစ်ပါတယ်။