အာဆင်နယ် အသင်းဟာ ဇင်ချန်ကို ကို ပေါင် သန်း ၃၀ နဲ့ ခေါ်ယူဖို့ မန်စီးတီး အသင်း နဲ့ အလုံးစုံ သဘောတူညီမှု ရရှိ သွားခဲ့ပြီ ဖြစ်ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ သဘောတူညီမှု ရယူဖို့ပဲ ကျန်ရှိ ပါတော့တယ် ။ ဇင်ချန်ကို နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရဖို့ကလည်း အခက်အခဲ မရှိနိုင်တာကြောင့် အာဆင်နယ် အသင်းဟာ ယူကရိန်းသား ရဲ့ အပြောင်းအရွှေ့ကို ဒီတစ်ပတ် အတွင်း အပြီးသတ် နိုင်ဖွယ် ရှိနေပါတယ် ။

ဇင်ချန်ကို ကို ခေါ်ယူရာမှာ မန်စီးတီး လက်ထောက် နည်းပြ လုပ်ခဲ့ဖူးတဲ့ အာဆင်နယ် နည်းပြ အာတေတာ က အဓိက ကျခဲ့ပါတယ် ။အာဆင်နယ် နည်းပြ အာတေတာ ဟာ မန်စီးတီး အသင်းမှာ လက်ထောက် နည်းပြ လုပ်ခဲ့စဉ်က ဇင်ချန်ကို နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့သူပါ ။ အာဆင်နယ် အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့ကာလမှာ မန်စီးတီး တိုက်စစ် ကစားသမား ဂါဘရီယဲလ် ဂျေးဇု ကို ပေါင် ၄၅ သန်း နဲ့ ခေါ်ယူထားပြီး အခု အခါမှာလည်း ဇင်ချန်ကို ကို ထပ်မံ ခေါ်ယူတော့မှာ ဖြစ်ပါတယ် ။

ယူကရိန်းသားလေး ဇင်ချန်ကို ဟာ မန်စီးတီး အသင်းကို ကွင်းလယ် ကစားသမား အဖြစ် ရောက်ရှိလာတာ ဖြစ်ပေမယ့် ဂွာဒီယိုလာ လက်အောက်မှာ ဘယ်နောက်ခံလူ အဖြစ် ကစားနေရတာ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း ဇင်ချန်ကို ဟာ ယူကရိန်းလက်ရွေးစင် အသင်းမှာတော့ ကွင်းလယ်လူ အဖြစ် ဆက်လက် ကစားနေဆဲပါ ။ အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဇင်ချန်ကို ဟာ ပြီးခဲ့တဲ့ ရာသီမှာ မန်စီးတီး အတွက် ပြိုင်ပွဲစုံ ၂၈ ပွဲ ကစားပေးနိုင်ခဲ့ပါတယ် ။ မန်စီးတီး အသင်းဟာ ဘရိုက်တန် အသင်း နောက်ခံလူ ကူကူရယ်လာ ကို ခေါ်ယူမှာ ဖြစ်တာကြောင့် ဇင်ချန်ကို ကို ရောင်းချတာလည်း ဖြစ်ပါတယ်။

အပြောင်းအရွှေ့ဂုရု ဖာဘရီဇီယို ရိုမာနို ကတော့ caughtoffside မှာ အာဆင်နယ် အသင်း ဇင်ချန်ကို ကို ဘာကြောင့် ခေါ်ယူတာလဲ ဆိုတဲ့ မေးခွန်းကို “အာဆင်နယ် အသင်းက ဇင်ချန်ကို ကို နေရာစုံ ကစားနိုင်တဲ့သူလို့ မှတ်ယူထားတာကြောင့် ခေါ်ယူဖို့ လုပ်ဆောင်တာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း သူတို့ မာတီနက်ဇ် ကို ခေါ်ယူဖို့ ကြိုးစား ခဲ့တာပါ ၊ အခုနောက်ပိုင်းရက်တွေ မတိုင်ခင်အထိ သူတို့ ပြိုင်ပွဲထဲမှာ ရှိနေခဲ့ပါသေးတယ် ။ ဇင်ချန်ကို က အရည်အသွေးရှိတဲ့ ကစားသမား တစ်ဦးပါ ၊ သူက ဘယ်နောက်ခံလူ နေရာမှာရော ကွင်းလယ်လူ နေရာမှာပါ ကစား နိုင်ပါတယ် ၊ ”

” အသင်းကို နည်းလမ်း အမျိုးမျိုး နဲ့ ကူညီ ပေးနိုင်သူပါ ၊ အမ်းမရိတ်မှာ သူ ဘယ်နေရာမှာ အဓိက ကစားရမလဲဆိုတာ ကျွန်တော် သေချာ မသိပါဘူး ။ ဒါပေမယ့် အာတေတာ က ဇင်ချန်ကို ရဲ့ အမာခံ ပရိသတ်ပါ ၊ အာတေတာ မန်စီးတီး မှာ ရှိစဉ်ကတည်းက သူတို့ နှစ်ဦးကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေပါတယ် ၊ ဇင်ချန်ကို ကလည်း အာတေတာ အကြောင်း ကောင်းကောင်း သိပါပါတယ် ၊ ဒါက အပြောင်းအရွှေ့မှာ အဓိကကျတဲ့ အချက်တစ်ခုပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ZAWGYI: အာဆင်နယ် အသင်းဟာ ဇင်ချန်ကို ကို ပေါင် သန်း ၃၀ နဲ့ ခေါ်ယူဖို့ မန်စီးတီး အသင်း နဲ့ အလုံးစုံ သဘောတူညီမှု ရရှိ သွားခဲ့ပြီ ဖြစ်ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ သဘောတူညီမှု ရယူဖို့ပဲ ကျန်ရှိ ပါတော့တယ် ။ ဇင်ချန်ကို နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရဖို့ကလည်း အခက်အခဲ မရှိနိုင်တာကြောင့် အာဆင်နယ် အသင်းဟာ ယူကရိန်းသား ရဲ့ အပြောင်းအရွှေ့ကို ဒီတစ်ပတ် အတွင်း အပြီးသတ် နိုင်ဖွယ် ရှိနေပါတယ် ။