အာဆင်နယ် အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့ကာလမှာ ကစားသမား လေးဦး အထိ ခေါ်ယူ ထားပြီး ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ နွေရာသီ ပထမဆုံး ခေါ်ယူမှု အဖြစ် ဆော်ပေါ်လို အသင်းရဲ့ ဘရာဇီး လူငယ် ကြယ်ပွင့် မာကွင်ဟိုစ့် ကို ခေါ်ယူ ခဲ့ပါတယ် ။ အဲ့ဒီနောက်မှာတော့ ပေါ်တို အသင်း ရဲ့ကွင်းလယ် တိုက်စစ် ကစားသမား ဖေဘီယို ဗီအဲရာ ကို ​ယူရို သန်း ၄၀ နဲ့ ခေါ်ယူခဲ့ပါတယ် ။ အာဆင်နယ် အသင်းရဲ့ နွေရာသီ တတိယမြောက် ကစားသမား ခေါ်ယူမှုကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ကတည်းက သဘောတူညီမှု ရယူထားတဲ့ အမေရိကန် လက်ရွေးစင် ဂိုးသမား မတ်တာနာ ပါ ။

အာဆင်နယ် အသင်း လက်ရှိ နောက်ဆုံး ခေါ်ယူ ထားတဲ့ ကစားသမား ကတော့ မန်စီးတီး တိုက်စစ် ကစားသမား ဂျေးဇု ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ဂျေးဇု ကို ပေါင်၄၅ သန်း၊၅ နှစ်စာချုပ် နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျေးဇု ဟာ အာဆင်နယ် အသင်းရဲ့နွေရာသီ နောက်ဆုံး ခေါ်ယူမှု မဟုတ်သေးဘဲ နောက်ထပ် နှစ်ဦးလောက် ထပ်ခေါ်သွားဖို့ ရှိနေသေးကြောင်း အီဒူး က သူ့ကို ပြောကြားခဲ့တယ်လို့ ဂန်းနားဟောင်း ပေါလ်မာဆင် က ဖွင့်ဟ ပြောကြား လိုက်ပါတယ် ။

” အာဆင်နယ် အသင်း ခေါ်ယူထားတဲ့ ကစားသမားတွေက ကောင်းပုံ ပေါ်ပါတယ် ၊ ကျွန်တော် တနင်္ဂနွေနေ့တုန်းက အီဒူး နဲ့ တွေ့ခဲ့ပြီး စကား အနည်းငယ် ပြောဖြစ်ခဲ့ပါတယ် ။ ကျွန်တော်တို့ ဘာတွေ ဆွေးနွေးဖြစ်ခဲ့သလဲ ဆိုတာတော့ ပြောပြလို့ မရနိုင်ပါဘူး ။ အီဒူး ကတော့ ကျွန်တော့်ကို ယုံကြည်မှု အပြည့်နဲ့ ပြောသွား ခဲ့တာပါ ။ သူတို့ ကစားသမား ခေါ်ယူမှုတွေကို ကောင်းကောင်း လုပ်ထားနိုင်ပြီး နောက်ထပ် ၂ ဦးလောက် ထပ်ခေါ်လိမ့်ဦးမယ်လို့ ထင်ပါတယ် ၊ သူတို့ ထိပ်ဆုံးလေးသင်းထဲ ဝင်အောင် ကြိုးစားမှာပါ ။ ”

” Top 4 က သူတို့ရဲ့ အဓိက ရည်မှန်းချက် ဖြစ်ပါလိမ့်မယ် ၊ သူတို့ လူကောင်းကောင်း ဝယ်ထားသလို လူငယ် ကြယ်ပွင့်ကောင်းတွေကိုလည်း ပိုင်ဆိုင် ထားပါတယ် ၊ အခုဆို အာဆင်နယ် က အသင်းကောင်းလေးတစ်သင်း ဖြစ်နေပြီ ဖြစ်တာကြောင့် လာမယ့်ရာသီမှာ ဆင်ခြေတွေ အများကြီး ပေးလို့တော့ မရတော့ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ဂျေးဇု ကို ခေါ်ယူပြီးနောက် နောက်ခံလူ တစ်ဦး နဲ့ ကွင်းလယ်လူ တစ်ဦး ထပ်မံ ခေါ်ယူဖွယ် ရှိနေပါတယ် ။ အာဆင်နယ် အသင်းဟာ လက်ရှိမှာ အေဂျက်စ် နောက်ခံလူ မာတီနက်ဇ် ကို ခေါ်ယူ နိုင်ရေး ဦးစားပေး လုပ်ဆောင် နေပါတယ် ။

ZAWGYI: အာဆင်နယ် အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့ကာလမှာ ကစားသမား လေးဦး အထိ ခေါ်ယူ ထားပြီး ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ နွေရာသီ ပထမဆုံး ခေါ်ယူမှု အဖြစ် ဆော်ပေါ်လို အသင်းရဲ့ ဘရာဇီး လူငယ် ကြယ်ပွင့် မာကွင်ဟိုစ့် ကို ခေါ်ယူ ခဲ့ပါတယ် ။ အဲ့ဒီနောက်မှာတော့ ပေါ်တို အသင်း ရဲ့ကွင်းလယ် တိုက်စစ် ကစားသမား ဖေဘီယို ဗီအဲရာ ကို ​ယူရို သန်း ၄၀ နဲ့ ခေါ်ယူခဲ့ပါတယ် ။ အာဆင်နယ် အသင်းရဲ့ နွေရာသီ တတိယမြောက် ကစားသမား ခေါ်ယူမှုကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ကတည်းက သဘောတူညီမှု ရယူထားတဲ့ အမေရိကန် လက်ရွေးစင် ဂိုးသမား မတ်တာနာ ပါ ။