ဒီနှစ်မှာ ပရီးမီးယားလိဂ်ကို ပြန်လည်တန်းတက်လာနိုင်ခဲ့တဲ့ ဖူလ်ဟမ်အသင်းအနေနဲ့ အာဆင်နယ်အသင်းရဲ့ဂိုးသမား ဘန်းဒ်‌ လေနိုကို ခေါ်ယူချင်နေပေမယ့် ကစားသမားရဲ့အေးဂျင့်အဆိုအရတော့ အခြားကလပ်တွေကလည်း ဒီနှစ်နွေမှာ လေနိုကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားမှုတွေ ရှိနေကြကြောင်း သိရပါတယ်။ အသက် ၃၀ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားအနေနဲ့ လက်ရှိမှာတော့ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ် ကျန်ရှိနေသေးတဲ့ ကစားသမားတစ်ဦးဖြစ်ပေမယ့် အာရွန် ရမ်စ်ဒေးလ်ရဲ့ အစားထိုးမှုနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် လာမယ့်အပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွါဖို့ မျှော်မှန်းထားရတာဖြစ်ပါတယ်။

ဂျာမနီလက်ရွေးစင်ကစားသမားအနေနဲ့ ဘောလုံးရာသီ ၃ ခုတိုင်တိုင် အသင်းအတွက် ပထမဦးစားပေးဂိုးသမားတစ်ဦးဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကတော့ ရှက်ဖီးလ်ဒ် ယူနိုက်တက်အသင်းကနေ ရမ်စ်ဒေးလ် ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲသာ ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ နယူးကာဆဲလ်ယူနိုက်တက်အသင်းကလည်း လေနိုကို ခေါ်ယူဖို့အတွက် ချိတ်ဆက်နေပြီး ဘင်ဖီကာနဲ့ ဘွန်ဒက်စ်လီဂါကလပ်အသင်းအချို့ကလည်း စိတ်ဝင်စားမှုတွေရှိနေပေမယ့် သူ့အေးဂျင့်ကတော့ ပရီးမီးယားလိဂ်ကို အသစ်စက်စက်တန်းပြန်တက်လာခဲ့တဲ့ ဖူလ်ဟမ်အသင်းကလည်း သူ့ကစားသမားအတွက် ဖြစ်နိုင်တဲ့ အသင်းတစ်သင်းဖြစ်ကြောင်း ဖော်ပြခဲ့တာဖြစ်ပါတယ်။

လေနိုရဲ့ ကိုယ်စားလှယ်တွေကတော့ ရမ်စ်ဒေးလ်အနေနဲ့ အမ်းမရိတ်စ်မှာ ပထမဦးစားပေးဂိုးသမားအဖြစ် ပါဝင်ခွင့်ရနေတဲ့အပေါ်မှာ မပျော်မရွှင်ဖြစ်နေဆဲဖြစ်ပြီး သူတို့ရဲ့ ကစားသမားကသာလျင် ပထမဦးစားပေးဂိုးသမားအဖြစ် မှန်ကန်တဲ့ရွေးချယ်မှုဖြစ်လိမ့်မယ်လို့ ယုံကြည်နေကြတာဖြစ်ပါတယ်။ ယိုအာနစ် ခူခူထရီဂါက BILD သတင်းဌာနနဲ့ အင်တာဗျူးမှာ “သူက ဂျာမန်နိုင်ငံရဲ့လက်ရွေးစင်ဂိုးသမားတစ်ဦးပါ။ အာဆင်နယ်အသင်းမှာ အမြဲတမ်းကောင်းကောင်းမွန်မွန်စွမ်းဆောင်ပြထားနိုင်ခဲ့ပြီး လုံးဝကို အသင်းလိုက်ကစားတတ်တဲ့ ကစားသမားတစ်ဦးဆိုတာ သေချာပေါက်ပါပဲ”

“ကျွန်တော့်အတွက် ပုဂ္ဂိုလ်ရေးသီးသန့်ပြောရမယ်ဆိုရင် ဘန်းဒ်က အာဆင်နယ်ရဲ့ နံပါတ် ၁ ပဲဆိုတာ ရှင်းပါတယ်။ သူနဲ့ ပြိုင်ဆိုင်နေရသူတွေအပေါ်မှာလည်း လေးစားမှုထားပါတယ်။ ဟုတ်ပါတယ်။ ဖူလ်ဟမ်အသင်းကတော့ ဘန်းဒ်ကို ခေါ်ယူနိုင်ဖို့အတွက် အပြင်းအထန်ကြိုးစားနေပါတယ်။ ပရော်ဖက်ရှင်နယ်ကျကျနဲ့ပေါ့။ ဒါက အချို့အခြားအသင်းတွေအတွက်လည်း မှန်ကန်တဲ့အရာဖြစ်ပါတယ်။ ဒါကလည်း သူ့အရည်အသွေးကို ပြသနေတာပါပဲ။ ဒါပေမယ့် ကျွန်တော်ပြောခဲ့သလိုပဲ။ ကျွန်တော့်အတွက်တော့ သူက အာဆင်နယ်အသင်းရဲ့ နံပါတ် ၁ ဖြစ်ပြီး ကျွန်တော်တို့ကလည်း အေးဆေးပါပဲ”လို့ ပြောလာခဲ့ပါတယ်။

မာရက်ခ် ရိုဒါ့ခ်နဲ့ ပါအူလို ဂက်ဇာနီဂါတို့အနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ချန်ပီယံရှစ်ကို ကြီးစိုးခဲ့တဲ့ ခရီးစဉ်မှာ ဖူလ်ဟမ်အသင်းရဲ့ ဂိုးပေါက်ကို တာဝန်မျှယူခဲ့ကြပေမယ့် မန်နေဂျာ မာကို ဆေးလ်ဗားကတော့ ပရီးမီးယားလိဂ်မှာ အသင်းကို ကျန်ရစ်နေစေဖို့အတွက် နောက်ထပ် အရည်အသွေးမြင့်ဂိုးသမားတစ်ဦးကို ထပ်မံခေါ်ယူလိုနေတာဖြစ်ပါတယ်။ လာဇီယိုအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် သောမက်စ် စထရာကိုရှာအနေနဲ့ ဖူလ်ဟမ်အသင်းကို ပြောင်းရွှေ့ဖို့အတွက် ချိတ်ဆက်မှုတွေ ရှိနေခဲ့ပေမယ့် အဲလ်ဘေးနီးယားလက်ရွေးစင်ကစားသမားအတွက် ဘာသဘောတူညီမှုမှ မရရှိသေးတာဖြစ်ပါတယ်။

ZAWGYI: ဒီနှစ်မှာ ပရီးမီးယားလိဂ်ကို ပြန်လည်တန်းတက်လာနိုင်ခဲ့တဲ့ ဖူလ်ဟမ်အသင်းအနေနဲ့ အာဆင်နယ်အသင်းရဲ့ဂိုးသမား ဘန်းဒ်‌ လေနိုကို ခေါ်ယူချင်နေပေမယ့် ကစားသမားရဲ့အေးဂျင့်အဆိုအရတော့ အခြားကလပ်တွေကလည်း ဒီနှစ်နွေမှာ လေနိုကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားမှုတွေ ရှိနေကြကြောင်း သိရပါတယ်။ အသက် ၃၀ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားအနေနဲ့ လက်ရှိမှာတော့ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ် ကျန်ရှိနေသေးတဲ့ ကစားသမားတစ်ဦးဖြစ်ပေမယ့် အာရွန် ရမ်စ်ဒေးလ်ရဲ့ အစားထိုးမှုနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် လာမယ့်အပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွါဖို့ မျှော်မှန်းထားရတာဖြစ်ပါတယ်။