ဂျူဗင်တပ်အသင်းဟာ အာဆင်နယ်နောက်တန်းကစားသမား ဂါဘရီရယ် မာဂယ်လ်ဟေး ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို အစီရင်ခံစာအရ သိရပါတယ်။ ဗဟိုခံစစ် ကစားသမား ဂါဘရီရယ်ဟာ ပြီးခဲ့တဲ့ ရာသီမှာ အာဆင်နယ်နောက်တန်း အတွက် ပုံမှန် ပွဲထွက်ကစားထားရတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ သူ့ဟာ အသင်းမှာ ပုံမှန် တည်ငြိမ်တဲ့ ခြေစွမ်းရရှိထားပြီး အသင်းအတွက်လဲ သွင်းဂိုး ၅ ဂိုး ရှာဖွေ ပေးထားပါတယ်။

အာဆင်နယ်အသင်းကို မာဆေးလ်အသင်းကနေ အငှားကစားရာမှ ဝီလီယံ ဆလီဗာ ပြန်လည်ရောက်ရှိလာပါတယ်။ လီဆန်ဒရို မာတီနက် လို နောက်ခံကစားသမား ထပ်မံ ဖြည့်တင်းဖို့ ရှိနေပေမယ့် အာဆင်နယ်အသင်းဟာ ဒီနွေရာသီမှာ ဂါဘရီရယ်ကို ရောင်းချဖွယ် မရှိပါဘူး။ ဒါပေမယ့် အီတလီမှာ ရှိတဲ့ သတင်းဌာနဖြစ်တဲ့ Gazzetta Dello Sport က ဂျူဗင်တပ်အသင်းဟာ အသင်းက နောက်တန်းကစားသမား ဒီလစ် ယခုရာသီမှာ ထွက်ခွာဖွယ်ရှိနေတဲ့ အတွက် အာဆင်နယ် နောက်ခံ ကစားသမားကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အပတ်အစောပိုင်းမှာ ဂျူဗင်တပ်အသင်းဟာ ချဲလ်ဆီးအသင်းနဲ့ ဒီလစ်အတွက် ညှိနှိုင်းမှုဟာ တိုးတက်လာတယ်လို့ အစီရင်ခံစာတွေက ဖော်ပြထားပြီး ဂျူဗင်တပ်အသင်းဟာ ကစားသမားအတွက် သူတို့ အလိုရှိတဲ့ အရာတွေကို လျော့ချပေးထားခဲ့တယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းကတော့ အသင်းကနေ အန်တိုနီရို ရူဒီဂါ ၊ အန်ဒရီရာ ခရစ်တီယန်တို့ အသင်းက အလွတ်က ထွက်ခွာခွင့်ပြုထားရလို့ အသင်းရဲ့ နောက်တန်းကို ကစားသမားသစ်တွေနဲ့ ပြန်လည်ဖြည့်တင်းချင်နေတာပါ။

ဂျူဗင်တပ်အသင်းဟာ ကစားသမားရဲ့ ထွက်ခွာခွင့်အရ ဒီလစ်အတွက် ပေါင် ၁၀၂ သန်း သတ်မှတ်ထားပြီး ချဲလ်ဆီးအသင်းကတော့ ထိုခေါ်ယူမှု အတွက် အသင်းရဲ့ ကစားသမားတချို့ပေးကာ ကမ်းလှမ်းသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ဒါ့​ကြောင့် ဂျူဗင်တပ်ဟာ အသင်းရဲ့ နောက်တန်းကို ပြန်လည်ဖြည့်တင်းဖို့ အတွက် ကစားသမား ရှာဖွေနေပြီး Gazzetta Dello Sport အဆိုအရ ဂျူဗင်တပ်အသင်းဟာ အာဆင်နယ် နောက်ခံကစားသမားကို ယူရို သန်း ၃၀ ( ပေါင် ၂၆ သန်း) နဲ့ ခေါ်ယူချင်နေတယ်လို့ ဆိုပါတယ်။

ဥရောပ အသင်းတွေထဲမှာ ဂျူဗင်တပ်အသင်းဟာ ဂါဘရီရယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားဆုံး ဖြစ်တယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းကတော့ ယူနိုက်တက်အသင်းက ခေါ်ယူချင်နေတဲ့ မာတီနက်ကို အသင်းရဲ့ နောက်တန်းအတွက် ဖြည့်တင်းဖို့ ပြင်ဆင်နေပါတယ်။ အာဆင်နယ် ကစားသမားဟောင်း ကီဗင် ကမ်းဘဲကလဲ မာတီနက်ဟာ အာဆင်နယ်အတွက် ကစားသမား လေးယောက်စာကို တစ်ယောက်ထဲ အဖြစ် ခေါ်ယူနိုင်မယ့် ကစားသမားလို့ ပြောထားပါတယ်။

Football Insider မှာ ကမ်းဘဲက “မာတီနက်က ဗဟိုခံစစ်မှာ ၊‌ နောက်ခံ သုံးယောက်မှာ ဘယ်နောက်ခံ ၊ ဘယ်အစွန်နောက်ခံ နဲ့ ကွင်းလယ်မှာရော ကစားနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါက ကစားသမားတစ်ယောက်ထဲနဲ့ လေးယောက်စာ ပါပဲ။ သူဟာ တစ်နေရာထဲမှာ ကစားနိုင်သလို တခြားနေရာမှာလဲ ကစားနိုင်ပါတယ်။ သူဟာ ဘယ်ခြေသန် ကစားသမားဖြစ်ပြီး ဒီအချက်က ထူးခြားပါတယ်။ ”

“သူဟာ ဘောလုံးရယူမှုမှာ ကောင်းမွန်ပါတယ်။ အာဂျင်တီးနားသားဟာ နာမည်ပြောင်ရှိပြီး သူ့ကို ‘သားသတ်သမား’ လို့ ခေါ်ပါတယ်။ အဲ့ဒါက သူနဲ့ ကွက်တိပါပဲ။ သူက အာဆင်နယ်အသင်းအတွက် လိုအပ်နေတဲ့ ကစားသမားမျိုးပါပဲ။ သူ့ကို အာဂျင်တီးနားသားတစ်ယောက်လို့ မြင်လိုက်ရင်တော့ သူ့အတွက်ပေါင် ၃၅ သန်း ဆိုတာ မများပါဘူး။ အကယ်၍ သူ့ကို ခေါ်ယူနိုင်ခဲ့လျှင် အသင်းမှာ ကောင်းမွန်တဲ့ ခေါ်ယူမှုတစ်ခု ဖြစ်မှာပါ။ ” လို့ ကမ်းဘဲက ဆိုခဲ့ပါတယ်။

ZAWGYI: ဂျူဗင်တပ်အသင်းဟာ အာဆင်နယ်နောက်တန်းကစားသမား ဂါဘရီရယ် မာဂယ်လ်ဟေး ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို အစီရင်ခံစာအရ သိရပါတယ်။ ဗဟိုခံစစ် ကစားသမား ဂါဘရီရယ်ဟာ ပြီးခဲ့တဲ့ ရာသီမှာ အာဆင်နယ်နောက်တန်း အတွက် ပုံမှန် ပွဲထွက်ကစားထားရတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ သူ့ဟာ အသင်းမှာ ပုံမှန် တည်ငြိမ်တဲ့ ခြေစွမ်းရရှိထားပြီး အသင်းအတွက်လဲ သွင်းဂိုး ၅ ဂိုး ရှာဖွေ ပေးထားပါတယ်။