ယမန်နေ့က တောင်ကိုရီးယားအသင်းနဲ့ ဘရာဇီးအသင်းတို့ဟာ တောင်ကိုရီးယားမှာ ခြေစမ်းပွဲ တစ်ပွဲကစားခဲ့ကြပြီး ဒီပွဲစဉ်မှာ နေမာရဲ့ ပင်နယ်တီသွင်းဂိုး (၂)ဂိုး အပါအဝင် ဘရာဇီးတို့က (၅-၁)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ခြေစမ်းပွဲဆိုပေမဲ့ နှစ်သင်းလုံးဟာ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ကြတာ ဖြစ်ပြီး၊ တောင်ကိုရီးယားကြယ်ပွင့် တိုက်စစ်မှူး ဆွန်ပွဲထွက်လာခဲ့သလို ဘရာဇီးကြယ်ပွင့် နေမာလည်း ပါဝင် ပွဲထွက်ကစားသွားခဲ့ကြတာ ဖြစ်ပါတယ်။

ဘရာဇီးတို့ဟာ ရစ်ချာလီဆန်၊ နေမာ၊ ကော်တင်ဟိုနဲ့ ဂါဘရီရယ်ဂျီးဆပ်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး တောင်ကိုရီးယားအတွက် ခြေပဂိုး တစ်ဂိုးကိုတော့ ညာတောင်ပံ တိုက်စစ်ကစားသမား ဟောင်က သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲစဉ်အပြီးမှာတော့ နေမာနဲ့ ဆွန်ဟောင်မင်တို့ဟာ ဂျာစီချင်းလဲလှယ်ခဲ့ကြပါတယ်။ ဒီပွဲစဉ်မှာ နေမာဟာ ဘရာဇီးအတွက် ခြေစွမ်းပြကစားနိုင်ခဲ့သလို ဆွန်ဟောင်မင်ကလည်း ပွဲချိန်ပြည့်ပါဝင် ကစားခဲ့ပြီး ခြေစွမ်းပြ နိုင်ခဲ့ပါတယ်။

ဒီပွဲစဉ်အပြီးမှာတော့ နေမာဟာ ဆွန်နဲ့ နှစ်ယောက်ပုံကို သူ့ရဲ့ အင်စတာဂရမ်မှာ ” ဘောလုံးသမိုင်းမှာ အခမ်းနားဆုံးတွေထဲက (၂)ယောက် ” ဆိုတဲ့ စာသားနဲ့ တင်ထားခဲ့တာ ကိုတွေ့ခဲ့ရပါတယ်။ နေမာဟာ တောင်ကိုရီးယားနံ့ ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုး(၂)ဂိုးကြောင့် ဘရာဇီးရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ပီလီရဲ့ ဂိုးသွင်းစံချိန်ကို လိုက်မီဖို့ သွင်းဂိုး (၅)ဂိုးသာ လိုအပ်တော့တာ ဖြစ်ပါတယ်။ ဆွန်အနေနဲ့ကတော့ တောင်ကိုရီးယားရဲ့ ထိပ်တန်း ဂိုးသွင်းရှင်စာရင်းထဲမှာ ပါဝင်လျက်ရှိနေပေမဲ့ တောင်ကိုရီးယားအတွက် ဂိုးသွင်းအများဆုံး ကစားသမား နေရာကို ရောက်ရှိဖို့အတွက်ကတော့ သွင်းဂိုးတွေ များစွာလိုအပ်လျက်ရှိနေ သေးတာ ဖြစ်ပါတယ်။

ဘရာဇီးနဲ့ ကစားခဲ့တဲ့ ပွဲဟာ ဆွန်အတွက် နိုင်ငံပွဲစဉ်(၉၉)ပွဲ မြောက် ဖြစ်ခဲ့ပြီး တောင်ကိုရီးယား လက်ရွေးစင်အသင်းအတွက် သွင်းဂိုး (၃၁)ဂိုး အထိ သွင်းယူပေးထားနိုင်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ အသင်း သမိုင်းမှာ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် အဆင့်(၆)နေရာမှာ ရပ်တည်လျက် ရှိနေပါတယ်။ တောင်ကိုရီးယား လက်ရွေးစင်အသင်း သမိုင်းမှာ ဂိုးသွင်းအများဆုံး ကစားသမားက (၁၉၇၂)ကနေ (၁၉၈၆)ကာလတွေ အတွင်း ကစားခဲ့တဲ့ တိုက်စစ်မှူး ချဘန်ခွမ် ဖြစ်ပြီး (၅၇)ဂိုး အထိ သွင်းယူထားခဲ့တာ ဖြစ်ပါတယ်။

ဆွန်အနေနဲ့ တောင်ကိုရီးယား လက်ရွေးစင်အသင်းရဲ့ ဂိုး သွင်းအများဆုံး ကစားသမား ဖြစ်လာဖို့ဆိုရင် နောက်ထပ် သွင်းဂိုး (၂၈)ဂိုး အထိ သွင်းယူဖို့ လိုအပ်နေသေးတာပဲ ဖြစ်ပါတယ်။ လာမယ့ျ တနလျာနေ့မှာ ကစားရမယ့ျ ခြီလီနဲ့ ခွစေမျးပှဲစဉျကတော့ ဆှနျဟောငျမငျအတှကျ နိုငျငံ လကျရှေးစငျအဖွဈ ပှဲ (၁၀၀) ပွည့ျမွောကျမယ့ျ ပှဲစဉျတဈပှဲ ဖွဈလာမှာပါ။ ဆှနျဟာ ပွီးခဲ့တဲ့ (၂၀၂၁-၂၂)ဘောလုံးရာသီမှာလညျး စပါးနဲ့ အတူတောကျပခဲ့တဲ့ သူဖွဈခဲ့ပါတယျ။

စပါးအတွက် ပရီးမီးယားလိဂ်မှာ သွင်းဂိုး (၂၃)ဂိုး သွင်းယူပြီး ရွှေဖိနပ်ဆုရရှိခဲ့သလို ဥရောပ ထိပ်တန်းလိဂ်(၅)ခုမှာ ရွှေဖိနပ်ဆုကို ရရှိတဲ့ ပထမဆုံးသော အာရှသားအဖြစ်လည်း သမိုင်းမှာ မှတ်တမ်းသစ်တစ်ခုကို ရေးထိုးနိုင်ခဲ့ပါတယ်။ စပါးအသင်းနဲ့ အတူ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပြနိုင်ခဲ့ပြီး အောင်မြင်တဲ့ ဘောလုံးရာသီတစ်ခု ပိုင်ဆိုင်ခဲ့ပေမဲ့ PFAရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု အတွက် ဆန်ကာတင်စာရင်းမှာတောင် မပါလာခဲ့တဲ့ အတွက် အာရှသားမလို့ မပါတာဆိုတဲ့ စွတ်စွဲချက်တွေ ထွက်ပေါ်လျက်ရှိနေပါတယ်။

ZAWGYI: ယမန်နေ့က တောင်ကိုရီးယားအသင်းနဲ့ ဘရာဇီးအသင်းတို့ဟာ တောင်ကိုရီးယားမှာ ခြေစမ်းပွဲ တစ်ပွဲကစားခဲ့ကြပြီး ဒီပွဲစဉ်မှာ နေမာရဲ့ ပင်နယ်တီသွင်းဂိုး (၂)ဂိုး အပါအဝင် ဘရာဇီးတို့က (၅-၁)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ခြေစမ်းပွဲဆိုပေမဲ့ နှစ်သင်းလုံးဟာ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ကြတာ ဖြစ်ပြီး၊ တောင်ကိုရီးယားကြယ်ပွင့် တိုက်စစ်မှူး ဆွန်ပွဲထွက်လာခဲ့သလို ဘရာဇီးကြယ်ပွင့် နေမာလည်း ပါဝင် ပွဲထွက်ကစားသွားခဲ့ကြတာ ဖြစ်ပါတယ်။