လီဗာပူးလ် တိုက်စစ်မှူးသစ် ဒါဝင်နူနက်ဇ်ဟာ ရာသီကြို ခြေစမ်းပွဲတွေမှာ ဂိုးမသွင်းနိုင်သေးပေမယ့် အသင်းလိုက် ကစားပုံထဲမှာ အံဝင်အောင် ကစားနိုင်ခဲ့တာကြောင့် ဂိုးသွင်းတာထက် ပိုကျေနပ်မိတယ်လို့ ဂျာဂန်ကလော့ပ်နဲ့ သူ့ရဲ့ နည်းပြ အဖွဲ့ဝင်တွေက ပြောသွားခဲ့ပါတယ်။ ဒီတိုက်စစ်မှူးဟာ ကြိုးကြာနီတို့ရဲ့ အားထားရတဲ့ တောင်ပံ ကစားသမား ဆာဒီယို မာနေး ဘိုင်ယန်မြူးနစ် အသင်းထံ မပြောင်းရွှေ့မီ ဇွန်လကတည်းက လီဗာပူးလ် အသင်းကို ပြောင်းရွှေ့ကြေး ယူရိုသန်း၁၀၀နဲ့ (ပေါင်၈၅.၂သန်း) ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် နူနက်ဇ်ဟာ အာရှမြေမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ၄-၀ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးလ် အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲမှာ အရမ်းကောင်းတဲ့ အခွင့်အရေးတစ်ခု ရရှိခဲ့ပေမယ့်၊ ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိတာကြောင့် ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။ သူဟာ ခရစ္စတယ်ပဲလေ့စ် အသင်းကို ၂-၀ဂိုးနဲ့ အနိုင်ရခဲ့တဲ့ နောက်ထပ် ရာသီကြို ခြေစမ်းပွဲ တပွဲမှာလည်း ကောင်းမွန်တဲ့ အခွင့်အရေး ရခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပဲ၊ အဆိုပါ ပွဲစဉ် နှစ်ပွဲစလုံးမှာ ပွဲကစားချိန် ၁နာရီသာ ကစားခွင့် ရခဲ့ပါတယ်။

ဒါ့ကြောင့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ သူ့ရဲ့ ခြေစွမ်းဟာ ထိုက်တန်မှု မရှိဘူးလို့ ဝေဖန်နေကြတာ ဖြစ်ပြီး၊ လီဗာပူးလ် အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲ နှစ်ပွဲစလုံးမှ နူနက်ဇ်ရဲ့ လွဲချော်မှုတွေဟာ ဂိုးသမားနဲ့ အနီးကပ် ရင်ဆိုင်ခဲ့ရတဲ့ အခွင့်အရေးကောင်းတွေ ဖြစ်ပါတယ်။ ဒီလို လွဲချော်မှုတွေ ရှိနေပေမယ့် ဂျာဂန်ကလော့ပ်နဲ့ သူ့ရဲ့ နည်းပြ အဖွဲ့ဝင်တွေက ဂိုးရှေ့မှာ အခွင့်အရေးတွေ လွဲချော်ခဲ့တဲ့ နူနက်ဇ်ရဲ့ အခြေအနေကို စိတ်မပူကြောင်းနဲ့၊ ပြိုင်ဘက် နောက်ခံလူတွေကို အလုပ်ရှုပ်စေခဲ့တဲ့ ဒီတိုက်စစ်မှူးရဲ့ ခြေစွမ်းကို သဘောကျမိကြောင်း ပြောထားပါတယ်။

ဒါ့အပြင် လီဗာပူးလ် အသင်းရဲ့ နည်းပြ အဖွဲ့ဝင်တွေက သူတို့ရဲ့ တိုက်စစ်မှူးသစ် ဒါဝင်နူနက်ဇ်ဟာ မကြာသေးမီ နှစ်တွေအတွင်း မိုဟာမက် ဆာလာနဲ့ ဆာဒီယို မာနေးတို့လို အသင်းရဲ့ တောင်ပံခံစစ် ကစားသမားတွေနဲ့ ချိတ်ဆက် ကစားနိုင်လိမ့်မယ်လို့လည်း ယုံကြည်နေကြပါတယ်။ လက်ရှိမှာ ဂိုးမသွင်းနိုင်သေးပေမယ့် နူနက်ဇ်ရဲ့ အခြေအနေကို လုံးဝ စိတ်မပူကြောင်း ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲ အပြီးမှာ ဂျာဂန်ကလော့ပ်က “နူနက်ဇ်နဲ့ ပတ်သက်ပြီး ကျွန်တော် လုံးဝ စိတ်မပူပါဘူး။”

“ကျွန်တော်ရဲ့ ကစားသမားကို လူတွေ ဘယ်လိုပဲ ဝေဖန်နေကြပါစေ၊ သူတို့ အာလုံးရဲ့ ဝေဖန် အကဲဖြတ်မှုတွေဟာ ကျွန်တော်တို့ အတွက် လုံးဝ စိတ်ဝင်စားစရာ မရှိပါဘူး။ ပွဲတပွဲမှာ ကစားသမား တယောက်ရဲ့ လွဲချော်မှုတွေကို ရွေးထုတ်ပြီး လှောင်ပြောင်နေကြတာက မဖြစ်သင့်ပါဘူး။ အဲလို လှောင်ပြောင်မှုတွေကို ဟာသတခုလို့ပဲ ကျွန်တော်တို့ သတ်မှတ် နားလည်ထားပါတယ်။ ကျွန်တော်တို့ အတွက် ပထမဆုံးနဲ့ အရေးအကြီးဆုံးက ဒီကစားသမားရဲ့ အခြေအနေကို ပိုကောင်းလာအောင် ဆုံးဖြတ်နိုင်ဖို့ပဲ လိုတာပါ။”

“အဲဒါကြောင့် ကျွန်တော့် အနေနဲ့ နူနက်ဇ်ရဲ့ ခြေစွမ်းကို ကြည့်ပြီး၊ စိတ်ပူနေတဲ့ စကားတွေ ပြောနေစရာ အကြောင်း မရှိပါဘူး။ ဘာလို့လဲဆိုတော့ သူ့မှာ ကောင်းမွန်တဲ့ အလားအလာတွေ ရှိနေတယ်လို့ ကျွန်တော် အပြည့်အဝ ယုံကြည်နေတယ်လေ။”လို့ ပြောသွားခဲ့ပါတယ်။ လီဗာပူးလ် အသင်းဟာ လက်ရှိမှာ ဥရောပကို ပြန်လည် ရောက်ရှိနေပြီ ဖြစ်ပြီး၊ သူတို့ရဲ့ ရာသီကြို ပွဲစဉ်ဇယားအရ တတိယမြောက် ခြေစမ်းပွဲအဖြစ် ဂျာမန်ကလပ် လိုက်ပ်ဇစ် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

ZAWGYI: လီဗာပူးလ် တိုက်စစ်မှူးသစ် ဒါဝင်နူနက်ဇ်ဟာ ရာသီကြို ခြေစမ်းပွဲတွေမှာ ဂိုးမသွင်းနိုင်သေးပေမယ့် အသင်းလိုက် ကစားပုံထဲမှာ အံဝင်အောင် ကစားနိုင်ခဲ့တာကြောင့် ဂိုးသွင်းတာထက် ပိုကျေနပ်မိတယ်လို့ ဂျာဂန်ကလော့ပ်နဲ့ သူ့ရဲ့ နည်းပြ အဖွဲ့ဝင်တွေက ပြောသွားခဲ့ပါတယ်။ ဒီတိုက်စစ်မှူးဟာ ကြိုးကြာနီတို့ရဲ့ အားထားရတဲ့ တောင်ပံ ကစားသမား ဆာဒီယို မာနေး ဘိုင်ယန်မြူးနစ် အသင်းထံ မပြောင်းရွှေ့မီ ဇွန်လကတည်းက လီဗာပူးလ် အသင်းကို ပြောင်းရွှေ့ကြေး ယူရိုသန်း၁၀၀နဲ့ (ပေါင်၈၅.၂သန်း) ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။