လက်ရှိရာသီကုန်မှာ သူ့ရဲ့ချယ်လ်ဆီးစာချုပ်သက်တမ်းကုန်တဲ့အခါ ရီးယဲမက်ဒရစ်ကိုပူးပေါင်းဖို့ ဂျာမန်နောက်တန်းကစားသမား အန်တိုနီယိုရူဒီဂါက သဘောတူညီခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ်ခံစစ်မှူးဟာ ဆေးစစ်မှုပြီးစီးခဲ့ပြီဖြစ်ပြီး လေးနှစ်သက်တမ်းရှိစာချုပ်တခုကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။ စာချုပ်အရ တရာသီကို ပေါင် ၆.၈ သန်းရမှာဖြစ်ပြီး ဘောနပ်စ်များပါဝင်ပါတယ်။

ရူဒီဂါကိုယ်တိုင်ရော ရူဒီဂါရဲ့အေးဂျင့်ဖြစ်တဲ့ အမေတူအဖေကွဲအစ်ကို ဇာဇီနီဇီးတို့နှစ်ဦးလုံးဟာ ဒီအပြောင်းအရွှေ့အတွက် များပြားတဲ့လက်မှတ်ထိုးခဘောနပ်တခုရရှိမှာဖြစ်ပြီး သူတို့နှစ်ယောက်ကြားခွဲယူဖို့ ပေါင် ၂၉ သန်း လောက်ရတယ်လို့ အချို့သတင်းများကဆိုပါတယ်။ ရီးယဲမက်ဒရစ်တို့အတွက် ချယ်လ်ဆီးကို ရူဒီဂါဘာလို့စွန့်ခွာတာလဲ?

ပြီးခဲ့တဲ့လတုန်းက ကလပ်နဲ့ နောက်တဆင့်ဆွေးနွေးညှိနှိုင်းမှုများအတွင်း သူ့ရဲ့စကားများကြောင့် ရီးယဲကိုပြောင်းမယ့်အပြောင်းအရွှေ့ကို လူအတော်များများ သိရှိနားလည်ထားပြီးသားဖြစ်ပါတယ်။ ဒီဇင်ဘာတုန်းက ပျက်စီးခဲ့တဲ့ဆွေးနွေးညှိနှိုင်းမှုများပြီးနောက်က စကားပြောဆိုမှုများပြန်စဖို့ သူ့ကလပ်ကို ကာလိုအန်ချလော့တီက ညွှန်ကြားခဲ့ပါတယ်။

ရူဒီဂါကို ချယ်လ်ဆီးတို့က ဆက်လက်ထိန်းသိမ်းထားချင်ခဲ့ပေမဲ့လည်း ကလပ်ရဲ့ပိုင်ရှင်သစ်လက်ပြောင်းလက်လွှဲပြီးဆုံးအောင် စောင့်ဆိုင်းနေရတာကို ကစားသမားက စိတ်မရှည်နိုင်တော့တာဖြစ်ပါတယ်။ ကလပ်အပေါ်မှာရှိနေတဲ့ဆန်ရှင်များအရ သူတို့ရဲ့ဘယ်ကစားသမားကိုမှ စာချုပ်သစ်ချုပ်ဆိုခြင်းများ မလုပ်နိုင်ပါဘူး။

ကလပ်အရောင်းအဝယ်ပြီးသည်အထိ စောင့်ပေးဖို့ သောမတ်စ်တူချယ်နဲ့ အခြားစီနီယာကစားသမားများက တောင်းဆိုခဲ့ကြပေမဲ့လည်း သူ့ကိုကမ်းလှမ်းမှုများထဲကတခုကို ရူဒီဂါကရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။ ဖြစ်နိုင်ချေအရောင်းအဝယ်တခုအတွက် မန်ချက်စတာယူနိုက်တက်၊ ဘာဆီလိုနာ၊ ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်တို့အားလုံး ညှိနှိုင်းမှုများပြုလုပ်ခဲ့ကြပေမဲ့ သူကတော့ ဘာနေဗျူးအပြောင်းအရွှေ့ကို ရွေးချယ်ခဲ့တာပါ။

ZAWGYI: လက်ရှိရာသီကုန်မှာ သူ့ရဲ့ချယ်လ်ဆီးစာချုပ်သက်တမ်းကုန်တဲ့အခါ ရီးယဲမက်ဒရစ်ကိုပူးပေါင်းဖို့ ဂျာမန်နောက်တန်းကစားသမား အန်တိုနီယိုရူဒီဂါက သဘောတူညီခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ်ခံစစ်မှူးဟာ ဆေးစစ်မှုပြီးစီးခဲ့ပြီဖြစ်ပြီး လေးနှစ်သက်တမ်းရှိစာချုပ်တခုကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။ စာချုပ်အရ တရာသီကို ပေါင် ၆.၈ သန်းရမှာဖြစ်ပြီး ဘောနပ်စ်များပါဝင်ပါတယ်။