ဘာစီလိုနာ နဲ့ ပြင်သစ် တောင်ပံ ကစားသမား ဒမ်ဘီလီ ရဲ့ အေးဂျင့်ဖြစ်သူတို့ အကြား စာချုပ်သစ် ဆိုင်ရာ ကိစ္စရပ်တွေ နဲ့ ပတ်သက်ပြီး မနေ့က တရားဝင် တွေ့ဆုံမှုတွေ လုပ်ဆောင်ခဲ့ ပါတယ်။ လက်ရှိ စာချုပ်သက်တမ်းက ဇူလိုင်လ 1 ရက်နေ့ ရောက်တာ နဲ့ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်ဖက် တာဝန်ရှိသူတွေ ဟာ နောက်ဆုံး အချိန်တွေမှာ အပေးအယူများ တည့်သွားနိုင်မလား မျှော်လင့်ချက်နဲ့ ဆွေးနွေးပွဲ လုပ်ခဲ့ကြတာပါ။

ဘာစီလိုနာ ဘက်မှာတော့ ဒမ်ဘီလီ ကို အသင်းမှာ ဆက်ထိန်းထားဖို့ အရေးကို အဓိက တောင်းဆိုနေတာ နည်းပြ ဇာဗီ ဖြစ်ပါတယ်။ ဇာဗီ ဟာ ပြင်သစ် ကစားသမား ရဲ့ စွမ်းဆောင်ရည်ကို သဘောကျသလို ၊ သူ့ရဲ့ စီမံကိန်းတွေမှာလဲ အဓိက အစိတ်ပိုင်း တစ်ခုအဖြစ် ပါဝင်မယ့် အကြောင်း အတိအလင်း အသိပေးခဲ့တာပါ။ သူ့ကြောင့်ပဲ နှစ်ဖက် တာဝန်ရှိသူတွေ နောက်ဆုံး တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့တာ ဖြစ်ပါတယ်။

ကတ်တလန် သတင်းတွေ ကတော့ အဲဒီ အစည်းအဝေးမှာ ဘာစီလိုနာ က မည်သည့် ကမ်းလှမ်းမှုသစ်မှ ထပ်မံ လုပ်ဆောင်ခြင်း မရှိပဲ ၊ အေးဂျင့် ဖြစ်သူဆီ က စကားသံကိုပဲ အဓိက နားထောင်ခဲ့တယ်လို့ ဖေးဖေးမမ ရေးနေကြပါတယ်။ သူတို့ ရဲ့ အာဘော် အရ ဒမ်ဘီလီ ရဲ့ အေးဂျင့် ဖြစ်သူဟာ ယခင် စာချုပ်သစ် ကမ်းလှမ်းမှုတွေ အတိုင်း ပြောင်းလဲခြင်း မရှိပဲနဲ့တော့ စာချုပ်သက်တမ်း တိုးဖို့ ဖြစ်နိုင်မှာ မဟုတ်ကြောင်း ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

ဘာစီလိုနာ ဘက်ကလဲ ကစားသမား ရဲ့ ဆန္ဒကို နားလည်သည့်တိုင်အောင် လက်ရှိ ဘဏ္ဍာရေး အကျပ်အတည်း အရ ဘယ်လို ပြုပြင်လို့မရတဲ့ အကြောင်းအရင်းတွေကိုပဲ လက်ခံနားလည်အောင် ရှင်းပြတယ်လို့ ရေးသားထားပါတယ်။ သို့သော် ပြင်သစ် အခြေစိုက် အားကစား သတင်းတွေက အဲဒီ ပုံစံနဲ့ ကွဲပြားတဲ့ အချက်အလက်တွေနဲ့ ရေးသား ဖော်ပြနေကြပါတယ်။ ဒမ်ဘီလီ ရဲ့ လက်ရှိ လုပ်ခ လစာ ပမာဏ က တစ်နှစ် အတွက် ယူရို 11 သန်း ရရှိနေတာ ဖြစ်ပြီး ၊

စာချုပ်သစ်မှာတော့ ဘာစီလိုနာ ဘက်က တစ်နှစ် လုပ်ခ ယူရို 6 သန်း + 3 နှစ် စာချုပ် နဲ့ နောက်ဆုံး ကမ်းလှမ်းခဲ့တယ်လို့ အခိုင်အမာ ဆိုထားပါတယ်။ ဒါကြောင့် ဒမ်ဘီလီ အနေနဲ့ အဲဒီ ကမ်းလှမ်းမှုကို လက်ခံမလား ၊ ချဲလ်ဆီး က ကမ်းလှမ်းလာတဲ့ စာချုပ်ကိုပဲ စဉ်းစားသွားမလား ဆိုတာ ဆုံးဖြတ်ရတော့မှာပါ။ ချဲလ်ဆီး နည်းပြ သောမတ် တူချယ်ဟာ မန်စီးတီး က စတာလင် ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေသည့်တိုင်အောင် ၊ ဒေါ့မွန် တုန်းက လက်တွဲခဲ့ဖူးတဲ့ တပည့်ကျော် ကိုလဲ စတမ်းဖို့ဘရစ်ချ် ဆီ ခေါ်ဆောင်ဖို့ ဆန္ဒပြင်းပြနေသူ ဖြစ်ပါတယ်။

ဒီနှစ် အစောပိုင်း တုန်းကတော့ ဒမ်ဘီလီ ဟာ စည်းကမ်းပိုင်း ဆိုင်ရာ အားနည်းချက်တွေ နဲ့ ဒဏ်ရာပြသနာတွေ ဆက်တိုက် ရုန်းကန်နေရတဲ့ ဘောလုံးသမားမျိုးဖြစ်လို့ ခေါ်ယူမယ့် အသင်းမျိုးတောင် ရှိမှာ မဟုတ်ဘူးလို့ သုံးသပ်ချက်တွေ ထုတ်ခဲ့ကြပေမယ့် ၊ တကယ့် လက်တွေ့မှာတော့ သူ့ကို လိုလိုချင်ချင် နဲ့ ကမ်းလှမ်းထားတဲ့ အသင်းကြီး နှစ်သင်းက ထင်ရှားနေပါပြီ။ ချဲလ်ဆီး ကိုပဲ ပြောင်းမလား ၊ ဘာစီလိုနာ မှာပဲ ဆက်ရှိသွားမလား ဆိုတာတော့ ကစားသမား ကိုယ်တိုင်ပဲ ဆုံးဖြတ်ချက် ချရတော့မှာပါ။

ZAWGYI: ဘာစီလိုနာ နဲ့ ပြင်သစ် တောင်ပံ ကစားသမား ဒမ်ဘီလီ ရဲ့ အေးဂျင့်ဖြစ်သူတို့ အကြား စာချုပ်သစ် ဆိုင်ရာ ကိစ္စရပ်တွေ နဲ့ ပတ်သက်ပြီး မနေ့က တရားဝင် တွေ့ဆုံမှုတွေ လုပ်ဆောင်ခဲ့ ပါတယ်။ လက်ရှိ စာချုပ်သက်တမ်းက ဇူလိုင်လ 1 ရက်နေ့ ရောက်တာ နဲ့ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်ဖက် တာဝန်ရှိသူတွေ ဟာ နောက်ဆုံး အချိန်တွေမှာ အပေးအယူများ တည့်သွားနိုင်မလား မျှော်လင့်ချက်နဲ့ ဆွေးနွေးပွဲ လုပ်ခဲ့ကြတာပါ။