ချဲလ်ဆီး အသင်းဟာ ယနေ့မှာပဲ နာပိုလီ အသင်းကနေ အသက် ၃၁နှစ် အရွယ် ဆီနီဂေါ လက်ရွေးစင် ဗဟို ခံစစ်မှူး ကာလီဒူ ကူလီဘာလီကို ပြောင်းရွှေ့ကြေး ပေါင် ၃၄သန်း ၊ ၄နှစ် +တနှစ် သက်တမ်းထပ်တိုးခွင့်နဲ့ တရားဝင် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ ကူလီဘာလီ ဟာ နာပိုလီ အသင်းနဲ့ အတူ ၈နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ၊ ခံစစ်မှူး တယောက်ရဲ့ အထွတ်အထိပ် အချိန်မှာ ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ အခြေချတာ ဖြစ်ပါတယ် ။ ယင်းဆီနီဂေါသား ဟာ ချဲလ်ဆီးမှာ တနှစ် ယူရို ၁၀သန်း ဝန်းကျင် လစာ ရရှိမှာလည်း ဖြစ်ပါတယ် ။

ချဲလ်ဆီး အတွက်တော့ လစ်လပ်သွားတဲ့ အားထားရတဲ့ ဗဟို ခံစစ်မှူးဟောင်း အန်တိုနီယို ရူဒီဂါရဲ့ နေရာမှာ ဒေါင်ဒေါင်မြည် ခံစစ်မှူး တဦးကို စျေးတန်တန်နဲ့ အစား ရလိုက်တာ ဖြစ်ပြီး ၊ ၄င်းဟာ ပရီးမီးယားလိဂ်မှာ သီယာဂို ဆေးလ်ဗားကဲ့သို့ တန်းပြီး အံဝင်နိုင်မလားဆိုတာပဲ စောင့်ကြည့်ဖို့ ကျန်မှာ ဖြစ်ပါတယ် ။ အခုအချိန် လပ်စ်ဗေးဂတ်စ်မှာ ချဲလ်ဆီး အသင်းရဲ့ ရာသီကြို ခရီးစဉ်ကို ပူးပေါင်းဖို့ ရောက်ရှိလာတဲ့ ကူလီဘာလီ က ချဲလ်ဆီး ကစားသမား ဘဝ ပထမဆုံး အင်တာဗျူးမှာ ခြင်္သေ့ပြာ တပ်သား တဦး ဖြစ်လာခွင့် ရတဲ့ အပေါ် ဘယ်လောက်ထိ ရင်ခုန် စိတ်လှုပ်ရှားနေလဲ ဆိုတာ အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

ကူလီဘာလီ က ” ချဲလ်ဆီး အသင်းဆီ ပြောင်းလာရတဲ့ အတွက် ကျွန်တော် အရမ်း ပျော်ရွှင်နေပါတယ် ။ ဒါဟာ ကမ္ဘာ့ အသင်းကြီး တသင်း ဖြစ်ပြီး ၊ ပရီးမီးယားလိဂ်မှာ ကစားဖို့ ဆိုတာ ကျွန်တော့ရဲ့ အမြဲတမ်း အိပ်မက် ဖြစ်ပါတယ် ။ ချဲလ်ဆီး ဟာ ကျွန်တော့ကို ၂၀၁၆ ခုနှစ်တုန်းက တကြိမ် ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ် ။ ဒါပေမယ့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ပါဘူး။ အခု တခါမှာလည်း သူတို့ ကျွန်တော့ကို ခေါ်ယူဖို့ ထပ်မံ ကြိုးစားခဲ့တာကြောင့် ကျွန်တော်လည်း ဒါကို လက်ခံ ဖြစ်ခဲ့ပါတယ် ။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ကျွန်တော့ကို ပရီးမီးယားလိဂ်မှာ လာရောက် ကစားဖို့ အမှန်တကယ် အလိုရှိကြလို့ပါပဲ ။ ”

” ကျွန်တော့ မိတ်ဆွေအရင်းတွေ ဖြစ်ကြတဲ့ အက်ဒူ ( မန်ဒီ ) နဲ့ ဂျော်ဂျင်ဟိုတို့ကို စကားပြောပြီးတဲ့ အခါမှာတော့ သူတို့ရဲ့ တိုက်တွန်းမှုတွေက ကျွန်တော် ဒီကို ပြောင်းလာဖို့ ရွေးချယ်မှု အတွက် ပိုမို လွယ်ကူစေခဲ့ပါတယ် ။ ဒီတော့ ခင်ဗျားတို့နဲ့ အတူ ဒီနေ့ ဒီအချိန်မှာ အတူတူ ရှိနေရတာကို အမှန်တကယ် ပျော်ရွှင်ကြောင်း ပြောလိုပါတယ် ။ နောက်ပြီး ပရိသတ်တွေကိုလည်း ကျေးဇူး အထူးတင်လိုပါတယ် ။ ဘာလို့လဲဆိုတော့ လန်ဒန်ကို ဆေးစစ်ဖို့ ရောက်လာတော့ လေယာဉ်က အဆင်း သူတို့ ကျွန်တော့ကို ကြိုဆိုခဲ့ကြပြီး ၊ လူတိုင်းကလည်း ကျွန်တော် ရောက်လာတာကို အရမ်း ဝမ်းသာနေကြလို့ပါပဲ ။ ”

” ဒီနှစ် ဘောလုံးရာသီကို အောင်အောင်မြင်မြင် ကျော်ဖြတ်ဖို့နဲ့ ပရိသတ်တွေကို အခိုက်အတန့်ကောင်းတွေ မျှဝေပေးဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ချဲလ်ဆီး ပိုင်ရှင်သစ် ဖြစ်သူ တော့ဒ်ဘိုလီနဲ့ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ်တို့ကလည်း ဒီနွေရာသီ ဒုတိယမြောက် ခေါ်ယူမှု ဖြစ်တဲ့ ကူလီဘာလီထံမှ ၄င်းတို့ ဘယ်လို အရည်အသွေးတွေ ထုတ်ယူ သုံးစွဲလို့ရမလဲ ဆိုတာ အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

တော့ဒ်ဘိုလီ က ” ကာလီဒူ ကူလီဘာလီ ဟာ ကမ္ဘာ့ ထိပ်တန်း ခံစစ်မှူးတွေထဲက တဦး ဖြစ်ပြီး ၊ ကျွန်တော်တို့ဟာ သူ့ကို ချဲလ်ဆီး အသင်းကနေ အခုလို ကြိုဆိုခွင့် ရလို့ ၊ ဝမ်းမြောက်မိပါတယ် ။ သူဟာ ကြီးကျယ်တဲ့ ခေါင်းဆောင်ကောင်း တဦး ဖြစ်သလို ၊ စံထားရတဲ့ အသင်းလိုက် ကစားသမား တဦးလည်း ဖြစ်ပါတယ် ။ ကာလီဒူ ဟာ ကျွန်တော်တို့ အတွက် အတွေ့အကြုံကောင်း ၊ အရည်အသွေးကောင်း များစွာ ယူဆောင်လာပေးမှာ သေချာပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တူချယ် က ” ကျွန်တော်တို့ဟာ ကာလီဒူရဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်မှု အတွက် အရမ်းပဲ ပျော်ရွှင်နေကြပါတယ် ။ ဒါဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း ကျွန်တော်တို့ အသင်းရဲ့ ဒုတိယမြောက် ခေါ်ယူမှု ဖြစ်ပါတယ် ။ နောက်ထပ် မြင့်မားတဲ့ အရည်အသွေးရှိ ကစားသမား တယောက်ကို ကျွန်တော်တို့ ရလိုက်တာပါ ။ နောက်ပြီး အတွေ့အကြုံအပိုင်း အရလည်း ကျွန်တော်တို့ဟာ ကြီးကျယ်တဲ့ ကစားသမား တယောက်ကို အသင်းရဲ့ လူစာရင်းမှာ ထပ်မံ ထည့်သွင်းနိုင်လိုက်ပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ZAWGYI: ချဲလ်ဆီး အသင်းဟာ ယနေ့မှာပဲ နာပိုလီ အသင်းကနေ အသက် ၃၁နှစ် အရွယ် ဆီနီဂေါ လက်ရွေးစင် ဗဟို ခံစစ်မှူး ကာလီဒူ ကူလီဘာလီကို ပြောင်းရွှေ့ကြေး ပေါင် ၃၄သန်း ၊ ၄နှစ် +တနှစ် သက်တမ်းထပ်တိုးခွင့်နဲ့ တရားဝင် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ ကူလီဘာလီ ဟာ နာပိုလီ အသင်းနဲ့ အတူ ၈နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ၊ ခံစစ်မှူး တယောက်ရဲ့ အထွတ်အထိပ် အချိန်မှာ ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ အခြေချတာ ဖြစ်ပါတယ် ။ ယင်းဆီနီဂေါသား ဟာ ချဲလ်ဆီးမှာ တနှစ် ယူရို ၁၀သန်း ဝန်းကျင် လစာ ရရှိမှာလည်း ဖြစ်ပါတယ် ။