ချဲလ်ဆီး အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ စျေးကွက် မစတင်ခင်ကတည်းက အသင်းသား ၆ဦး အထိ အလွတ်နဲ့ ထွက်ခွာခွင့် ပေးခဲ့ရာ ၊ လွန်ခဲ့တဲ့ ၅နှစ်က လက်စတာ အသင်းကနေ ပေါင်သန်း ၃၀ နဲ့ ခေါ်ယူခဲ့တဲ့ ကွင်းလယ်လူ ဒန်နီ ဒရင့်ခ်ဝါးတားလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။ ဒရင့်ခ်ဝါးတား ဟာ ထိုစဉ်က ချဲလ်ဆီး အသင်းသို့ Deadline Day ခေါ်ယူမှု အဖြစ်နဲ့ ရောက်ရှိလာခဲ့ပြီး ၊ တမျိုးဆိုရရင် ဒါဟာ Panic Buying ဖြစ်ခဲ့ပါတယ် ။ ကလပ်သို့ မရောက်ခင်ကတည်းက ၄င်းဟာ ဒဏ်ရာနဲ့ ကြံ့ခိုင်မှု ပြဿနာ အချို့ ရှိခဲ့ပြီး ၊ ဒါကပဲ ၄င်းရဲ့ ရှေ့ဆက် ကစားသမား ဘဝကို အဓိက အနှောင့်အယှက် ပေးခဲ့ပါတယ် ။

စရောက်ရောက်ချင်းနှစ်မှာ ပထမ အသင်းသား အဖြစ် ပွဲအချို့ ကစားခွင့် ရခဲ့ပေမယ့် ၊ နောက်နှစ်တွေက စပြီး ရောက်လာတဲ့ နည်းပြတိုင်းက ဒရင့်ခ်ဝါးတားကို အသင်းက ဖယ်ရှားနိုင်ဖို့ ကြိုးစားခဲ့ပါတယ် ။ ဒီအတွက်ကြောင့် ၄င်းဟာ နောက်ဆုံး ၄နှစ်မှာ ဘန်လေ ၊ အက်စတွန် ဗီလာ ၊ ကာဆင်ပါဆာ ၊ ရီးဒင်း အသင်းတွေဆီ အငှားထွက်ခဲ့ရပါတယ် ။ ပြီးခဲ့တဲ့ ရာသီ ရီးဒင်း အသင်းမှာတော့ ဒရင့်ခ်ဝါးတား ဟာ နောက်ဆုံး ၅နှစ် အတွင်း မိမိအတွက် ပွဲကစားခွင့် အများဆုံး ပြန်ရခဲ့ပေမယ့် ၊ ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်မှာ ဆက်လက် ကစားဖို့ အရည်အသွေးနဲ့ ခွန်အား အပိုင်းမှာတော့ အများကြီး နောက်ကျ ကျန်နေခဲ့ပြီ ဖြစ်ပါတယ် ။

Sky Sports နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဒရင့်ခ်ဝါးတား က ချဲလ်ဆီးသို့ ပြောင်းလာခဲ့အပြီး ၅နှစ်တာ ကာလကို ဖြုန်းတီးခဲ့မိကြောင်း ဝန်ခံရင်း ၊ မတူညီတဲ့ ကလပ် ၄သင်းဆီ အငှားထွက်ခဲ့ရတဲ့ အကြောင်းတွေနဲ့ အနာဂတ်မှာ ဘာတွေ ဆက်လုပ်မလဲ ဆိုတာတွေကို အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။ ဒရင့်ခ်ဝါးတား က ” ဟုတ်ပါတယ် ။ ဒါက ပြီးခဲ့တဲ့ ၅နှစ်ကို မင်း ဘယ်လိုလုပ် လက်လွတ်စပယ် ဖြုန်းတီးခဲ့တာလဲ ဆိုပြီး ခံစားရစေပါတယ် ။ အကယ်၍ ခင်ဗျားသာ လက်စတာမှာ ဆက်နေခဲ့ရင် ၊ အကယ်၍ ခင်ဗျားသာ ဒဏ်ရာ မရခဲ့ရင် ၊ အကယ်၍ ခင်ဗျားကို ကလပ်က မတူညီတဲ့ ပုံစံတမျိုးနဲ့ ဆက်ဆံခဲ့ရင် … အားလုံး ဟာ သို့လောသို့လောတွေ ဖြစ်ခဲ့ပါတယ် ။ ”

” ဒါက ရာနှုန်းပြည့် စိတ်ပျက်စရာကောင်းပါတယ် ။ ကုန်ဆုံးသွားတဲ့ နှစ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော် အခုထိတောင် မလောင်မြိုက်နိုင်သေးပါဘူး ။ ဒါနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို အခုအချိန်ထိ ရေရွတ် အပြစ်တင်နေဆဲပါ ။ ဒါပေမယ့် အခြားတဖက်က ကြည့်ရင် ၊ ဒါ တွေ အားလုံး ဖြစ်ပျက်ပြီးသွားပြီမို့ ၊ ကိုယ့်ကိုယ်ကို ဆက်ပြီး အပြစ်တင်နေရမလား ? ရှေ့ဆက် ကျွန်တော် ကိုယ့်ကိုယ်ကို ပြန်ပြီး ဖေးမနိုင်မလား ? ဒါကြောင့်မို့လည်း ကျွန်တော် အငှားထွက်ခဲ့တာ ဖြစ်ပါတယ် ။ အက်စတွန် ဗီလာ ၊ ဘန်လေ အသင်းတွေမှာ အငှား သွားကစားတာက တကယ်တမ်း အလုပ်မဖြစ်ခဲ့ပါဘူး ။ အသက် ၃၀ အရွယ်မှာ တူရကီကို သွားပြီး အငှား ကစားရမယ်လို့ ကျွန်တော် အရင်က တခါမှ မတွေးခဲ့ဖူးပါဘူး ။ ”

” ဒါကြောင့်လည်း ကျွန်တော်ဟာ ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံရှစ် အထိ ဆင်းကစားဖို့ ဆုံးဖြတ်ခဲ့ရပါတယ် ။ ကျွန်တော်ဟာ ကိုယ့်အတွက် မှန်ကန်မယ့် အရာတွေ လုပ်ဆောင်ဖို့ ကြိုးစားလာခဲ့တာပါ ။ အရာရာ မှန်အောင် လုပ်ဖို့ ကြိုးစားတိုင်း တခုခု အမြဲတမ်း လွဲနေခဲ့ပါတယ် ။ အခုတော့ ကျွန်တော် စိတ်သက်သာရာ ရနေပါပြီ ။ ဘာလို့လဲဆိုတော့ ကျွန်တော် ချဲလ်ဆီးမှာ ရှိနေခြင်းက ကျွန်တော့ အတွက်ရော ၊ ကလပ် အတွက်ပါ မကောင်းဘူး ဆိုတာ ရှင်းနေလို့ပါပဲ ။ ကျွန်တော် ဒေါသထွက်ရခြင်းဟာ အခြေအနေ ဖြစ်ပျက်ခဲ့ပုံနဲ့ ကျွန်တော့ကို ဆက်ဆံခဲ့ပုံတွေကြောင့် ဖြစ်ပါတယ် ။ ”

” ခါးသီးနေတာတော့ မဟုတ်ပါဘူး ။ မသေချာ မရေရာမှု များစွာနဲ့ ရင်ဆိုင်လာခဲ့တာ အချိန် အတော်ကြာခဲ့ပြီးမှ အခုလို အခိုက်အတန့်မျိုး ရောက်လာတာပါ ။ လောလောဆယ်မှာ ကျွန်တော် ကမ်းလှမ်းမှု အချို့ ရထားပါတယ် ။ အခုအချိန် ဟာ ကျွန်တော့ အတွက် နည်းနည်း ထူးဆန်းနေပါတယ် ။ အထူးသဖြင့် free agent အနေအထားမှာပေါ့ ။ ပြီးခဲ့တဲ့ ရာသီ ရီးဒင်းက ပွဲကစားခွင့်တွေက ကျွန်တော့ကို အများကြီး အထောက်အကူ ပေးခဲ့ပါတယ် ။ ပြီးခဲ့တဲ့ ဒုတိယ ရာသီဝက်က စွမ်းဆောင်ရည်တွေက ကျွန်တော့ကို ဘောလုံးသမား ဘဝ ရှေ့ဆက်ဖို့ အထောက်အကူ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် ။ ဒါတွေက ရွေးချယ်စရာတွေ ဖြစ်ပြီး ၊ ဆုံးဖြတ်ချက် ချဖို့ပဲ ကျန်ပါတော့တယ် ။ ကျွန်တော်ဟာ အနိုင်ရယူရတာကို ကြိုက်နှစ်သက်ပါတယ် ။ ဒီ ခံယူချက်ကို အခု အသက်အရွယ်ကျမှ စွန့်လွှတ်ဖို့ ခက်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ZAWGYI: ချဲလ်ဆီး အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ စျေးကွက် မစတင်ခင်ကတည်းက အသင်းသား ၆ဦး အထိ အလွတ်နဲ့ ထွက်ခွာခွင့် ပေးခဲ့ရာ ၊ လွန်ခဲ့တဲ့ ၅နှစ်က လက်စတာ အသင်းကနေ ပေါင်သန်း ၃၀ နဲ့ ခေါ်ယူခဲ့တဲ့ ကွင်းလယ်လူ ဒန်နီ ဒရင့်ခ်ဝါးတားလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။ ဒရင့်ခ်ဝါးတား ဟာ ထိုစဉ်က ချဲလ်ဆီး အသင်းသို့ Deadline Day ခေါ်ယူမှု အဖြစ်နဲ့ ရောက်ရှိလာခဲ့ပြီး ၊ တမျိုးဆိုရရင် ဒါဟာ Panic Buying ဖြစ်ခဲ့ပါတယ် ။ ကလပ်သို့ မရောက်ခင်ကတည်းက ၄င်းဟာ ဒဏ်ရာနဲ့ ကြံ့ခိုင်မှု ပြဿနာ အချို့ ရှိခဲ့ပြီး ၊ ဒါကပဲ ၄င်းရဲ့ ရှေ့ဆက် ကစားသမား ဘဝကို အဓိက အနှောင့်အယှက် ပေးခဲ့ပါတယ် ။