သတင်းတွေအရ ပီအက်စ်ဂျီအသင်းဟာ အခုလာမယ့်နွေရာသီမှာ တိုက်စစ်မှူး နေမာကို ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အားကစားဒါရိုက်တာအသစ် ကမ်ပို့စ်က နေမာကို သတ်မှတ်တန်ကြေးရမယ်ဆိုရင် ရောင်းချဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ မာကာတိုသတင်းဌာနရဲ့အဆိုအရ အသက် ၃၀ အရွယ် ကစားသမားဟာ ပီအက်စ်ဂျီမှာ အနာဂတ်မသေချာတဲ့အနေအထားဖြစ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ပေါ်တူဂီအပြောင်းအရွှေ့အကျော်အမော် ကမ်ပို့စ်က လီယိုနာဒိုနေရာမှာ အစားဝင်လာတာဖြစ်ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီဟာ ဇီဒန်းအဆင်မပြေတဲ့နောက် ဂေတီယာကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ပြင်ဆင်နေပါတယ်။ ကမ်ပို့စ်နဲ့ ဂေတီယာတို့ကတော့ အသင်းရဲ့ ကစားကွက်ကို ၃-၅-၂ ကစားကွက်အဖြစ် ပြောင်းလဲဖို့ ပြင်ဆင်နေပါတယ်။ လက်ရှိမှာ ပီအက်စ်ဂျီအသင်းအနေနဲ့ အဓိကတိုက်စစ်မှူး မက်ပီကို စာချုပ်သစ် ချုပ်ဆိုထားပြီး ပီတင်ဟာနဲ့ လိုင်လီက ရီနာတိုဆန်းချက်စ်တို့ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

ဒါ့အပြင်နောက်တန်းအတွက်လည်း မာကွင်ဟို့စ် နဲ့ ကင်ပန်ဘီတို့ကိုအားဖြည့်ပေးနိုင်ဖို့ အင်တာနောက်ခံလူ စကင်နီရာကို ခေါ်ယူလိုနေပါတယ်။ အဆိုပါကစားကွက်ဟာ ဟာကီမီနဲ့ မက်ဆီတို့ကို အကောင်းဆုံးဖြစ်စေလိမ့်မယ်လို့ ဂေတီယာ နဲ့ ကမ်ပို့စ်တို့က ယူဆနေကြပါတယ်။ ဒါကြောင့် နေမာတစ်ယောက် လာမယ့်ရာသီအသင်းမှာ ဆက်ရှိနိုင်ဖို့က မသေချာတော့ပဲ သတ်မှတ်တန်ကြေးရမယ်ဆိုရင် ရောင်းချခံရဖွယ်ရှိနေပါတယ်။

နေမာဟာ ၂၀၁၇ တုန်းက ပေါင်သန်း ၂၀၀ နဲ့ ဘာစီလိုနာကနေ ပီအက်စ်ဂျီကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် ၁၄၄ ပွဲမှာ ၁၀၀ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး လိဂ်ဖလား ၄ ကြိမ် နဲ့ ပြင်သစ်ဖလား ၃ ကြိမ် ရယူထားနိုင်ခဲ့ပါတယ်။ ဘရာဇီးလ်သားကတော့ ပီအက်စ်ဂျီ အသင်းနဲ့အတူ ချန်ပီယံလိဂ်လိုချင်ခဲ့ပေမယ့် မရခဲ့တာဖြစ်ပါတယ်။ နေမာရဲ့ကြံံ့ခိုင်မှုအနေအထားက မေးခွန်းထုတ်စရာဖြစ်နေပြီး စာချုပ်သက်တမ်းက ၂၀၂၅ အထိ ကျန်ရှိနေတာဖြစ်ပါတယ်။ နေမာ ထွက်ခွာခဲ့မယ်ဆိုရင် ပီအက်စ်ဂျီဟာ ဘိုင်ယန်စတား လီဝန်ဒေါစကီးကို ခေါ်ယူဖွယ်ရှိနေပါတယ်။

ZAWGYI: သတင်းတွေအရ ပီအက်စ်ဂျီအသင်းဟာ အခုလာမယ့်နွေရာသီမှာ တိုက်စစ်မှူး နေမာကို ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အားကစားဒါရိုက်တာအသစ် ကမ်ပို့စ်က နေမာကို သတ်မှတ်တန်ကြေးရမယ်ဆိုရင် ရောင်းချဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ မာကာတိုသတင်းဌာနရဲ့အဆိုအရ အသက် ၃၀ အရွယ် ကစားသမားဟာ ပီအက်စ်ဂျီမှာ အနာဂတ်မသေချာတဲ့အနေအထားဖြစ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။