ချဲလ်ဆီးအသင်းရဲ့ ကာလရှည် ပစ်မှတ်ကစားသမားဖြစ်တဲ့ ဂျူးကွန်ဒေးကိုတော့ ဘာစီလိုနာအသင်းက ခေါ်ယူဖို့ တရားဝင်ဆွေးနွေးနေကြောင်းသိရပါတယ်။ ချဲလ်ဆီးဟာ ကွန်ဒေးနဲ့ သဘောတူညီမှု ရရှိထားပေမယ့် ဆီဗီးလားအသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိဖို့ ဆွေးနွေးနေဆဲဖြစ်ပါတယ်။ ကွန်ဒေးကိုတော့ ချဲလ်ဆီးအသင်းက ပြီးခဲ့တဲ့ ရာသီကတည်းက ခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ အတည်ပြုချက်တွေအရ ယမန်နှစ်​ကတည်းက ချဲလ်ဆီး​အသင်းမှခေါ်ယူရန်စိတ်ဝင်စားခဲ့သည့် ပြင်သစ်နောက်ခံလူ ကွန်​ဒေး အတွက်​ ဆီဗီးလာအသင်းနဲ့ဘာစီလိုနာအသင်းတို့ တရားဝင်ဆွေးနွေးမှုများစတင်ပြုလုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဘက်က ကစားသမားတစ်ဦးဦးနဲ့အလိုက်ပေးကမ်းလှမ်းလိုသော်လည်းဆီဗီးလား အသင်းမှငွေသား ယူရို​ 65 သန်းကိုတိုက်ရိုက်အလိုရှိနေပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ကွန်ဒေးကို ခေါ်ယူဖို့ အခြားအသင်းတွေထက် အခြေအနေကောင်းမွန်နေတာပါ။ တိုက်စစ်မှူး လူကာကူကို အင်တာကိုပို့ဆောင်နိုင်ခဲ့ပြီ ဖြစ်တာကြောင့် ချဲလ်ဆီးဟာ ကစားသမားအသစ်တွေ ခေါ်ယူဖို့ ပိုမိုကြိုးစားနေပြီဖြစ်ပါတယ်။ နာမည်ကျော် သတင်းထောက် ရိုမာနိုကလည်း ချဲလ်ဆီးပိုင်ရှင် နဲ့ ဘုတ်အဖွဲ့ဟာ အဝင်အထွက်ကြမ်းမယ့် ကစားသမားခေါ်ယူဖို့ အလုပ်များနေပြီဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်တာကြောင့် အိပ်ရေးပျက်စောင့်ရကျိုးနပ်တော့မှာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ချဲလ်ဆီးအသင်းရဲ့ လူငယ် တိုက်စစ်မှူး အာမန်ဒိုဘရိုဂျာဟာ အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ကို အလိုရှိနေပါတယ်။ ဆောက်သမ်တန်အသင်းမှာ အငှား တစ်ရာသီ သွားကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ဘရိုဂျာကို ဝက်စ်ဟမ်း၊ အာဆင်နယ်၊ နုာပိုလီအသင်းတို့က ခေါ်ယူဖို့ မျက်စိကျနေတာပါ။ မိုရက်စ်ရဲ့ ဝက်စ်ဟမ်းအသင်းက ဘရိုဂျာကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်းကို ပေါင်သန်း30 နဲ့ စတင်ကမ်းလှမ်းခဲ့ကြောင်း သတင်းတွေအရ သိရပြီး ဆွေးနွေးမှုတွေရှိနေပါတယ်။

အာမန်ဒိုဘရိုဂျာဟာ ချဲလ်ဆီးအသင်းအပါအဝင် သူ့ကိုလာရောက်ကမ်းလှမ်းတဲ့ အသင်းတိုင်းဆီက ပုံမှနျပှဲထှကျပါဝငျခှငျ့ကတိကျို တောင်းဆိုနေတယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းအတွက် ဘရိုဂျာဟာ အဓိက ကစားသမားမဖြစ်နေတာကြောင့် ပွဲထွက်ခွင့်ရဖို့မလွယ်ကူပါဘူး။ ချဲလ်ဆီးဟာ တိုက်စစ်မှူး လူကာကူ ထွက်ခွာသွားပြီ ဖြစ်တာကြောင့် တိုက်စစ်ရှာပုံတော်ဖွင့်နေပါတယ်။ ဘရိုဂျာကိုတော့ နည်းပြတူချယ်က စောင့်ကြည့်မှုတွေပြုလုပ်အုံးမှာပါ။

အသက် 20 သာရှိသေးတဲ့ တိုက်စစ်မှူးကို ဝက်စ်ဟမ်းအသင်းက ခေါ်ယူမယ်ဆိုပါက ပုံမှန်ပွဲထွက်ခွင့်ပေးရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဆောက်သမ်တန်အသင်းမှာ အထူးခြေစွမ်းပြသခဲ့တဲ့ ဘရိုဂျာကတော့ ပရီးမီးယားလိဂ်မှာ ပွဲ32 ပွဲ ကစားပေးခဲ့ပြီး 6 ဂိုးသွင်းယူပေးခဲ့ပါတယ်။ ချဲလ်ဆီးဟာ စတားလင်း၊ အမ်ကွန်ကူ၊ ဒမ်ဘီလီ၊ ရာဖင်ဟာတို့ကို ပစ်မှတ်ထားနေတာကြောင့် ဘရိုဂျာအနေနဲ့ အရန်ကစားသမားဖြစ်နေအုံးမှာ ဖြစ်ပါတယ်။

ZAWGYI: ချဲလ်ဆီးအသင်းရဲ့ ကာလရှည် ပစ်မှတ်ကစားသမားဖြစ်တဲ့ ဂျူးကွန်ဒေးကိုတော့ ဘာစီလိုနာအသင်းက ခေါ်ယူဖို့ တရားဝင်ဆွေးနွေးနေကြောင်းသိရပါတယ်။ ချဲလ်ဆီးဟာ ကွန်ဒေးနဲ့ သဘောတူညီမှု ရရှိထားပေမယ့် ဆီဗီးလားအသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိဖို့ ဆွေးနွေးနေဆဲဖြစ်ပါတယ်။ ကွန်ဒေးကိုတော့ ချဲလ်ဆီးအသင်းက ပြီးခဲ့တဲ့ ရာသီကတည်းက ခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။