အင်တာမီလန်အသင်းရဲ့တိုက်စစ်မှူး လော်တာရို မာတီးနက်ဇ်အနေနဲ့ ဒီနှစ်နွေမှာလည်း အသင်းမှာပဲ ဆက်ရှိလိုကြောင်း ပြောသွားခဲ့ပြီး ချဲလ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေကို ငြင်းဆန်သွားခဲ့သလို ချဲလ်ဆီးအသင်းကတော့ တိုက်စစ်မှူးနေရာအတွက် အခြားကစားသမားတွေကို ရှာဖွေရတော့မှာဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူးအနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက စီးရီးအေမှာ ခြေစွာခဲ့တဲ့ တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး ၃၅ ပွဲအတွင်း ၂၁ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို မကြာသေးမီကမှ ကစားခဲ့တဲ့ ချန်ပီယံဖလားမှာ အီတလီလက်ရွေးစင်အသင်းဘက်ကို အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းရဲ့မန်နေဂျာ သောမက်စ် တူဟယ်လ်အနေနဲ့ တိုက်စစ်မှူးသစ် ရှာဖွေနေတယ်လို့ ယုံကြည်ရပြီး ပုံစံကောင်းတွေ ပြသနေသလို အင်တာမီလန်အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ မာတီးနက်ဇ်ကို ခေါ်ယူဖို့အတွက် ချိတ်ဆက်မှုတွေ လုပ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိချဲလ်ဆီးအသင်းရဲ့တိုက်စစ်မှူး ရိုမဲလူ လူကာကူးနဲ့ အင်တာမီလန်အသင်းမှာတုန်းက အတွဲညီညီခြေစွမ်းပြခဲ့တဲ့ မာတီးနက်ဇ်အနေနဲ့ ချဲလ်ဆီးအသင်းရော တော့တင်ဟမ်ဟော့စပါးစ်အသင်းဆီကပါ စိတ်ဝင်စားမှုကို ရရှိနေပေမယ့်လည်း ဆန်စီရိုကို စွန့်ခွါဖို့အတွက် မမျှော်လင့်ထားတာဖြစ်ပါတယ်။

အီတလီကို ၃ ဂိုးပြတ်အနိုင်ရခဲ့တဲ့ အာဂျင်တီးနားအသင်းရဲ့ပွဲစဉ်မှာ အသင်းအတွက် ပါဝင်ကစားပေးခဲ့အပြီးမှာတော့ မာတီးနက်ဇ်က “ကျွန်တော့်အစီအစဉ်က ရှင်းပါတယ်။ ကျွန်တော့်အနေနဲ့ နောက်နှစ်ဘောလုံးရာသီမှာလည်း အင်တာမီလန်အသင်းမှာပဲ တကယ့်ကို ဆက်နေချင်ပါတယ်”လို့ပြောလာခဲ့ပါတယ်။ ဆက်လက်ပြီး သူက “ဒီနေ့အထိတော့ အသင်းဘက်ကနေ ဆက်သွယ်မှုတွေကို မရရှိသေးပါဘူး။ နောက်နှစ်ဘောလုံးရာသီမှာလည်း အင်တာမီလန်အသင်းနဲ့ပဲ ရှေ့ဆက်ချင်ပါတယ်”လို့ ပြောလာခဲ့ပါတယ်။

မာတီးနက်ဇ်ရဲ့ ထုတ်ပြန်မှုကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက တစ်ဖက်အသင်းဂိုးရှေ့မှာ ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်တွေကိုသာ ပြသခဲ့တဲ့ ချဲလ်ဆီးအသင်းအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့မှာပါ။ ပြီးခဲ့တဲ့နွေရာသီတုန်းက ချဲလ်ဆီးအသင်းအနေနဲ့ အင်တာမီလန်အသင်းကနေ ပေါင် ၉၇ သန်းနဲ့ အားကိုးတကြီးခေါ်ယူခဲ့တဲ့ တိုက်စစ်မှူး ရိုမဲလူ လူကာကူးအနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီတစ်လျှောက် ပရီးမီးယားလိဂ်သွင်းဂိုးဆိုလို့ ၈ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အခြားတိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ တီမို ဗာနာနဲ့ ဟာကင်မ် ဇီးယက်ရှ်တို့အနေနဲ့လည်း တစ်ဦးစီ သွင်းဂိုး ၄ ဂိုးသာ သွင်းယူနိုင်ခဲ့ကြတာဖြစ်ပြီး တိုက်စစ်စွမ်းဆောင်ရည်အရတော့ ညံ့ဖျင်းတဲ့ထဲ ပါဝင်နေခဲ့တာဖြစ်ပါတယ်။ အဆိုပါကစားသမား ၃ ဦးစလုံးအနေနဲ့ ဒီနှစ်နွေရာသီမှာ အသင်းကနေ ထွက်ခွါဖို့အတွက် သတင်းကြီးနေကြတာဖြစ်ပြီး တူဟယ်လ်ကတော့ အသင်းရဲ့တိုက်စစ်မှာ နောက်ထပ်အညှာအတာကင်းမဲ့တဲ့ ကစားသမားတွေကို ထည့်သွင်းသွားလိုနေတာဖြစ်ပါတယ်။

မာတီးနက်ဇ်ပြီးရင် တူဟယ်လ်အနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပြီး အသက် ၃၃ နှစ်အရွယ်တိုက်စစ်မှူးကြီးကတော့ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့အတွက် စိတ်ဆန္ဒရှိနေတာဖြစ်ပါတယ်။ အခြားနေရာအတွက်လည်း ချဲလ်ဆီးအသင်းအနေနဲ့ စိုးရိမ်စရာရှိနေပြီး အသင်းရဲ့ခံစစ်မှူးတွေဖြစ်ကြတဲ့ အန်ဒရေ ခရစ္စတီယန်ဆန်နဲ့ အန်တိုနီယို ရူဒီဂျာတို့က အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသီးသီးထွက်ခွါသွားကြပြီးဖြစ်သလို မာလွန်း ဆားရ်၊ သီယာဂို ဆေးလ်ဗားနဲ့ ထရီဗော ချာလိုဘားတို့အနေနဲ့ ခံစစ်မှူးနေရာအတွက် ရွေးချယ်စရာတွေ ရှိနေတာဖြစ်ပါတယ်။

အနောက်လန်ဒန်သားတွေအနေနဲ့ ဆီဗီးလားအသင်းရဲ့ခံစစ်မှူး ဂျူးလ်စ် ကွန်ဒီနဲ့ ပီအက်စ်ဂျီအသင်းရဲ့ ခံစစ်မှူး ပရက်စ်နယ် ကင်ပမ်ဘေတို့ကို ခေါ်ယူဖို့အတွက်လည်း စိတ်ဝင်စားမှု ပြသနေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း အဆိုပါကစားသမား ၂ ယောက်စလုံးထဲက ဘယ်သူပဲဖြစ်ဖြစ် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ကုန်ကျမှာဖြစ်ပြီး အဆိုပါကစားသမားတွေထဲက ခံစစ်မှူးနေရာအတွက် လူသစ်ခေါ်ပြီးရင် တိုက်စစ်မှူးနေရာအတွက် ငွေဘယ်လောက်ရင်းနှီးဖို့အတွက် ကျန်မှာလဲဆိုတာကို စောင့်ကြည့်ရမှာပါ။

ZAWGYI: အင်တာမီလန်အသင်းရဲ့တိုက်စစ်မှူး လော်တာရို မာတီးနက်ဇ်အနေနဲ့ ဒီနှစ်နွေမှာလည်း အသင်းမှာပဲ ဆက်ရှိလိုကြောင်း ပြောသွားခဲ့ပြီး ချဲလ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေကို ငြင်းဆန်သွားခဲ့သလို ချဲလ်ဆီးအသင်းကတော့ တိုက်စစ်မှူးနေရာအတွက် အခြားကစားသမားတွေကို ရှာဖွေရတော့မှာဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူးအနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက စီးရီးအေမှာ ခြေစွာခဲ့တဲ့ တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး ၃၅ ပွဲအတွင်း ၂၁ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို မကြာသေးမီကမှ ကစားခဲ့တဲ့ ချန်ပီယံဖလားမှာ အီတလီလက်ရွေးစင်အသင်းဘက်ကို အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ဂိုးသွင်းနိုင်ခဲ့ပါတယ်။