ချဲလ်ဆီးအသင်းတို့ဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ခံစစ်ကစားသမားတစ်ဦးဦးကိုခေါ်ယူဖို့ ပြင်ဆင်လျက် ရှိနေပါတယ်။ ချဲလ်ဆီးတို့ဟာ လက်ရှိ နွေ ဈေးကွက်ထဲမှာ အသင်းရဲ့ နောက်ခံလူတွေ ဖြစ်ကြတဲ့ ရူဒီဂါနဲ့ ခရစ်စတန်ဆန်တို့ကို လက်လွှတ်ထားခဲ့ရပြီး ဖြစ်တာကြောင့် ခံစစ်ကစားသမား သစ်ခေါ်ယူရေးဟာ ချဲလ်ဆီးတို့ အတွက် ဦးစားပေး ဖြစ်လာခဲ့ပါတယ်။ ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ချဲလ်ဆီးတို့ အနေနဲ့ ဗဟိုခံစစ်ပိုင်းအတွက် ကစားသမား ခေါ်ယူမှု (၂)ဦးလောက် အထိ ပြုလုပ်ဖို့ ရှိနေနိုင်ပါတယ်။

ဒါမှသာ ဗဟိုခံစစ်ကစားသမား (၃)ဦးထားကစားတဲ့ တူချယ်အတွက်ကစားသမား ရွေးချယ်မှုတွေ ပြုလုပ်ဖို့ အဆင်ပြေစေနိုင်မှာပါ။ ဒီအခြေအနေမှာ ချဲလ်ဆီးတို့ဟာ ဒီလစ်၊ ကော့ဒီ၊ နေသန်အကီ၊ ကူလီဘလီနဲ့ စကရီနီယာတို့ကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေပြီး ဒီကစားသမားတွေ အားလုံးဟာ ချဲလ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ ပစ်မှတ်ထဲမှာ ပါဝင်လျက် ရှိနေတာပါ။ ဒါပေမဲ့ ချဲလ်ဆီး ပရိသတ်တွေ အတွက် ဒီကစားသမားတွေအားလုံးထဲမှာ အကြိုက်ဆုံး ဖြစ်နေတဲ့ ကစားသမား (၂)ဦးကတော့ ဂျုဗင်တပ်က ဒီလစ်နဲ့ ဆီဗီလာက ကော့ဒီတို့ (၂)ဦးပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ကော့ဒီကိုရော ဒီလစ်ကိုပါ လက်ရှိ နွေရာသီ ဈေးကွက်ထဲမှာ တပြိုင်ထဲ ခေါ်ယူဖို့ဆိုတာ ခက်ခဲတဲ့ အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။ ဆိုတော့ တူချယ် အတွက် ဒီကစားသမားနှစ်ဦးထဲမှာ ဒီလစ်ကို ဘာကြောင့် ပိုပြီးတော့ ရွေးချယ်ခေါ်ယူသင့်နေလဲဆိုတာကို အချက် (၃)ချက်နဲ့ ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ (၁)ကြံ့ခိုင်မှု ။ ။ ပရီးမီးယားလိဂ်ဆိုတာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ လိဂ် တစ်ခု ဖြစ်တာကြောင့် ပရီးမီးယားလိဂ်မှာ ထိပ်တန်း အဆင့် ကစားနိုင်ဖို့ဆိုရင် ကြံ့ခိုင်မှုကလည်း အရမ်း အရေးကြီးပါတယ်။

ဒီလစ်ဟာ ခန္ဓာကိုယ်တောင့်တင်းမှု ရှိပြီး အရပ်အမောင်း မြင့်မားတာ ကြောင့် ဆီဗီလာက ကော့ဒီထက် စာ ရင် တူချယ်အတွက် ပိုပြီးတော့ အသုံးဝင်မယ့် ကစားသမား မျိုး ဖြစ်လာနိုင်ပါတယ်။ ကော့ဒီဟာ(၇၉) ကီလိုဂရမ်သာ ရှိပြီး ဒီလစ်ကတော့ (၈၉) ကီလီဂရမ်အထိ ရှိနေတာ ဖြစ်ပါတယ်။ ဒါဟာ ကော့ဒီထက် ဒီလစ်က ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ပိုပြီးတော့ ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေတယ်ဆိုတာကို ပြသနေတာပဲ ဖြစ်ပါတယ်။ အရပ်အမောင်း မြင့်မားမှုမှာလည်း ဒီလစ်က (၁.၈၉)မီတာ ရှိပြီး ကော့ဒီကတော့ (၁.၇၈) မီတာသာ ရှိပါတယ်။

ပရီးမီးယားလိဂ်လို နေရာမှာ ဗဟိုခံစစ်မှူးတစ်ယောက်အတွက် (၁.၇၈)ဆိုတဲ့ အနေအထားက အမြင့်ဘောတွေ ရှင်းထုတ်ရာမှာ ခက်ခဲတဲ့ အခြေအနေတွေ ဖြစ်ပေါ်စေမှာပါ။ ဒါ့ကြောင့် အရပ်အမောင်းပိုကောင်းတဲ့ ဒီလစ်က ရုပ်ပိုင်းဆိုင်ရာမှာ ကော့ဒီထက် ပိုအားသာနေတာဖြစ်ပါတယ်။ (၂)ဘက်စုံ ထူးချွန်မှု ။ ။ ဒီလစ်ကို ကော့ဒီထက်ပိုပြီးတော့ ချဲလ်ဆီး ခေါ်ယူသင့်နေတဲ့ နောက်ထပ် အဓိက အချက်တချက်ကတော့ ဒီလစ်ရဲ့ ခံစစ်စွမ်းဆောင်ရည်တွေဟာ ကော့ဒီထက် ပိုပြီးတော့ သာလွန်နေတာပါပဲ။

အသက်(၂၂)နှစ်သာ ရှိနေသေးတဲ့ ဒီလစ်ဟာ တူချယ်အတွက် အကျိုးကျေးဇူးတွေ များစွာ သယ်ဆောင်လာပေးမဲ့ ကစားသမားမျိုး ဖြစ်နေတာပါ။ ကော့ဒီဟာ ဗဟိုနောက်ခံလူနေရာမှာ ညာဗဟိုနောက်ခံလူ အဖြစ် ကစားတာကို ပိုပြီးတော့အားသန်တဲ့ သူဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလစ်ကတော့ ဗဟိုခံစစ် နှစ်ဦးနေရာမှာဆိုရင် ဘယ်နေရာရော၊ ညာနေရာမှာပါ အကောင်းဆုံး ကစားနိုင်တဲ့ သူပဲ ဖြစ်ပါတယ်။ ဒီအချက်က တူချယ်အတွက် နောက်ထပ် နေရာအတွက် ရွေးချယ်ရာမှာ အားသာချက်တွေ ရှိလာနိုင်နေတာ ဖြစ်ပါတယ်။

(၃)ခေါင်းဆောင်မှု စွမ်းရည်။ ။ ဒီလစ်ဟာ အသက်(၂၂)နှစ်သာ ရှိသေးပေမဲ့ အသင်းအပေါ်ကို ဦးဆောင် မောင်းနှင်တဲ့နေရာမှာ အရည်အချင်းကောင်းတွေ ရှိထားတဲ့ သူပါ။ ဒါကို ဒီလစ်အေဂျက်မှာ ရှိစဉ်ကတည်းက မြင်တွေ့ထားရပြီး ဖြစ်ပါတယ်။ ဒီလစ်ဟာ ခေါင်းဆောင်မှု စိတ်အပြည့်ရှိတဲ့ ကစားသမားတစ်ဦး ဖြစ်တဲ့ အတွက်ကြောင့် ဂျွန်တယ်ရီ နောက်ပိုင်းအတွက် အသင်းအတွက် အလွန် အရေးပါတဲ့ ခေါင်းဆောင် တစ်ဦးအဖြစ်တောင် ရောက်ရှိလာနိုင်တာပဲ ဖြစ်ပါတယ်။ ဒီလစ်ကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အမ်ပလီကျူတာနဲ့ ဂျော်ဂျင်ဟိုတို့ အလွန် ချဲလ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင် တစ်ဦးအဖြစ် ရောက်လာနိုင်တာပဲ ဖြစ်ပါတယ်။

ZAWGYI: ချဲလ်ဆီးအသင်းတို့ဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ခံစစ်ကစားသမားတစ်ဦးဦးကိုခေါ်ယူဖို့ ပြင်ဆင်လျက် ရှိနေပါတယ်။ ချဲလ်ဆီးတို့ဟာ လက်ရှိ နွေ ဈေးကွက်ထဲမှာ အသင်းရဲ့ နောက်ခံလူတွေ ဖြစ်ကြတဲ့ ရူဒီဂါနဲ့ ခရစ်စတန်ဆန်တို့ကို လက်လွှတ်ထားခဲ့ရပြီး ဖြစ်တာကြောင့် ခံစစ်ကစားသမား သစ်ခေါ်ယူရေးဟာ ချဲလ်ဆီးတို့ အတွက် ဦးစားပေး ဖြစ်လာခဲ့ပါတယ်။ ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ချဲလ်ဆီးတို့ အနေနဲ့ ဗဟိုခံစစ်ပိုင်းအတွက် ကစားသမား ခေါ်ယူမှု (၂)ဦးလောက် အထိ ပြုလုပ်ဖို့ ရှိနေနိုင်ပါတယ်။