လက်စတာအသင်းဟာ ချဲလ်ဆီးပစ်မှတ် ခံစစ်မှူး ဝက်စလေ ဖိုဖာနာအတွက် တန်ကြေးကို ပေါင်၈၅သန်းအထိ သတ်မှတ်လိုက်ကြောင်း သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ ခံစစ်မှူး ၁ ဦး ရှာဖွေနေပြီး လက်စတာခံစစ်မှူးကို ပစ်မှတ်အဖြစ် သတ်မှတ်လာပေမဲ့ ယခုလို တန်ကြေးမြင့်မားစွာ သတ်မှတ်ထားတဲ့ အနေအထားကြောင့် အခက်အခဲတွေ ကြုံရနိုင်ပါတယ်။ ယမန်နှစ်ရာသီက ဒဏ်ရာကြောင့် အချိန်အကြာကြီးနားခဲ့ရပြီးနောက် ဖိုဖာနာဟာ မတ်လက လက်စတာနဲ့ ၅နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပြီး လက်စတာကလည်း အရည်အသွေးမြင့် လူငယ်ခံစစ်မှူးကို တန်ကြေးမြင့်မားစွာ မရဘဲ လက်လွှတ်လိုခြင်း မရှိပါဘူး။

ဖိုဖာနာဟာ ၂၀၂၀ခုနှစ်က စိန့်အက်တီယန်ကနေ လက်စတာကို ပေါင် ၃၆.၅သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ လက်စတာနဲ့ ပူးပေါင်းပြီးပြီးချင်းမှာပဲ ဖိုဖာနာဟာ နည်းပြ ရော်ဂျာစ်ရဲ့ စိတ်ကြိုက် ကစားသမား၁ဦး ဖြစ်လာခဲ့ပြီး လက်စတာအသင်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ကပ်လွဲခဲ့တဲ့နှစ်မှာ ၂၈ပွဲ ပါဝင်ကစားပေးခဲ့ပါတယ်။ ဖိုဖာနာကို မရခဲ့ရင်တော့ ချဲလ်ဆီးအသင်း အင်တာမီလန်ရဲ့ နောက်ခံလူတွေဖြစ်တဲ့ စကင်နီယာနဲ့ ဒမ်းဖရီးစ်တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာဖွယ် ရှိနေပါတယ်။

တစ်ဖက်မှာတော့ လက်စတာအသင်းဟာ ယခုနှစ်ရာသီ ကစားသမားသစ် ခေါ်ယူမှု၁ဦးမှ ပြုလုပ်ရခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ဂိုးသမား ကတ်စ်ပါ ရှမိုက်ကယ်က အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေသလို နယူးကာဆယ်ကလည်း မက်ဒီဆင်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့ပါတယ်။ တစ်ဖက်မှာလည်း မန်ချက်စတာစီးတီးအသင်းဟာ ပေါင်သန်း ၅၀ ထိပေးပြီး မာ့ခ်ကူကူရယ်လာကို ကမ်းလှမ်းခဲ့ပေမယ့် ဘရိုက်တန်ဘက်က ပယ်ချခဲ့တာကြောင့် ဒီကစားသမားကို လက်လျှော့ဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ကူကူရယ်လာဟာ အသင်းပြောင်းရွှေ့ခွင့်တောင်းထားတာကြောင့် စနေနေ့က အက်စ်ပန်ညိုနဲ့ ပွဲကိုတောင် လွဲချော်ခဲ့ပါတယ်။

ဒါပေမယ့် အခုချိန်မှာတော့ မန်စီးတီးအနေနဲ့ စတုဂတ်က ဘော်နာဆိုဆာ၊ ဘင်ဖီကာက အဲလက်စ်ဂရီမယ်ဒိုတို့ဘက်ကို မြားဦးလှည့်သွားခဲ့ပါတယ်။ စီးတီးဟာ ပေါင်သန်း ၄၀ ထိတက်လာမယ့် ပေါင် ၃၅ သန်းဝန်းကျင်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဘရိုက်တန်ကတော့ ကူကူရယ်လာအတွက် လုံလောက်တဲ့ ကမ်းလှမ်းမှုမဟုတ်ဘူးဆိုပြီး ငြင်းဆန်ခဲ့ပါတယ်။ နောက်ဆုံးတစ်ကြိမ် ပေါင်သန်း ၅၀ ထိ ထပ်မံတိုးမြှင့်ကမ်းလှမ်းတာတောင် ဘရိုက်တန်က လက်မခံတာကြောင့် အချိန်မီပစ်မှတ်ပြောင်းလဲဖို့ လိုအပ်လာခဲ့ပါတယ်။

အိုလက်ဆန်းဒါးဇင်ချက်ကိုက အာဆင်နယ်ကို ပြောင်းရွှေ့သွားတာကြောင့် မန်ချက်စတာစီးတီးအသင်းရဲ့ ဘယ်နောက်ခံလူနေရာမှာ ကစားသမား မရှိသလောက်ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့် ပရီးမီးယားလိဂ် ရောက်ကတည်းက တောက်လျှောက်ခြေစွမ်းပြနိုင်ခဲ့တဲ့ ၂၆ နှစ်အရွယ် ကစားသမားကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ပြီး ခေါ်ယူဖို့ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုဆိုရင် စီးတီးနဲ့ ဘရိုက်တန်တို့ကြား ပြောင်းရွှေ့ကြေး ညှိမရတော့တာကြောင့် အသင်းလူအင်အားကို ပိုမိုကောင်းမွန်စေမယ့် အရန်ပစ်မှတ်တွေကို ပြောင်းလဲခေါ်ယူရတော့မှာပဲ ဖြစ်ပါတယ်။

လက်ရှိဘွန်ဒက်လီဂါကလပ် စတုဂတ်မှာကစားနေတဲ့ ခရိုအေရှားလက်ရွေးစင် ဆိုဆာကတော့ ရွေးချယ်စရာ တစ်ခုပဲ ဖြစ်ပါတယ်။ ဘင်ဖီကာက အဲလက်စ်ဂရီမယ်ဒိုကလည်း မန်စီးတီးနဲ့ သင့်တော်တဲ့ကစားသမား တစ်ယောက်ပါ။ ၂၆ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ပေါ်တူဂီကလပ်အတွက် ၄၈ ပွဲကစားပြီး ၆ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ စနေနေ့က လီဗာပူးကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ ဂျာအိုကန်ဆယ်လိုက ဘယ်နောက်ခံလူအဖြစ် ကစားခဲ့ပေမယ် ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဒီနွေရာသီမှာတော့ နည်းပြပက်ဂွာဒီယိုလာဟာ ဂါဘရီရယ်ဂျီးဆပ်၊ ရာဟင်စတာလင်တို့ကို ထွက်ခွာခွင့်ပေးခဲ့ပြီး အာလင်ဟာလန်းနဲ့ ကယ်ဗင်ဖီးလစ်တို့ကို ပြန်လည်ခေါ်ယူထားပါတယ်။ ဒီနှစ်ယောက်စလုံး လာမယ့်တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းအသင်းရဲ့ အိမ်ကွင်းကိုသွားကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပွဲထွက်ပါဝင်လာဖွယ် ရှိပါတယ်။

ZAWGYI: လက်စတာအသင်းဟာ ချဲလ်ဆီးပစ်မှတ် ခံစစ်မှူး ဝက်စလေ ဖိုဖာနာအတွက် တန်ကြေးကို ပေါင်၈၅သန်းအထိ သတ်မှတ်လိုက်ကြောင်း သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ ခံစစ်မှူး ၁ ဦး ရှာဖွေနေပြီး လက်စတာခံစစ်မှူးကို ပစ်မှတ်အဖြစ် သတ်မှတ်လာပေမဲ့ ယခုလို တန်ကြေးမြင့်မားစွာ သတ်မှတ်ထားတဲ့ အနေအထားကြောင့် အခက်အခဲတွေ ကြုံရနိုင်ပါတယ်။ ယမန်နှစ်ရာသီက ဒဏ်ရာကြောင့် အချိန်အကြာကြီးနားခဲ့ရပြီးနောက် ဖိုဖာနာဟာ မတ်လက လက်စတာနဲ့ ၅နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပြီး လက်စတာကလည်း အရည်အသွေးမြင့် လူငယ်ခံစစ်မှူးကို တန်ကြေးမြင့်မားစွာ မရဘဲ လက်လွှတ်လိုခြင်း မရှိပါဘူး။