မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် တန်းဟက်ဟာ အသင်းကိုပြန်လည်တည်ဆောက်ရာတွင် ချဲလ်ဆီးအသင်း၏ ပြင်သစ်ကွင်းလယ်ကစားသမား ကန်တေကို ခေါ်ယူရန် ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ မန်ယူသို့ ၃ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့လာသော တန်းဟက်က အသင်းမှ ကစားသမားတချို့ကို အသင်းပြောင်းခွင့် ပေးမည်ဖြစ်ပြီး လူသစ်များလည်း ခေါ်ယူလိုနေပါတယ်။ ကွင်းလယ်တွင် ပေါ့ဘာနှင့် မာတစ်တို့က အလွတ်ပြောင်းရွှေ့ကြေးဖြင့်  အသင်းပြောင်းကြမည်ဖြစ်တာကြောင့် ကန်တေကို ပစ်မှတ်ထားနေခဲ့ပါတယ်။

ပြင်သစ်အသင်းနှင့်အတူ ကမ္ဘာ့ဖလားအရယူထားနိုင်သော ကန်တေဟာ မန်ယူအသင်း လိုအပ်နေသော ခွန်အား၊ အတွေ့အကြုံ၊ အရည်အသွေးနှင့် အောင်မြင်မှုဆာလောင်စိတ်တို့ရှိနေသေးပြီး ၎င်းကို အခြေခံ၍ မန်ယူကို တည်ဆောက်၍ရနိုင်တာ်လို့ တန်းဟက်က ယူဆနေပါတယ်။အသက် ၃၁ နှစ်အရွယ်ရှိ ကန်တေကတော့ချဲလ်ဆီးအသင်းနှင့် စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိ နေပါတယ်။

ပိုင်ရှင်အပြောင်းအလဲဖြစ်ပြီးနောက် မတည်မငြိမ်ဖြစ်နေသော ချဲလ်ဆီးအသင်းဟာ လာမည့်နွေရာသီတွင် ကစားသမားအပြောင်းအလဲများပြုလုပ်ရန် ရှိနေပြီး ထိုအခြေအနေများကြောင့် ကန်တေကို မန်ယူသို့ခေါ်လို့ရနိုင်သည်ဟု တန်းဟက်က ယူဆနေပါတယ်။ ကန်တေဟာ ချဲလ်ဆီးအသင်းမှာ အောင်မြင်မှုတွေရရှိထားသလို ဆုဖလားများစွာကိုလည်း ကိုင်မြှောက်ထားနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းကတော့ ကန်တေကို လွယ်လွယ်နဲ့ လက်လွှတ်ဖို့တော့မရှိသေးပါဘူး။

တစ်ဖက်မှာလည်း ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်ကစားသမား ဂနာဘရီဟာ ပရီးမီးယားလိဂ်သို့ ရောက်လာဖွယ်ရှိနေကြောင်းသိရပါတယ်။ ဂနာဘရီကိုတော့ လန်ဒန်ကလပ်အသင်းတွေဖြစ်ကြတဲ့ စပါးစ်နှင့် ချဲလ်ဆီးတို့က အလိုရှိနေကြောင်း သတင်းတွေကဖော်ပြနေပါတယ်။ ဘွန်ဒက်လီဂါ ချန်ပီယံဆုကို ၄ နှစ်ဆက်တိုက် ဆွတ်ခူးခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းအတွက် အာဆင်နယ် တောင်ပံကစားသမားဟောင်း ဂနာဘရီဟာ အဓိက ကစားသမားအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။

ဂနာဘရီဟာ ယခုနှစ်ဘောလုံးရာသီတွင် ဘိုင်ယန်ကစားသည့် လိဂ်ပွဲ ၃၃ ပွဲစလုံး ပါဝင်ကစားခဲ့ပြီး ဂနာဘရီဟာ ၆ ရာသီဆက်တိုက် သွင်းဂိုး ၁၀ ဂိုးကျော် သွင်းယူနိုင်ခဲ့သူတစ်ဦးပါ။ အသက် ၂၆ နှစ်အရွယ်ရှိ ဂနာဘရီဟာ ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးမှုမှာ အောင်မြင်မှု မရရှိသေးပဲ ကြန့်ကြာနေပါတယ်။ ၂၀၂၃ ဇူလိုင်လတွင် ဘိုင်ယန်နှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သော ဂနာဘရီကို လာမည့်နွေရာသီတွင် ဘိုင်ယန်က ရောင်းထုတ်ဖွယ်ရှိနေပါတယ်။

ချဲလ်ဆီးအသင်းဟာ တိုက်စစ်ကစားသမား ရှာပုံတော်ကို ပြုလုပ်ဖို့အလားအလာရှိနေပြီး လာမယ့်နွေမှာ ကစားသမားဖြည့်တင်းဖို့ ပြုလုပ်သွားဖွယ်ရှိနေတာပါ။ ချဲလ်ဆီးအသင်းရဲ့ လက်ရှိအသင်းပိုင်ရှင် တော့ပ်ဘိုလေကလည်း နည်းပြတူချယ်ရဲ့ လိုအပ်ချက်တွေကိုဖြည့်တင်းပေးဖို့ ဆန္ဒရှိနေသူတစ်ဦးဖြစ်ပါတယ်။ တိုက်စစ်ကစားသမားတွေအပြင် ချဲလ်ဆီးအသင်းက ခံစစ်ကစားသမားတွေကို လည်း ခေါ်ယူရအုံးမှာဖြစ်ပါတယ်။

ZAWGYI: မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် တန်းဟက်ဟာ အသင်းကိုပြန်လည်တည်ဆောက်ရာတွင် ချဲလ်ဆီးအသင်း၏ ပြင်သစ်ကွင်းလယ်ကစားသမား ကန်တေကို ခေါ်ယူရန် ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ မန်ယူသို့ ၃ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့လာသော တန်းဟက်က အသင်းမှ ကစားသမားတချို့ကို အသင်းပြောင်းခွင့် ပေးမည်ဖြစ်ပြီး လူသစ်များလည်း ခေါ်ယူလိုနေပါတယ်။ ကွင်းလယ်တွင် ပေါ့ဘာနှင့် မာတစ်တို့က အလွတ်ပြောင်းရွှေ့ကြေးဖြင့်  အသင်းပြောင်းကြမည်ဖြစ်တာကြောင့် ကန်တေကို ပစ်မှတ်ထားနေခဲ့ပါတယ်။