ဘာစီလိုနာအသင်းဟာ ချဲလ်ဆီးပစ်မှတ် ရာဖင်ဟာကို ခေါ်ယူဖို့ အလွန်နီးစပ်တဲ့ အနေအထားကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။ လိဒ်စ်တောင်ပံကစားသမားကို ဘာစီလိုနာတို့ ပေါင် ၆၃သန်း တန်ကြေးရှိတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေခဲ့တာပါ။ ဘာစီလိုနာဟာ ရာဖင်ဟာ ပြောင်းချင်တဲ့အသင်း ဖြစ်ပေမဲ့ မကြာသေးခင်ကတော့ လိဒ်စ်တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကို ချဲလ်ဆီး၁သင်းတည်းသာ ပေးထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘာစီလိုနာက ပြိုင်ပွဲထဲ ဝင်လာချိန်မှာတော့ ကစားသမားရဲ့ စိတ်ကပြောင်းလဲသွားပြီး ငယ်ဘဝကတည်းက အိပ်မက်တစ်ခုလိုဖြစ်ခဲ့တဲ့ ဘာကာထံ ပြောင်းဖို့ စိတ်ပါလာခဲ့ပါတယ်။ ဘာစီလိုနာက ရာဖင်ဟာကို ခေါ်ယူဖို့ သဘောတူညီမှုရသွားခြင်းက တစ်ဖက်မှာ စတာလင်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ ချဲလ်ဆီးအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ စတာလင်ဟာ ယမန်နေ့ညက လန်ဒန်မှာ ပထမပိုင်း ဆေးစစ်မှုအောင်မြင်ခဲ့ပြီး ယနေ့မှာ ထပ်မံဆေးစစ်မှုခံယူသွားမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ စတာလင်ပြီးနောက် မန်စီးတီးကစားသမား၁ဦးပဲဖြစ်တဲ့ အကီကိုလည်း ခေါ်ယူနိုင်ဖို့ ဆက်လက် ကြိုးစားနေပါတယ်။ ဘာစီလိုနာ အသင်းဟာ ယခင်က အကြွေးတွေကြောင့် ရာဖင်ဟာကို ခေါ်ယူရေး တုံ့ဆိုင်းနေခဲ့ပေမဲ့ ရုပ်သံမူပိုင်ခွင့် ရောင်းချမှုတွေအပြီး အခြေအနေတွေ တိုးတက်လာခဲ့ကာ ဘရာဇီးသားကို ယခုလို ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အာဆင်နယ်အသင်းဟာ ချဲလ်ဆီးကွင်းလယ်လူ အန်ဂိုလို ကန်တီကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ် စဉ်းစားလာကြောင်း သိရပါတယ်။

ပြင်သစ်သားဟာ ချဲလ်ဆီးမှာ အဓိက ကစားသမားအဖြစ် ပါဝင်နေပေမဲ့ စာချုပ်သက်တမ်း၁နှစ်သာ ကျန်တော့သလို ယမန်နှစ်ရာသီကလည်း ဒဏ်ရာအများအပြားနဲ့ ရုန်းကန်ခဲ့ရပါတယ်။ အာဆင်နယ်နည်းပြ အာတီတာဟာ ယမန်နှစ်ရာသီကထက် အသင်းကို ပိုတိုးတက်အောင် တည်ဆောက်ဖို့ ကမ္ဘာ့အဆင့် ကွင်းလယ်ခံစစ်ကစားသမား အလိုရှိနေပြီး စာချုပ်သိပ်မကျန်တော့တဲ့ ကန်တီအတွက် စုံစမ်းမှုတွေ ပြုလုပ်ဖို့ အသင့်ဖြစ်နေပါတယ်။

အသက် ၃၁ နှစ်သားဟာ ပရီးမီးယားလိဂ်မှာ ပွဲ ၄၀၀ ကျော် ကစားထားပြီး အတွေ့အကြုံရင့် ကွင်းလယ်လူ၁ဦးဖြစ်ကာ ၂၀၁၇ ခုနှစ်မှာ ချဲလ်ဆီး၊ ၂၀၁၆ ခုနှစ်မှာ လက်စတာတို့နဲ့အတူ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ကလည်း ကန်တီကို စောင့်ကြည့်မှုတွေ ပြုလုပ်နေပေမဲ့ ဘာစီလိုနာကွင်းလယ်လူ ဒီဂျောင်ကသာ နည်းပြ တန်ဟက်ရဲ့ ဦးစားပေးပစ်မှတ် ဖြစ်ပါတယ်။

ကန်တီဟာ လက်ရှိမှာတော့ ကိုဗစ်ကာကွယ်ဆေးအပြည့် မထိုးထားတဲ့အတွက် အသင်းဖော် လော့ဖ်တက်ချိနဲ့အတူ ချဲလ်ဆီးရဲ့ အမေရိကန် ခရီးစဉ်ကို လွဲချော်တော့မှာ ဖြစ်ပါတယ်။ အဆိုပါ ကစားသမား၂ဦးစလုံးဟာ ယမန်နှစ်ရာသီက ကိုဗစ်ကြောင့် ပွဲတွေ လွဲချော်ခဲ့ကြပြီး ကန်တီဆိုရင် စက်တင်ဘာလ ဂျူဗင်တပ်စ်နဲ့ အရေးပါတဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင် ကိုဗစ်ပိုးတွေ့ခဲ့တာကြောင့် အဆိုပါပွဲကို လွဲချော်ခဲ့ပြီး အသင်ကလည်း ပွဲကို ရှုံံးခဲ့ရပါတယ်။

ZAWGYI: ဘာစီလိုနာအသင်းဟာ ချဲလ်ဆီးပစ်မှတ် ရာဖင်ဟာကို ခေါ်ယူဖို့ အလွန်နီးစပ်တဲ့ အနေအထားကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။ လိဒ်စ်တောင်ပံကစားသမားကို ဘာစီလိုနာတို့ ပေါင် ၆၃သန်း တန်ကြေးရှိတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေခဲ့တာပါ။ ဘာစီလိုနာဟာ ရာဖင်ဟာ ပြောင်းချင်တဲ့အသင်း ဖြစ်ပေမဲ့ မကြာသေးခင်ကတော့ လိဒ်စ်တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကို ချဲလ်ဆီး၁သင်းတည်းသာ ပေးထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘာစီလိုနာက ပြိုင်ပွဲထဲ ဝင်လာချိန်မှာတော့ ကစားသမားရဲ့ စိတ်ကပြောင်းလဲသွားပြီး ငယ်ဘဝကတည်းက အိပ်မက်တစ်ခုလိုဖြစ်ခဲ့တဲ့ ဘာကာထံ ပြောင်းဖို့ စိတ်ပါလာခဲ့ပါတယ်။ ဘာစီလိုနာက ရာဖင်ဟာကို ခေါ်ယူဖို့ သဘောတူညီမှုရသွားခြင်းက တစ်ဖက်မှာ စတာလင်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ ချဲလ်ဆီးအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ စတာလင်ဟာ ယမန်နေ့ညက လန်ဒန်မှာ ပထမပိုင်း ဆေးစစ်မှုအောင်မြင်ခဲ့ပြီး ယနေ့မှာ ထပ်မံဆေးစစ်မှုခံယူသွားမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ စတာလင်ပြီးနောက် မန်စီးတီးကစားသမား၁ဦးပဲဖြစ်တဲ့ အကီကိုလည်း ခေါ်ယူနိုင်ဖို့ ဆက်လက် ကြိုးစားနေပါတယ်။ ဘာစီလိုနာ အသင်းဟာ ယခင်က အကြွေးတွေကြောင့် ရာဖင်ဟာကို ခေါ်ယူရေး တုံ့ဆိုင်းနေခဲ့ပေမဲ့ ရုပ်သံမူပိုင်ခွင့် ရောင်းချမှုတွေအပြီး အခြေအနေတွေ တိုးတက်လာခဲ့ကာ ဘရာဇီးသားကို ယခုလို ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အာဆင်နယ်အသင်းဟာ ချဲလ်ဆီးကွင်းလယ်လူ အန်ဂိုလို ကန်တီကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ် စဉ်းစားလာကြောင်း သိရပါတယ်။

ပြင်သစ်သားဟာ ချဲလ်ဆီးမှာ အဓိက ကစားသမားအဖြစ် ပါဝင်နေပေမဲ့ စာချုပ်သက်တမ်း၁နှစ်သာ ကျန်တော့သလို ယမန်နှစ်ရာသီကလည်း ဒဏ်ရာအများအပြားနဲ့ ရုန်းကန်ခဲ့ရပါတယ်။ အာဆင်နယ်နည်းပြ အာတီတာဟာ ယမန်နှစ်ရာသီကထက် အသင်းကို ပိုတိုးတက်အောင် တည်ဆောက်ဖို့ ကမ္ဘာ့အဆင့် ကွင်းလယ်ခံစစ်ကစားသမား အလိုရှိနေပြီး စာချုပ်သိပ်မကျန်တော့တဲ့ ကန်တီအတွက် စုံစမ်းမှုတွေ ပြုလုပ်ဖို့ အသင့်ဖြစ်နေပါတယ်။

အသက် ၃၁ နှစ်သားဟာ ပရီးမီးယားလိဂ်မှာ ပွဲ၄၀၀ကျော် ကစားထားပြီး အတွေ့အကြုံရင့် ကွင်းလယ်လူ၁ဦးဖြစ်ကာ ၂၀၁၇ ခုနှစ်မှာ ချဲလ်ဆီး၊ ၂၀၁၆ ခုနှစ်မှာ လက်စတာတို့နဲ့အတူ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ကလည်း ကန်တီကို စောင့်ကြည့်မှုတွေ ပြုလုပ်နေပေမဲ့ ဘာစီလိုနာကွင်းလယ်လူ ဒီဂျောင်ကသာ နည်းပြ တန်ဟက်ရဲ့ ဦးစားပေးပစ်မှတ် ဖြစ်ပါတယ်။