အာဆင်နယ်ကတော့ ပြီးပြည့်စုံတဲ့ခြေစွမ်းနဲ့အတူ အမေရိကမြေမှာ လန်ဒန်မြို့ခံပြိုင်ဘက် ချဲလ်ဆီးကို အလဲထိုးပြီး နိုင်ပွဲဆက်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ဒီပွဲမှာ ခံစစ် (၃) ယောက်တန်းပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ဂျေဇူး၊ မာတင်နယ်လီ၊ အိုဒီဂတ်တို့ကို တွဲပေးခဲ့ကာ ဆာကာနဲ့ ဇင်ချန်ကိုတို့ကို Wing Back အဖြစ် အသုံးပြုခဲ့ပါတယ်။ ချဲလ်ဆီးကလည်း တိုက်စစ်မှာ ဝါနာ၊ စတာလင်၊ကိုင်ဟာဗက်ဇ်၊ မစ်ဆန်မောင့်တို့ကို တွဲပေးခဲ့ပြီး ကွင်းလယ်မှာ ဂျော်ဂျင်ဟိုနဲ့ ဂါလက်ချာတို့ အတွဲကို အသုံးပြုခဲ့ပါတယ်။ နော်ကတန်းမှာ ဆေးလ်ဗား၊ အီမာဆင်၊ချာလိုဘတ်ချ်၊ ရီစီဂျိမ်းစ်တို့ကို ကစားစေခဲ့ပါတယ်။

အာဆင်နယ်ဟာ ပွဲအစပိုင်းကတည်းက အချိတ်အဆက်မိမိနဲ့ တရစပ် တိုက်စစ်ဆင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ စိတ်ဓာတ်ပိုင်း၊ ခြေစွမ်းပိုင်း၊ ခံယူချက်ပိုင်း အားလုံးပြည့်စုံနေပြီး ချဲလ်ဆီးက အရာရာအဆင်သင့်ဖြစ်မနေခဲ့ပါဘူး။ ဆာလီဘာ၊ ဘန်ဝှိုက်၊ ဂါဘရီရယ်တို့ရဲ့ ၃ ယောက်တန်းခံစစ်က အားရစရာကောင်းပြီးကျစ်လျစ်လွန်းခဲ့ပါတယ်။

အာဆင်နယ်တိုက်စစ်ကလည်း ချဲလ်ဆီးနောက်တန်းကို တရစပ်ဖိအားပေးခဲ့ပါတယ်။ ဂျေဇူးရဲ့ အတိုးအလှုပ်တွေ၊ ချိတ်ဆက်မှုတွေက ကောင်းမွန်သလို ရောက်ရောက်ချင်း ဝင်ကစားတဲ့ဇင်ချန်ကိုလည်း အသင်းနဲ့ အံ့ဝင်စွာကစားနိုင်ခဲ့ပါတယ်။ ပြောရရင် အာဆင်နယ်ဟာ ချဲလ်ဆီးကို လုပ်ချင်တိုင်း လုပ်သွားခဲ့တယ်လို့ ဆိုရမှာပါ။ အာဆင်နယ်က ကောင်းလွန်းနေတဲ့အတွက် ချဲလ်ဆီးတို့ တော်တော်လေး တိုင်ပတ်ခဲ့ပြီး ဘာတစ်ခုမှ အားရစရာမရှိခဲ့ပါဘူး။

ဂျော်ဂျင်ဟိုနဲ့ ဂါလက်ချာတို့ ကွင်းလယ်က အတွဲအဖက်မမိခဲ့သလို တိုက်စစ်မှာလည်း ဝါနာကစိတ်ပျက်စရာ ပုံစံကိုသာ ပြသခဲ့ပါတယ်။ ချဲလ်ဆီးဟာ ရာသီသစ်စတင်ဖို့ အဆင်သင့်မဖြစ်သေးဘဲ လိုအပ်ချက်များစွာ ရှိနေပါသေးတယ်။ ၁၅ မိနစ်မှာတင် အာဆင်နယ် ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ဂျာကာက သူ့ပုံစံအတိုင်း အလိုက်သင့် ဘောလုံးလမ်းကြောင်းခင်းပေးမှုကို ဂျေဇူးက သေသပ်လွန်းတဲ့ အသုံးသတ်ချက်နဲ့ ကန်သွင်းခဲ့တာပါ။ အဲဒီနောက် အာဆင်နယ်ကပဲ ပွဲကိုစိတ်ကြိုက်စိုးမိုးချယ်လှယ်နေခဲ့ပါတယ်။

၃၅ မိနစ်မှာ အာဆင်နယ်ဒုတိယဥိးဆောင်ဂိုး ရရှိခဲ့ပြီး မာတင်နယ်လီရဲ့ အလိုက်သင့်ပေးပို့မှုကို အိုဒီဂတ်က ပါးပါးနပ်နပ် ကန်သွင်းခဲ့တာပါ။ ဒီပွဲမှာ ချဲလ်ဆီးဂိုးသမားမန်ဒီအနေနဲ့လည်း အားနည်းချက်တွေ ရှိနေခဲ့ပြီး ဘောလုံးဖြန့်ဝေမှုတွေက အားရစရာမရှိခဲ့ပါဘူး။ ဒုတိယပိုင်းမှာ ချဲလ်ဆီးက လူစားလဲမှုတွေ ပြုလုပ်ခဲ့ပြီး မာလောင်းဆား၊ အက်ပီကျူတာ၊ ပူလီဆစ်၊ကိုဗာဆစ်၊ အလွန်ဆိုတို့ကို ထည့်သွင်းခဲ့ပါတယ်။

ဒုတိယပိုင်းမှာ အာဆင်နယ်က ကစားအား အနည်းငယ်ကျဆင်းခဲ့ပြီး ကိုဗာဆစ် ဝင်လာတဲ့ ချဲလ်ဆီးကွင်းလယ်လယ်က ပြန်လည်စိုးမိုးလာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးတိုက်စစ်ကသေနေခဲ့ပြီးဘောလုံးလမ်းကြောင်းမထွက်ကာ ကွင်းလယ်မှာသာ ဘောလုံးအိုင်နေခဲ့ပါတယ်။ အာဆင်နယ်ရဲ့ တန်ပြန်တိုက်စစ်တွေက ပိုမိုအန္တရာယ်ရှိခဲ့ကာ ၆၆ မိနစ်မှာ အာဆင်နယိတို့ တတိယမြောက်ဂိုးရခဲ့ပါတယ်။

မာတင်နယ်လီရဲ့ ကန်ချက်ကို ဂိုးသမား မန်ဒီပုတ်ထုတ်ရာကနေ ထပ်ဆင့်ရလာတဲ့အခွင့်အရေးကို ဆာကာက အနီးကပ်ပိတ်သွင်းခဲ့တာပါ ၃ဂိုးပြတ်နိုင်ပြီးနောက် အာဆင်နယ်ဟာ အဓိက ကစားသမားတွေကို အနားပေးခဲ့ပြီး ဆယ်ဒရစ်၊ အန်ကယ်တီယာ၊ မာကွင်ဟို့စ်၊ ဆယ်ဒရစ်၊ မစ်လန်းနိုင်းလ်၊ ပေပေ၊မက်တာနာ၊ အယ်လ်နီနီ၊ လိုကွန်ဂါတို့ကို လူစားလဲဝင်ရောက်ကစားစေခဲ့ပါတယ်။ ၃ ဂိုးတည်းနဲ့ ပွဲပြီးတော့မယ်လို့ ထင်ခဲ့ရပေမဲ့ နောက်ဆုံးမိနစ်မှာ လိုကွန်ဂါက အာဆင်နယ်အတွက် ပွဲသိမ်းဂိုးကို ခေါင်းတိုက်သွင်းခဲ့ပါတယ်။

ZAWGYI: အာဆင်နယ်ကတော့ ပြီးပြည့်စုံတဲ့ခြေစွမ်းနဲ့အတူ အမေရိကမြေမှာ လန်ဒန်မြို့ခံပြိုင်ဘက် ချဲလ်ဆီးကို အလဲထိုးပြီး နိုင်ပွဲဆက်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ဒီပွဲမှာ ခံစစ် (၃) ယောက်တန်းပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ဂျေဇူး၊ မာတင်နယ်လီ၊ အိုဒီဂတ်တို့ကို တွဲပေးခဲ့ကာ ဆာကာနဲ့ ဇင်ချန်ကိုတို့ကို Wing Back အဖြစ် အသုံးပြုခဲ့ပါတယ်။ ချဲလ်ဆီးကလည်း တိုက်စစ်မှာ ဝါနာ၊ စတာလင်၊ကိုင်ဟာဗက်ဇ်၊ မစ်ဆန်မောင့်တို့ကို တွဲပေးခဲ့ပြီး ကွင်းလယ်မှာ ဂျော်ဂျင်ဟိုနဲ့ ဂါလက်ချာတို့ အတွဲကို အသုံးပြုခဲ့ပါတယ်။ နော်ကတန်းမှာ ဆေးလ်ဗား၊ အီမာဆင်၊ချာလိုဘတ်ချ်၊ ရီစီဂျိမ်းစ်တို့ကို ကစားစေခဲ့ပါတယ်။