သောမတ်စ်တူချယ်လက်အောက်မှာ နေရာမရဖြစ်နေပြီး ချယ်လ်ဆီးကနေထွက်ခွာချင်နေတဲ့ တောင်ပံကစားသမား ဟာကင်းဇီးယက်ချ်ကို တရာသီပြည့်အငှားနဲ့ခေါ်ဖို့ ညှိနှိုင်းဆွေးနွေးမှုများ အေစီမီလန်တို့ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ အသက် ၂၉ နှစ်သားဟာ စီးရီးအေချန်ပီယံတို့ရဲ့ ကာလရှည်ပစ်မှတ်တခုဖြစ်ခဲ့ပေမဲ့ အတိတ်တုန်းကနဲ့ကွာခြားစွာပဲ အခုတော့ သူ့တို့ပစ်မှတ်ကို အမှန်တကယ်ခေါ်နိုင်ဖို့ အေစီမီလန်တို့ ယုံကြည်မှုရှိနေကြပါတယ်။ ယခုအဲဗာတန်မန်နေဂျာဖြစ်တဲ့ ယခင်ချယ်လ်ဆီးဘော့စ် ဖရန့်လမ်းပတ်လက်အောက်၊ ၂၀၂၀ မှာ တောင်ပံကစားသမားက ချယ်လ်ဆီးကို ပေါင် ၃၃ သန်းနဲ့ အိုင်းယက်စ်ကနေ ရောက်လာခဲ့တာပါ။

ဒါပေမဲ့ သူ့ရဲ့ ၅ နှစ်သက်တမ်းစာချုပ်ရဲ့ ၂ နှစ်ထဲပဲဝင်ရသေးပေမဲ့ ပုံမှန်ပွဲကစားချိန်က ရခဲနေတာကို သူခံစားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက သူတို့ရဲ့ ၁၂နှစ်အတွင်း ပထမဆုံးစီးရီးအေချန်ပီယံသရဖူကို ပြန်လည်ရရှိခဲ့တဲ့အေစီမီလန်တို့က အခုဆိုရင် ဇီးယက်ချ်ကိုခေါ်ဖို့ အကြိတ်အနယ် ညှနှိုင်းဆွေးနွေးမှုတွေလုပ်နေပြီဖြစ်ကြောင်း အီတလီကလာတဲ့သတင်းများအရ သိရပါတယ်။ အိုင်းယက်စ်ကနေသူ့ကိုခေါ်လို့ ကုန်ကျခဲ့တဲ့ ပေါင် ၃၃ သန်းလုံးကို နည်းနည်းမှအရှုံးမပေါ်အောင်ရှောင်ရှားဖို့ ချယ်လ်ဆီးတို့က အသည်းအသန်ကြိုးစားနေပြီး ဒီနွေရာသီမှာ အပြီးသတ်အရောင်းနဲ့စာရင် ဝယ်ယူခွင့်ပါဝင်တဲ့ အငှားသဘောတူညီမှုတခုကိုပဲ ပိုအလေးသာတယ်လို့ အဲဒီသတင်းမှာဖော်ပြထားပါတယ်။

တရာသီကိုပေါင် ၅ သန်းကျတဲ့ဇီးယက်ချ်ရဲ့စာချုပ်က စိတ်ပူစရာအချို့ဖြစ်ပေါ်စေပေမဲ့ အဖြေတခုရှာဖွေနိုင်မယ်လို့ နှစ်ဘက်လုံးက ယုံကြည်ပါတယ်။ အိုင်းယက်စ်ကစားသမားဟောင်းက သူ့ရဲ့မအောင်မြင်တဲ့လန်ဒန်ကအချိန်တွေကို မနှောင်းခင်ဖြတ်ချချင်နေပြီး သူ့ရဲ့အေးဂျင့်ကလည်း အပြောင်းအရွှေ့ဖြစ်နိုင်ချေတခုအတွက် မီလန်တို့နဲ့ ယခင်တုန်းက ဆက်သွယ်ထားဖူးခဲ့တာကြောင့် ဒီနွေရာသီမှာ တနည်းနည်းနဲ့ထွက်ခွာဖြစ်သွားဖို့ အလားအလာများပါတယ်။

၂၀၂၀ မှာ လန်ဒန်ကလပ်ကိုရောက်လာပြီးကတည်းက မော်ရိုကိုကစားသမားက ပွဲပေါင်း ၈၃ ပွဲကစားပြီး ၁၄ ဂိုးသွင်းထားပါတယ်။ သို့သော်လည်း တူချယ်လက်အောက် ပြီးခဲ့တဲ့ရာသီမှာ ပွဲထွက်စတင်ခွင့် အပေးခံရတာ နည်းပါးခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၁၃ ပွဲက အရံခုံကထလာခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ရှိအချိန်မှာ သူက တူချယ်ရဲ့အကြိုက်မဟုတ်ဘဲ ပလေးမိတ်ကာနေရာမှာ သူ့ထက် ကိုင်ဟာ့ဗတ်စ်နဲ့ မေဆန်မောင့်တို့ တယောက်ယောက်ကိုပိုသဘောကျတာ လက်ခံထားရပါတယ်။

ဘလူးစ်တို့က ရာဟမ်းစတာလင်၊ ရာဖင်ညာ၊ ဒမ်ဘီလီစတဲ့ တိုက်စစ်ကစားသမားတွေကိုချည်းလိုက်နေတာဖြစ်လို့ တယောက်ယောက်ရောက်လာတာနဲ့ သူ့ရဲ့ပွဲထွက်အော်ဒါက အခုထက်ကိုပိုနောက်ရောက်သွားဖို့ ရှိနေပါသေးတယ်။ အေစီမီလန်မှာတော့ ပွဲထွက်စတင်ဖို့အတွက် သူရဲ့အဓိကယှဉ်ပြိုင်စရာက ဘရာဟင်းဒီးယက်စ်တဦးတည်းသာရှိနိုင်ပါတယ်။ ချယ်လ်ဆီးတို့က သူတို့ရဲ့တိုက်စစ်မှူးလူကာကူကိုလည်း အင်တာမီလန်ဆီမှာ တရာသီအငှားနဲ့ ဆုံးရှုံးထားရပြီးဖြစ်သလို အခုတော့ သူ့ရဲ့နောက်အသင်းဖော်ဖြစ်တဲ့ဇီးယက်ချ်ကလည်း သူနဲ့အတူ အီတလီမှာဒါဘီအဖြစ်ပြန်ဆုံဖို့ နီးစပ်လာနေတာကိုတွေ့ရပါတယ်။

ZAWGYI: သောမတ်စ်တူချယ်လက်အောက်မှာ နေရာမရဖြစ်နေပြီး ချယ်လ်ဆီးကနေထွက်ခွာချင်နေတဲ့ တောင်ပံကစားသမား ဟာကင်းဇီးယက်ချ်ကို တရာသီပြည့်အငှားနဲ့ခေါ်ဖို့ ညှိနှိုင်းဆွေးနွေးမှုများ အေစီမီလန်တို့ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ အသက် ၂၉ နှစ်သားဟာ စီးရီးအေချန်ပီယံတို့ရဲ့ ကာလရှည်ပစ်မှတ်တခုဖြစ်ခဲ့ပေမဲ့ အတိတ်တုန်းကနဲ့ကွာခြားစွာပဲ အခုတော့ သူ့တို့ပစ်မှတ်ကို အမှန်တကယ်ခေါ်နိုင်ဖို့ အေစီမီလန်တို့ ယုံကြည်မှုရှိနေကြပါတယ်။ ယခုအဲဗာတန်မန်နေဂျာဖြစ်တဲ့ ယခင်ချယ်လ်ဆီးဘော့စ် ဖရန့်လမ်းပတ်လက်အောက်၊ ၂၀၂၀ မှာ တောင်ပံကစားသမားက ချယ်လ်ဆီးကို ပေါင် ၃၃ သန်းနဲ့ အိုင်းယက်စ်ကနေ ရောက်လာခဲ့တာပါ။