ချဲလ်ဆီး အသင်းဟာ မနေ့ည က အီတလီမှာ ကစားခဲ့တဲ့ အူးဒီးနိစ် အသင်းနဲ့ ခြေစမ်းပွဲမှာ ၁ – ၃ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ၊ ဒါဟာ ရာသီသစ် မစတင်ခင် ချဲလ်ဆီးနဲ့ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် အတွက် အတိုင်းအတာ တခု အထိ စိတ်အေးရစေနိုင်တဲ့ ခြေစွမ်းနဲ့ ရလဒ် ဖြစ်ခဲ့ပါတယ် ။ ဒီပွဲမှာ ပြီးခဲ့တဲ့ အမေရိကန် ခရီးစဉ် ကာလ အတွင်း ချဲလ်ဆီးသို့ ပြောင်းရွှေ့လာခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား ရာဟင်း စတာလင်နဲ့ ဆီနီဂေါ လက်ရွေးစင် ဝါရင့် ခံစစ်မှူး ကာလီဒူ ကူလီဘာလီတို့ အသင်းမှာ တပြိုင်တည်း ပွဲထွက်ခွင့် ရခဲ့ကြပါတယ် ။

မနေ့ညကပွဲမှာ ဒုတိယ ဦးဆောင်ဂိုး သွင်းယူခဲ့တဲ့ စတာလင် အတွက် ဒါဟာ ချဲလ်ဆီး ကစားသမား ဘဝ ပထမဆုံး သွင်းဂိုး ဖြစ်ခဲ့ကာ ၊ ကူလီဘာလီ အတွက်တော့ ချဲလ်ဆီး ဂျာစီနဲ့ အတူ ရရှိခဲ့တဲ့ ပထမဆုံး ပွဲထွက်ခွင့်လည်း ဖြစ်ခဲ့ပါတယ် ။ ချဲလ်ဆီး အတွက် အခြား သွင်းဂိုး ၂ဂိုးကို ကွင်းလယ်လူ အန်ဂိုလို ကန်တေနဲ့ မေဆင်မောင့်တို့က တဂိုးစီ သွင်းယူပေးခဲ့ပါတယ် ။ ပွဲအပြီး ချဲလ်ဆီး တီဗွီနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က အသင်း အတွက် ဗွေဆော်ဦးဂိုး စရခဲ့တဲ့ စတာလင်နဲ့ ပထမဆုံး ပွဲထွက်နိုင်ခဲ့တဲ့ ကူလီဘာလီတို့ရဲ့ ခြေစွမ်း အပေါ် အခုလိုပဲ အကဲဖြတ် သုံးသပ်ခဲ့ပါတယ် ။

တူချယ် က ” ဟုတ်ပါတယ် ။ ရာဟင်းမှာ ဂိုးသွင်းဖို့ အခွင့်အရေးတွေ အများကြီး ရခဲ့သလို ၊ သူကိုယ်တိုင်လည်း တခြား အခွင့်အရေး ဖန်တီးမှုတွေမှာ တိုက်ရိုက် ပါဝင်ပတ်သက်ခဲ့ပါတယ် ။ ဒါက ခြေစွမ်းကောင်း တရပ် ဖြစ်ပါတယ် ။ ကာလီဒူ ဟာ ချဲလ်ဆီး ပရိသတ်တွေဆီက ချီးကျူး သြဘာတွေနဲ့ ထိုက်တန်မှု ရှိပါတယ် ။ သူဟာ အရမ်းကောင်းတဲ့ ခေါ်ယူမှု တရပ် ၊ အရည်အသွေးကောင်း များစွာ ပိုင်ဆိုင်ထားတဲ့ ကစားသမား တယောက် ဖြစ်ပါတယ် ။ ဒီနေ့မှာ သူ မိနစ် ၇၀စာ ကစားနိုင်ခဲ့လို့ ကျွန်တော် ကျေနပ် ပျော်ရွှင်မိပါတယ် ။ ”

” လာမယ့် ရာသီသစ် စတင်တဲ့အချိန် သူ့ရဲ့ ကြံ့ခိုင်မှု အခြေအနေ ပိုပြီး ကောင်းလာဖို့က ကျွန်တော်တို့ အတွက် အရမ်း အရေးကြီးပါတယ် ။ မနက်ဖြန် ဒီမှာပဲ ကျွန်တော်တို့ တံခါးပိတ် ခြေစမ်းပွဲ တပွဲ ထပ်ကစားဦးမှာ ဖြစ်ပြီး ၊ အဲဒီမှာ တခြား အသင်း တသင်းကို ထုတ်သုံးသွားမှာပါ ။ ဒါပြီးတာနဲ့ ၂ရက်နားပြီး အဲဗာတန်နဲ့ ရာသီသစ် အဖွင့်ပွဲ အတွက် ပြင်ဆင်ပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး တူချယ် က မနေ့ညကပွဲအပေါ် အကြမ်းဖျင်း သုံးသပ်တဲ့ အနေနဲ့ ” ဟုတ်ပါတယ် ။ ကျွန်တော်တို့ ဒီတပတ်မှာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ကြပါတယ် ။ အထူးသဖြင့် ပြီးခဲ့တဲ့ ၂ရက်ကပေါ့ ။ ဒီအတွက်ကြောင့် ကျွန်တော်တို့ရဲ့ ခြေစွမ်းဟာ အလန်းဆန်းဆုံး အဆင့်မှာ ရှိမနေပါဘူး ။ ဒါပေမယ့် ဒီနေ့ပွဲကနေ အပေါင်း လက္ခဏာ ဆောင်တဲ့ အရာများစွာ ကျွန်တော်တို့ ရရှိခဲ့ပါတယ် ။ ကျွန်တော်ကတော့ ဒါဟာ ကောင်းမွန်တဲ့ အသင်းလိုက် စွမ်းဆောင်ရည် ၊ ကောင်းမွန်တဲ့ ရလဒ် တခု ဖြစ်တယ်လို့ ထင်ပါတယ် ။ ဒီထက် ပိုပြီး ဂိုးများများ သွင်းယူနိုင်ခဲ့သင့်ပေမယ့် ၊ အပေါင်း လက္ခဏာ ထွက်ခဲ့တဲ့ အရာများစွာ ကျွန်တော်တို့ ယူဆောင်သွားလို့ ရပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ZAWGYI: ချဲလ်ဆီး အသင်းဟာ မနေ့ည က အီတလီမှာ ကစားခဲ့တဲ့ အူးဒီးနိစ် အသင်းနဲ့ ခြေစမ်းပွဲမှာ ၁ – ၃ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ၊ ဒါဟာ ရာသီသစ် မစတင်ခင် ချဲလ်ဆီးနဲ့ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် အတွက် အတိုင်းအတာ တခု အထိ စိတ်အေးရစေနိုင်တဲ့ ခြေစွမ်းနဲ့ ရလဒ် ဖြစ်ခဲ့ပါတယ် ။ ဒီပွဲမှာ ပြီးခဲ့တဲ့ အမေရိကန် ခရီးစဉ် ကာလ အတွင်း ချဲလ်ဆီးသို့ ပြောင်းရွှေ့လာခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား ရာဟင်း စတာလင်နဲ့ ဆီနီဂေါ လက်ရွေးစင် ဝါရင့် ခံစစ်မှူး ကာလီဒူ ကူလီဘာလီတို့ အသင်းမှာ တပြိုင်တည်း ပွဲထွက်ခွင့် ရခဲ့ကြပါတယ် ။