အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်ရဲ့ အဓိက ခံစစ်မှူး ဒီလစ်ကတော့ ယခု နွေဈေးကွက် အတွင်းမှာ သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ် နှစ်သင်းအနက် ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖလော်ရီယန် ပလက်တန်ဘက်က အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။ အသက် ၂၂နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဗဟိုခံစစ်မှူး ဒီလစ်က အေဂျက်ကနေ ဂျူဗင်တပ်ဆီ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ မရှိမဖြစ် ခံစစ်မှူး တဦး အဖြစ် ခြေစွမ်းပြ ကစားနေနိုင်ပေမယ့် အသင်းက ဆုဖလားတွေ ရရှိဖို့ မသေချာတာကြောင့် ယခု နွေဈေးကွက် အတွင်းမှာပဲ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးနေသူပါ။

ဒီလစ်ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ်မှူးတွေထဲက တဦး ဖြစ်သလို အသက်လည်း ငယ်သေးတာကြောင့် ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးနဲ့ ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်တို့က သူ့ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ချိတ်ဆက်မှုတွေ ပြုလုပ်ထားကြပြီး ချယ်လ်ဆီးက ဒီလစ်အတွက် ဘိုင်ယန်မြူးနစ်ထက် ပြောင်းရွှေ့ကြေး ပိုပေးနိုင်တဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ ဒါပေမယ့် ဒီလစ် တယောက် အေဂျက်မှာ ရှိနေစဉ်ကတည်းက ဒီလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တဲ့ ဘိုင်ယန်မြူးနစ်က ဒီလစ်ကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ ဂျူဗင်တပ်ဘက်ကို အဓိကထား ချဉ်းကပ်ခဲ့ခြင်း မရှိပဲ ဒီလစ်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရဖို့ကိုသာ အကြိတ်အနယ် ကြိုးပမ်းခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် ဖလော်ရီယန် ပလက်တန်ဘက်ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က ယနေ့မှာပဲ ဒီလစ်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့ပြီး ဒီလစ်က ဘိုင်ယန်မြူးနစ်ဆီ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့ဖို့ ရှိကာ ဒီလစ်ဟာ ဘိုင်ယန်မြူးနစ်ရဲ့ လုပ်ခလစာ အမြင့်မားဆုံး ကစားသမားတွေထဲက တဦး ဖြစ်လာမယ်လို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ နီးစပ်တဲ့ သတင်းဌာန တခု ဖြစ်တဲ့ Bildကလည်း ဒီလစ် တယောက် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားပြီး ဘိုင်ယန်မြူးနစ်က ဒီလစ်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူအပြီးမှာပဲ ဒီလစ်ရဲ့ အပြောင်းအရွှေ့ အတွက် ဂျူဗင်တပ်နဲ့ တရားဝင် ဆွေးနွေးမှုတွေကို စတင် ပြုလုပ်လာကြောင်း ဆိုပါတယ်။

တစ်ဖက်မှာလည်း ယခု နွေဈေးကွက် အတွင်းမှာပဲ အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်ကနေ အမေရိကန်ကလပ် အယ်လ်အေ ဂလက်ဇီထံ ပြောင်းရွှေ့သွားခဲ့တဲ့ ဝါရင့် ခံစစ်မှူး ချီလီနီကတော့ သူ့ရဲ့ အသင်းဟောင်း ဂျူဗင်တပ်ဟာ အသင်းရဲ့ တိုက်စစ်ပိုင်း ပြဿနာကို ဖြေရှင်းနိုင်ဖို့ ချယ်လ်ဆီးမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတဲ့ တောင်ပံတိုက်စစ် ကစားသမား ပူလီဆစ်ကို ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီ နှစ်ရာသီဆက်တိုက် စီးရီးအေ ချန်ပီယံဆုကို လက်လွှတ်ထားရတဲ့ ဂျူဗင်တပ်က ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ကြီးမားတဲ့ အပြောင်းအလဲ လုပ်ဖို့ ဆုံးဖြတ်ထားပြီး ဒိုင်ဘာလာနဲ့ မိုရာတာတို့လို အသင်းမှာ နှစ်ရှည် ကစားဖူးတဲ့ တိုက်စစ်မှူးတွေကို လက်လွှတ်ခဲ့ကာ ပီအက်စ်ဂျီ ကနေ ထွက်ခွာလာတဲ့ ဝါရင့် တောင်ပံတိုက်စစ် ကစားသမား ဒီမာရီယာကို အလွတ်နဲ့ ခေါ်ယူထားပါတယ်။

ဒါ့အပြင် ဂျူဗင်တပ်က ကွင်းလယ်ပိုင်း အတွက် အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ ပေါ့ဘာကို အလွတ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရထားတာကြောင့် သူတို့အသင်းက တိုက်စစ်ပိုင်း အတွက် နောက်ထပ် ကစားသမားသစ် တဦး ထပ်မံ ခေါ်ယူရုံနဲ့ အရင်လို အင်ပြည့်အားပြည့် လူစာရင်းကို ပြန်လည် ပိုင်ဆိုင်နိုင်မှာပါ။ တဖက်မှာတော့ အသက် ၂၃နှစ် အရွယ် အမေရိကန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ပူလီဆစ်က ချယ်လ်ဆီးမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတာကြောင့် အသင်းပြောင်းဖို့ စိတ်ဝင်စားနေပြီး ချယ်လ်ဆီးကလည်း သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ်သာ ရောက်လာရင် ပူလီဆစ်ကို ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

ဒါကြောင့်ပဲ ဂျူဗင်တပ်ကနေ အယ်လ်အေ ဂလက်ဇီဆီ ပြောင်းရွှေ့ထားတဲ့ ဝါရင့် ခံစစ်မှူး ချီလီနီက သူ့ရဲ့ အသင်းဟောင်းဟာ ပူလီဆစ်ကို ခေါ်ယူသင့်ကြောင်း ယုံကြည်နေသလို ပူလီဆစ်က တောင်ပံကနေ အတွင်းဘက်ကို ချိုးဝင်ကာ တိုက်စစ်ဆင်တတ်တဲ့ ကစားသမား တဦး ဖြစ်တာကြောင့် ဂျူဗင်တပ်ရဲ့ ကစားပုံနဲ့ လိုက်ဖက်မယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။ ချီလီနီက – “အရိုးသားဆုံး ပြောရရင် ဂျူဗင်တပ်နဲ့ ပူလီဆစ်တို့ရဲ့ အပြောင်းအရွှေ့ သတင်းကို အခုမှပဲ ကြားဖူးတာပါ။ ဒါပေမယ့် ဂျူဗင်တပ်က ပူလီဆစ်လို တောင်ပံ ကစားသမားမျိုး လိုအပ်နေတယ်လို့ မြင်ပါတယ်။ ”

” ကျွန်တော့်ရဲ့ အမြင်မှာတော့ ပူလီဆစ်က အရမ်းကို ကောင်းမွန်တဲ့ ကစားသမားပါ။ သူက တောင်ပံကနေ အတွင်းထဲကို ချိုးဝင်ပြီး ကစားတတ်လေ့ ရှိပါတယ်။ ဒါက ကောင်းတဲ့ အချက်ပါ။ အခုချိန်မှာ သူက မကြာခဏ ဒဏ်ရာရလေ့ ရှိပေမယ့် သူ့ရဲ့ အကောင်းဆုံး ပုံစံတွေကို ပြန်မြင်ရမှာ သေချာပါတယ်။ အခု ဒီမာရီယာလည်း ရောက်လာပြီဆိုတော့ ပူလီဆစ်ကိုသာ ထပ်ခေါ်နိုင်ခဲ့ရင် ဂျူဗင်တပ်ရဲ့ တိုက်စစ်ပိုင်းက အရမ်းကို ကောင်းသွားပါလိမ့်မယ်။ သူက တနှစ်ပြီး တနှစ် ပိုပို တိုးတက်လာတဲ့ ကစားသမားပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

ZAWGYI: အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်ရဲ့ အဓိက ခံစစ်မှူး ဒီလစ်ကတော့ ယခု နွေဈေးကွက် အတွင်းမှာ သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ် နှစ်သင်းအနက် ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖလော်ရီယန် ပလက်တန်ဘက်က အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။ အသက် ၂၂နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဗဟိုခံစစ်မှူး ဒီလစ်က အေဂျက်ကနေ ဂျူဗင်တပ်ဆီ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ မရှိမဖြစ် ခံစစ်မှူး တဦး အဖြစ် ခြေစွမ်းပြ ကစားနေနိုင်ပေမယ့် အသင်းက ဆုဖလားတွေ ရရှိဖို့ မသေချာတာကြောင့် ယခု နွေဈေးကွက် အတွင်းမှာပဲ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးနေသူပါ။