အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်ဂိုးသမားကြီး ဒေးဗစ် ဆီးမန်းကတော့ အာဆင်နယ်အသင်းရဲ့ လက်ရှိမန်နေဂျာ မီခဲလ် အာတီတာနဲ့ ပတ်သက်ပြီး အာဆင်နယ်အသင်းရဲ့နည်းလမ်းအတိုင်း လုပ်ကိုင်ဆောင်ရွက်နေသူလို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။ အာဆင်နယ်အသင်းကတော့ ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ Amazon Prime နဲ့ လက်တွဲကာ တစ်ရာသီလုံးလုပ်ဆောင်သမျှကို ရိုက်ကူးထားတဲ့ All or Nothing ဆိုတဲ့ မှတ်တမ်းတင်အစီအစဉ်ကို ပြုလုပ်ခဲ့ပြီး အဆိုပါမှတ်တမ်းတင်ထားတဲ့ဗီဒီယိုကို အပိုင်းတွေခွဲကာ ပြုလုပ်ခဲ့သလို မနက်ဖြန်မှာ Amazon Prime ကနေ ထုတ်လွှင့်တင်ဆက်သွားမှာဖြစ်ပါတယ်။

အဆိုပါ All or Nothing ရဲ့ အကြိုပွဲကို ပြုလုပ်ခဲ့စဉ်မှာတော့ ဂန်းနားကြယ်ပွင့်တွေများစွာ တက်ရောက်ခဲ့ကြပြီး ဂန်းနားဂန္ထဝင်တွေကလည်း အဆိုပါပွဲကို တက်ရောက်ခဲ့ကြသလို သတင်းထောက်များစွာလည်း ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါအကြိုပွဲမှာ ဆီးမန်းက “အာတီတာတည်ဆောက်နေတဲ့အသင်းက ပိုကောင်းသည်ထက် ပိုကောင်းလာတယ်။ ဒါက လုပ်ဖို့ လိုအပ်နေတဲ့ အရာတစ်ခုပါပဲ”လို့ ပြောလာခဲ့ပါတယ်။

ဆက်လက်ပြီး သူက “ခင်ဗျားသိပါတယ်။ ကျွန်တော် အစောပိုင်းတုန်းကတင် စကားပြောခဲ့သေးတယ်။ ကျွန်တော်အာဆင်နယ်ကို ပထမဆုံးရောက်ခဲ့တုန်းကဆိုရင် ကျွန်တော်တို့အနေနဲ့ ဆုဖလားတွေ ယူဖို့အတွက် မျှော်မှန်းခံခဲ့ရတာ။ ကျွန်တော်ထင်တာတော့ သူ့အနေနဲ့ ဒါကိုပြန်ရအောင်ယူရမယ်။ ပြီးတော့ ဒါကို ကစားသမားတွေရဲ့စိတ်ထဲမှာ သွင်းထားပေးနိုင်ရမယ်။ ဒါပေမယ့်လည်း ကျွန်တော်ကတော့ သူလုပ်တာကို သဘောကျပါတယ်။ ကျွန်တော်မြင်ရတာကို သဘောကျပါတယ်။ ကျွန်တော့်အနေနဲ့ လေ့ကျင့်ရေးကွင်းနဲ့ အစီအစဉ်တွေမှာ နည်းပြတစ်ဦးအဖြစ် သင်ကြားပြသပေးရတာဆိုတော့ ကျွန်တော်လည်း အခွင့်ထူးခံတွေထဲက တစ်ယောက်ပါပဲ။”

” ပြီးတော့ ကျွန်တော်သူ့ကို မြင်ရတယ်။ ဒါက ကောင်းမွန်လွန်းပါတယ်။ ပြီးတော့ ကျွန်တော်သဘောကျတဲ့အချက်တစ်ချက်က မီခဲလ် အာတီတာက အာဆင်နယ်အသင်းခေါင်းဆောင် ဖြစ်ခဲ့ဖူးတယ်လေ။ ဒီတော့ သူ့အနေနဲ့ ဒါက အာဆင်နယ်ဆိုတာသိတယ်။ ဒီတော့ အာဆင်နယ်အသင်းလုပ်တဲ့ပုံစံအတိုင်း အလုပ်လုပ်တယ်။ ပြီးတော့ ဒါကပဲ အော်ဘာမီယန်းနဲ့ ဘာဖြစ်ခဲ့သလဲဆိုတာရဲ့ အဓိကအချက်ပါပဲ။ သူက အာဆင်နယ်အသင်းရဲ့ အံ့မခန်း အလုပ်လုပ်နေကြပုံစံနဲ့ လာပြီးပခုံးချင်းယှဉ်ချင်ခဲ့တယ်လေ”လို့ ပြောလာခဲ့တဲ့အကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

ZAWGYI: အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်ဂိုးသမားကြီး ဒေးဗစ် ဆီးမန်းကတော့ အာဆင်နယ်အသင်းရဲ့ လက်ရှိမန်နေဂျာ မီခဲလ် အာတီတာနဲ့ ပတ်သက်ပြီး အာဆင်နယ်အသင်းရဲ့နည်းလမ်းအတိုင်း လုပ်ကိုင်ဆောင်ရွက်နေသူလို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။ အာဆင်နယ်အသင်းကတော့ ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ Amazon Prime နဲ့ လက်တွဲကာ တစ်ရာသီလုံးလုပ်ဆောင်သမျှကို ရိုက်ကူးထားတဲ့ All or Nothing ဆိုတဲ့ မှတ်တမ်းတင်အစီအစဉ်ကို ပြုလုပ်ခဲ့ပြီး အဆိုပါမှတ်တမ်းတင်ထားတဲ့ဗီဒီယိုကို အပိုင်းတွေခွဲကာ ပြုလုပ်ခဲ့သလို မနက်ဖြန်မှာ Amazon Prime ကနေ ထုတ်လွှင့်တင်ဆက်သွားမှာဖြစ်ပါတယ်။