မနေ့ ညက ယှဉ်ပြိုင်ကစားသွားခဲ့ကြတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ရဲ့ ပွဲစဉ်ကတော့ ရီးရဲလ်တို့က (၃-၁)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ်(၆-၅)နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီတက်ရောက်သွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာတော့ လီဗာပူးလ်နဲ့ တွေ့ဆုံနေပြီး မေလ(၂၈)ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ (၂၀၁၈)ခုနှစ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာလည်း ရီးရဲလ်နဲ့ လီဗာပူးလ်တို့တွေ့ဆုံခဲ့ဖူးပြီးတော့ ရီးရဲလ်က (၃-၁)ဆိုတဲ့ ရလဒ်အနိုင်ရရှိခဲ့ကာ ချန်ပီယံဖြစ်ခဲ့ပါတယ်။

အဲ့ဒီအချိန်တုန်းက လီဗာပူးလ် တိုက်စစ်မှူး ဆာလာဟာ ရာမို့ဒ်နဲ့ ထိခိုက်မိပြီး ပွဲကစားချိန် အစောပိုင်းမှာတင်လူစားလဲခဲ့ရပါတယ်။ ဒီတစ်ကြိမ်တွေ့ဆုံမှုမှာတော့ ဆာလာတစ်ယောက် ရီးရဲလ်ကို လက်စားချေဖို့ တော်တော်လေးကို စိတ်အားထက်သန်လျက် ရှိနေတာတွေ့ရပါတယ်။ ဗီလာရီးရဲလ်ကို စပိန်မှာ အနိုင်ရရှိခဲ့ပြီးတဲ့ပွဲ အပြီးမှာလည်း ဗိုလ်လုပွဲမှာ မန်စီးတီးနဲ့ ရီးရဲလ်တို့ နှစ်သင်းထဲက ဘယ်အသင်းနဲ့တွေ့ ချင်လဲလို့ မေးမြန်ခဲ့ရာမှာ အခုလိုပဲ ဖြေကြားခဲ့ပါတယ်။

” ကျွန်တော် ရီးရဲလ်မက်ဒရစ်နဲ့ ကစားချင်ပါတယ်၊ ဒါအရိုးသားဆုံးပြောတာပါ၊ မန်စီးတီးကလည်း တော်တော်လေးကို ကစားရခက်တဲ့ အသင်းတစ်သင်းပါ၊ ဒီရာသီ ကျွန်တော်တို့ သူတို့နဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့ ပွဲတွေရှိခဲ့ပါတယ်၊ ဒါပေမဲ့ ကျွန်တော် တစ်ယောက်ထဲ အလိုအရဆိုရင်တော့ ကျွန်တော် ရီးရဲလ်မက်ဒရစ်နဲ့ပဲ ဗိုလ်လုပွဲမှာတွေ့ချင်ပါတယ်၊ ဘာလို့လဲဆိုတော့ သူတို့ကို ကျွန်တော်တို့ ဖိုင်နယ်မှာ ရှုံးထားခဲ့တယ်လေ၊ ဒါ့ကြောင့် အခုသူတို့နဲ့ ပြန်တွေ့ချင်တာပါ၊ ကျွန်တော်တို့ နိုင်မယ်လို့ မျှော်လင့်ပါတယ် ” လို့ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

အခုချိန်မှာတော့ဆာလာရဲ့ ဆန္ဒတွေ အမှန်တကယ်ဖြစ်လာခဲ့ပြီ။ ဆာလာ အနေနဲ့ ရီးရဲလ်မက်ဒရစ်ကို (၂၀၁၈)ခုနှစ်က ရှုံးကြွေးကို ဆပ်ဖို့ တော်တော်လေးကို စိတ်အားထက်သန်နေပုံပါပဲ။ (၂၀၁၈)ခုနှစ်တုန်းက ရာမို့စ်ရဲ့ လူချမှုကြောင့်ပွဲ ချိန်ပြည့်မကစားလိုက်ရသလို အသင်းကလည်း ရှုံးနိမ့်ခဲ့တာကြောင့် (၂၀၁၈)ခုနှစ်က အရှုံးဟာတခြားသူတွေထက်ပိုပြီးတော့ ဆာလာအတွက် ပိုခံပြင်းစရာကောင်းခဲ့တာဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့်ပဲ ဒီနေ့မှာ ဆာလာရဲ့ စိတ်ထဲ ရီးရဲလ်ကို လက်စားချေလိုစိတ်တွေ ပိုပြီး ပြင်းထန်နေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ရီးရဲလ်အသင်းရဲ့ မန်စီးတီးကို အနိုင်ရရှိခဲ့အပြီးမှာလည်း ဆာလာတစ်ယောက် သူ့ရဲ့ အင်စတာဂရမ်မှာ အခုလိုပဲ ပြောကြားထားခဲ့တာပါ။ ” ငါတို့မှာလုပ်စရာတစ်ခုပဲ ရှိတော့တယ် ” ဆိုပြီး တင်ထားခဲ့တာဖြစ်ပါတယ်။ ဒါဟာ ရီးရဲလ်မက်ဒရစ်ကိုလက်စားချေဖို့ ဆာလာတစ်ယောက် ဘယ်လောက်တောင် စိတ်အားထက်သန်နေမလဲ ဆိုတာ သိသာလှစေပါတယ်။ ဒီရာသီမှာ ရီးရဲလ်ဟာ ပီအက်စ်ဂျီ၊ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ကို ရှုံးထွက်အဆင့်တွေမှာ မဖြစ်နိုင်တဲ့ အနေအထားကနေ ပြန်ပြီး အနိုင်ယူခဲ့ပြီး ဗိုလ်လုပွဲကိုတက်ရောက်လာခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ကလည်း ဒီရာသီ ချန်ပီယံလိဂ် ပွဲစဉ်တလျှောက် အင်တာ တစ်သင်းထဲကိုသာအိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီး (၁)ပွဲ သရေကျထားခဲ့ကာ ကျန်တဲ့ ပွဲစဉ်တွေအားလုံးကို အနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ချန်ပီယံလိဂ်မှာ လီဗာပူးလ်ရဲ့ ခြေစွမ်းက အမြင့်ဆုံးအဆင့်မှာရှိနေတာပါ။ ရီးရဲလ်ကတော့ လီဗာပူးလ် ခြေမှန်နေမျိုး မဟုတ်ပဲ ပထမအကျော့ ရှုံးလိုက် ဒုတိယအကျော့ ပြန် come back လာလိုက်နဲ့ ဗိုလ်လုပွဲဆီတက်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။ ဆိုတော့ ဒီတစ်ကြိမ် တစ်ခါပဲ ကန်ရမယ့် ပွဲမှာတော့ ရီးရဲလ်တို့ ပြီးခဲ့တဲ့ ပွဲစဉ်တွေကလို အမှားခံလို့မရတော့ပါဘူး။ လီဗာပူးလ်တို့ကလည်း (၂၀၁၈)ခုနှစ်တုန်းက ရှုံးကြွေးကိုဆပ်ဖို့ အားခဲထားတာကြောင့် ဒီတစ်ကြိမ်တွေ့ဆုံမယ့် ရီးရဲလ်နဲ့ လီဗာပူးလ်တို့ရဲ့ တွေ့ဆုံမှုကတော့ တော်တော်လေးကို ပြိုင်ဆိုင်မှု ပြင်းထန်လာဦးမှာဆိုတာ မြေကြီးလက်ခက်မလွဲပါပဲ။

ZAWGYI: မနေ့ ညက ယှဉ်ပြိုင်ကစားသွားခဲ့ကြတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ရဲ့ ပွဲစဉ်ကတော့ ရီးရဲလ်တို့က (၃-၁)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ်(၆-၅)နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီတက်ရောက်သွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာတော့ လီဗာပူးလ်နဲ့ တွေ့ဆုံနေပြီး မေလ(၂၈)ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ (၂၀၁၈)ခုနှစ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာလည်း ရီးရဲလ်နဲ့ လီဗာပူးလ်တို့တွေ့ဆုံခဲ့ဖူးပြီးတော့ ရီးရဲလ်က (၃-၁)ဆိုတဲ့ ရလဒ်အနိုင်ရရှိခဲ့ကာ ချန်ပီယံဖြစ်ခဲ့ပါတယ်။