မိုဟာမက်ဆာလတ်ဟာ ယခုနှစ်မှာ သူရရှိခဲ့သမျှ တစ်ဦးချင်းဆုတွေ အားလုံးနဲ့ လဲလှယ်ပြီး ရီးရဲမက်ဒရစ် အသင်းနဲ့ ချန်ပီယံလိဂ် ဖိုင်နယ် ပွဲစဥ်ကို ပြန်လည် ကစားလိုကြောင်း ပြောဆိုခဲ့ပါတယ်။ ဗီနီးရှပ်ဂျူနီယာရဲ့ ဒုတိယပိုင်း သွင်းဂိုးဟာ ပွဲစဥ်ရဲ့ အနိုင်ဂိုး ဖြစ်ခဲ့ပြီး မက်ဒရစ်ဟာ ပဲရစ်မှာ လီဗာပူးကို ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ ရီးရဲမက်ဒရစ် အသင်းရဲ့ ၁၄ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ရရှိခြင်းလည်း ဖြစ်ခဲ့ပါတယ်။

လီဗာပူး အသင်းဟာ သီဘော့ကော့တွိုက်ရဲ့ ကာကွယ်မှုတွေကို အကြိမ်ပေါင်းများစွာ ခံစားခဲ့ရပြီး မက်ဒရစ်ဂိုးသမားဟာ ၉ ကြိမ်အထိ ဂိုးပေါက် ကာကွယ်မှု ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါဟာ ၂၀၀၃-၀၄ ခုနှစ်မှာ အော့ပ်တာက စတင်မှတ်တမ်းကောက်ယူ ကတည်းက ချန်ပီယံလိဂ်မှာ ဂိုး ကာကွယ်မှု အများဆုံး မှတ်တမ်းဖြစ်ခဲ့ပါတယ်။ ဒါဟာ လီဗာပူး အသင်းရဲ့ မကြုံစဖူး ဆုဖလား ၄ လုံး မျှော်လင့်ချက် နီးစပ်မှုကို အဆုံး သတ်စေခဲ့ပါတယ်။ သူတို့ဟာ ယခုနှစ်မှာ ကာရာဘောင်းဖလားနဲ့ အက်ဖ်အေ ဖလားတို့ကိုသာ ရယူနိုင်ခဲ့ပါတယ်။

မန်ချက်စတာစီးတီး အသင်းဟာ ယာဂျန်ကလော့ရဲ့ အသင်းကို ကျော်လွန်ပြီး ပရီးမီးယားလိဂ် ဖလားကို ရယူခဲ့ပါတယ်။ ဒါပေမဲ့ ဆာလတ်က တစ်ဦးချင်း ဆုတံတယဆိပ်တွေဖြစ်တဲ့ အင်္ဂလန်ရဲ့ ဂိုးသွင်းအများဆုံး ဆုကို ပူးတွဲရရှိခဲ့ပါတယ်။ အဆိုပါ ဆုအပြင် သူဟာ ဂိုးဖန်တီးမှု အများဆုံး ၊ တစ်ရာသီ အကောင်းဆုံးဂိုး ၊ FWA နဲ့ PFA ပရိတ်သတ်တွေရဲ့ တစ်နှစ်တာ အကောင်းဆုံး ဆုတို့ကို ရရှိခဲ့ပါတယ်။ ဘယ် ပရီးမီးယားလိဂ် ကစားသမားကမှ အီဂျစ်သားရဲ့ ဂိုးပါဝင် ပတ်သတ်မှု ၃၆ ဂိုးလောက် (၂၃ဂိုး ၊ ဖန်တီးမှု ၁၃ ကြိမ်) မများကြပါဘူး။

ပြီးတော့ သူဟာ သူ့ရဲ့ ပြိုင်ဘက် အားလုံးရဲ့ အထက်မှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၉ နှစ်အရွယ် ကစားသမားဟာ မက်ဒရစ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၂၁-၂၂ ခုနှစ်ရာသီကို နောင်တတွေနဲ့ မှတ်မိနေမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ မက်ဒရစ်ဟာ ၂၀၁၇-၁၈ တုန်းကလည်း လီ​​ဗာပူးကို ၃ဂိုး ၁ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဖလား ရရှိခဲ့ပါသေးတယ်။ ဆာလတ်က တွစ်တာပေါ်မှာ ” တစ်ရာသီတည်းမှာ ပရိတ်သတ်တွေ ၊ အားကစား ဂျာနယ်လစ်တွေရဲ့ အသိအမှတ် ပြုခံရခြင်းဟာ ကျွန်တော် ဘယ်တော့မှ မမေ့မဲ့ အထူးစပရှယ် ရာသီပါ။”

“ကျွန်တော့်ရရှိခဲ့တဲ့ ဒီဆုတံဆိပ် အားလုံးကို ပေးပြီး ဖိုင်နယ်ပွဲစဥ်ကို ပြန်လည်ကစားချင်ပေမဲ့ ဘောလုံးလောကမှာ ဒီလို လုပ်ဆောင်လို့ ရမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လီဗာပူး အသင်းဆီကို ဒီဆုဖလား ဘယ်လောက် ယူဆောင်လာချင်သလဲဆိုတာ ကျွန်တော် စကားလုံးတွေနဲ့တောင် မဖော်ပြနိုင်ပါဘူး။ ဒါပေမဲ့ အဆုံးမှာတော့ ကျွန်တော်တို့ လွဲချော်ခဲ့ပါတယ်။ ခင်ဗျားတို့ရဲ့ အားပေးမှုအတွက် ပရိတ်သတ်တွေ လုံလောက်အောင်မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ”

” ဒါဟာ အရမ်း ရှည်လျားတဲ့ ရာသီတစ်ခု ဖြစ်ပေမဲ့ ကျွန်တော့်အတွက်ကတော့ နောက်ရာသီကို မနက်ဖြန်မှာ ပြန်လည်စတင်ဖို့ ဆုတောင်းမိပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။ ဒါဟာ ဆာလတ်အတွက်သာမက လီဗာပူး အသင်းအတွက်လည်း ခံစားရမဲ့ အဖြစ်အပျက်တစ်ခုပါ။ နောက်ရာသီမှာ ဒီလို စွမ်းဆောင်ရည်တွေနဲ့ ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်။

ZAWGYI: မိုဟာမက်ဆာလတ်ဟာ ယခုနှစ်မှာ သူရရှိခဲ့သမျှ တစ်ဦးချင်းဆုတွေ အားလုံးနဲ့ လဲလှယ်ပြီး ရီးရဲမက်ဒရစ် အသင်းနဲ့ ချန်ပီယံလိဂ် ဖိုင်နယ် ပွဲစဥ်ကို ပြန်လည် ကစားလိုကြောင်း ပြောဆိုခဲ့ပါတယ်။ ဗီနီးရှပ်ဂျူနီယာရဲ့ ဒုတိယပိုင်း သွင်းဂိုးဟာ ပွဲစဥ်ရဲ့ အနိုင်ဂိုး ဖြစ်ခဲ့ပြီး မက်ဒရစ်ဟာ ပဲရစ်မှာ လီဗာပူးကို ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ ရီးရဲမက်ဒရစ် အသင်းရဲ့ ၁၄ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ရရှိခြင်းလည်း ဖြစ်ခဲ့ပါတယ်။