သီယာရီအွန်နရီက ကာရင်ဘန်ဇီမာဟာ စနေနေ့က ရီးရဲမက်ဒရစ် အသင်းနဲ့အတူ ချန်ပီယံလိဂ် ဖလားကို ​ကိုင်မြောက်ခဲ့ပြီးနောက် ရွှေဘောလုံးဆု ပြိုင်ဆိုင်မှုက ပြီးဆုံးသွားပါပြီလို့ ကြေညာခဲ့ပါတယ်။ ဘန်ဇီမာဟာ စတိတ်ဒီဖရန့်မှာ လီဗာပူး အသင်းကို ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီးနောက် ဒီဆာဖလားကို ကိုင်မြောက်နိုင်ခဲ့တဲ့ ဒုတိယမြောက် ပြင်သစ် အသင်းခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ သူ့မတိုင်ခင် ဒီဆုဖလားကို ကိုင်မြောက်နိုင်ခဲ့တဲ့ ကစားသမားကတော့ ၁၉၉၃ ခုနှစ်မှာ မာဆေးနဲ့ အောင်မြင်မှု ရခဲ့တဲ့ ဒီဒီးယားဒက်စ်ချမ့်ပဲ ဖြစ်ပါတယ်။ ကာလိုအန်စလော့တီရဲ့ ရီးရဲမက်ဒရစ် အသင်းကတော့ ကာကွယ်မှု ၉ ကြိမ်အထိ ပြုလုပ်ပေးခဲ့တဲ့ သီဘော့ကော့တွိုက်ရဲ့ လက်စွမ်းကိုတော့ အကြွေးတင်သွားပါပြီ။

ဒါဟာ ၂၀၀၃-၀၄ ခုနှစ် အော့ပ်တာက အချက်အလက်တွေကို စတင် မှတ်တမ်းတင်ကတည်းက အကောင်းဆုံး ချန်ပီယံလိဂ် ဖိုင်နယ် မှတ်တမ်းဖြစ်ခဲ့ပါတယ်။ ဗီနီးရှပ်ဂျူနီယာဟာ ပဲရစ်မှာ အနိုင်ဂိုး သွင်သယူတာ ဖြစ်ခဲ့ပေမဲ့ မက်ဒရစ်အတွက် ၁၄ ကြိမ်မြောက် ဥရောပ ဖလားရရှိခဲ့တာဟာ ရှုံးထွက်အဆင့် ပွဲစဥ်တစ်လျောက် ဘန်ဇီမာရဲ့ ကြိုးပမ်းမှုကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ၃၄ နှစ်အရွယ် တိုက်စစ်မှူးဟာ ပီအက်စ်ဂျီနဲ့ ပွဲစဥ်မှာ ဟတ်ထရစ် သွင်းဂိုး ၊ ချဲလ်ဆီးအသင်းနဲ့ ၂ ​ကျော့ပေါင်း ၄ ဂိုး ၊ ဆီမီးဖိုင်နယ်မှာ အချိန်ပို ပင်နယ်တီ အပါအဝင် စီးတီးအသင်းနဲ့ ပွဲစဥ်မှာ ၃ ဂိုးအထိ သွင်းယူခဲ့ပါတယ်။ ဘန်ဇီမာဟာ ယခုနှစ်ရာသီ ပြိုင်ပွဲစုံမှာ ၅၉ ဂိုး (၄၄ဂိုး ၊ ဖန်တီးမှု ၁၅ ကြိမ်) အထိ ပါဝင် ပတ်သတ်ထားပါတယ်။

ဥရောပ ထိပ်သီး လိဂ် ၅ ခုမှာ သူ့ထက် သာတဲ့ကစားသမားကတော့ သူ့ရဲ့ ပြင်သစ် အသင်းဖော် ကိုင်လီယန်အမ်ဘာပေ (၆၀) တစ်​ယောက်သာ ရှိပါတယ်။ အာဆင်နယ် ဂန္ဓဝင် ကစားသမား အွန်နရီက ယခုနှစ် ရွှေဘောလုံးဆုအတွက် ဘယ်သူက ရရှိသင့်တယ်ဆိုတဲ့ ငြင်းဆိုမှုတွေကို ဘန်ဇီမာက အဆုံးသတ်ပေးလိုက်ပြီလို့ ယူဆခဲ့ပါတယ်။ ဖိုင်နယ် ပွဲစဥ်ပြီးတဲ့နောက် သီယာရီအွန်နရီက စီဘီအက်စ်စပေါ့မှာ ” ပြင်သစ် ဘောလုံး အဖွဲ့အစည်း ဒါမှမဟုတ် မဲပေးနေသေးတဲ့ ဘယ်သူ့ကိုမဆို ကျွန်တော် တစ်ခုတော့ ပြောချင်ပါတယ်။ မဲပေးတာကို ပိတ်လိုက်ပါတော့။ ကာရင်ဘန်ဇီမာက ဒီဆုကို ရနေပါပြီ။ တာ့တာပါ။ ” လို့ ပြောဆိုသွားခဲ့ပါတယ်။

ပြင်သစ် နည်းပြ ဒီဒီးယားဒက်စ်ချမ့်ကလည်း ဘန်ဇီမာဟာ လာမဲ့ နိုဝင်ဘာလမှာ စတင်တော့မဲ့ ကမ္ဘာ့ဖလားမှာ ပြင်သစ်ကို ဦးဆောင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ပြီးတော့ သူက အွန်နရီရဲ့ မက်ဒရစ် တိုက်စစ်မှူးဟာ ဒီဆုကို ရရှိသင့်တယ်ဆိုတဲ့ အဆိုကို ထောက်ခံ ပြောဆိုခဲ့ပါတယ်။ ဒက်စ်ချမ့်က တယ်လီဖုမှာ ” အဖြေက ရှင်းရှင်းလေးပါပဲ။ သူရသင့်တယ်ဆိုတာ လက်ခံပါတယ်။ ဒီ ဆုဖလား အသစ်ကို သူ့ရဲ့ အသင်းနဲ့အတူ အောင်မြင်တဲ့ ရာသီတစ်ခု ဖန်တီးနိုင်ခဲ့ပါပြီ။ သူ လုပ်ပြနိုင်တာတွေကို ပြသခဲ့ပြီး သူဟာ အရမ်းကို ဆုံးဖြတ်ချက် ပြတ်သားတဲ့သူပါ။ သူဟာ ဒီဆုအတွက် ရေပန်းအစားဆုံး ကစားသမား ဖြစ်ပြီးသားပါ။ ပြီးတော့ ဒီဆုနဲ့လည်း ထိုက်တန်ပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၁၄ ရာသီရဲ့ ၁၃ ရာသီမှာ ရွှေဘောလုံးဆုကို ရော်နယ်ဒို ဒါမှမဟုတ် မက်ဆီတို့ကပဲ ရယူခဲ့ကြတာပါ။ ကျန်တစ်ရာသီကတော့ ဘန်ဇီမာရဲ့ အသင်းဖော် လူကာမိုဒရစ်က ၂၀၁၈ ခုနှစ်မှာ ရယူနိုင်ခဲ့ပါတယ်။ ဘန်ဇီမာကတော့ သူ့ရဲ့ တစ်ဦးချင်းနဲ့ အသင်းလိုက် အဆင့်အရ လီဗာပူးရဲ့ မာနေးနဲ့ ဆာလတ်တို့ကို ကျော်ဖြတ်နိုင်ဖို့ လုံလောက်တယ်လို့ ယူဆထားမှာပါ။ ရီးရဲမက်ဒရစ် တိုက်စစ်မှူးက ဘယ်လိုပဲ ဖြစ်ဖြစ် ကျေနပ်မိကြောင်း ပြောဆိုခဲ့ပါတယ်။ သူက ကန်နယ်ပလက်စ်မှာ ” ကျွန်တော့်ရဲ့ ရာသီက ပြီးဆုံးသွားပါပြီ။ အခု ကျွန်တော့်ရဲ့ နိုင်ငံအသင်းနဲ့ ပူးပေါင်းတော့မှာပါ။ ကလပ်အဆင့်မှာတော့ ကျွန်တော် ပိုကောင်းအောင် မလုပ်နိုင်ဘူးလို့ ထင်ပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပေမဲ့ ကျွန်တော် အောင်မြင်ခဲ့တာတွေအတွက် ဂုဏ်ယူမိပါတယ်။ ” လို့ပြောဆိုခဲ့ပါတယ်။

ZAWGYI: သီယာရီအွန်နရီက ကာရင်ဘန်ဇီမာဟာ စနေနေ့က ရီးရဲမက်ဒရစ် အသင်းနဲ့အတူ ချန်ပီယံလိဂ် ဖလားကို ​ကိုင်မြောက်ခဲ့ပြီးနောက် ရွှေဘောလုံးဆု ပြိုင်ဆိုင်မှုက ပြီးဆုံးသွားပါပြီလို့ ကြေညာခဲ့ပါတယ်။ ဘန်ဇီမာဟာ စတိတ်ဒီဖရန့်မှာ လီဗာပူး အသင်းကို ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီးနောက် ဒီဆာဖလားကို ကိုင်မြောက်နိုင်ခဲ့တဲ့ ဒုတိယမြောက် ပြင်သစ် အသင်းခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ သူ့မတိုင်ခင် ဒီဆုဖလားကို ကိုင်မြောက်နိုင်ခဲ့တဲ့ ကစားသမားကတော့ ၁၉၉၃ ခုနှစ်မှာ မာဆေးနဲ့ အောင်မြင်မှု ရခဲ့တဲ့ ဒီဒီးယားဒက်စ်ချမ့်ပဲ ဖြစ်ပါတယ်။ ကာလိုအန်စလော့တီရဲ့ ရီးရဲမက်ဒရစ် အသင်းကတော့ ကာကွယ်မှု ၉ ကြိမ်အထိ ပြုလုပ်ပေးခဲ့တဲ့ သီဘော့ကော့တွိုက်ရဲ့ လက်စွမ်းကိုတော့ အကြွေးတင်သွားပါပြီ။